-->
×

Warning

JUser: :_load: Unable to load user with ID: 29


အောင်မြင်စပြုလာရင် မလုပ်သင့်တော့တဲ့ အချက်တစ်ချို့

အောင်မြင်စပြုလာရင် မလုပ်သင့်တော့တဲ့ အချက်တစ်ချို့ google.com

ဘယ်သူမဆို ဘဝမှာ အောင်မြင်ချင်တာချည်းပါပဲ။ ဘဝမှာ အောင်မြင်ဖို့အတွက် ဘယ်လိုလုပ်ရမှလဲ။

အောင်မြင်ဖို့အတွက် လုပ်ရမယ့်အရာတွေ အများကြီးရှိသလို မလုပ်သင့်သောအရာတွေလည်း

အများကြီးရှိပါတယ်။

ဘဝမှာ အောင်မြင်စပြုလာရင် မလုပ်သင့်သောအချက်အချို့ကို တင်ပြလိုက်ပါတယ်။

 

( ၁ )သူတပါးရဲ့အောင်မြင်ခြင်းကို အားကျပါ ။ သို့သော်……။

သူငယ်ချင်းပဲဖြစ်ဖြစ် အသိမိတ်ဆွေပဲဖြစ်ဖြစ် သူတို့ကအောင်မြင်ပြီးတော့ နေတဲ့အိမ်၊ သုံးတဲ့ပစ္စည်း၊ စီးတဲ့ကား စသည်ဖြင့် သူလိုနေထိုင်ချင်တယ်လို့ အားကျမိမှာပါ။

သူချည်းပဲ နေရာရနေတယ်လို့ မနာလိုပဲဖြစ်မိမှာပါ။

ကိုယ့်မှာတော့ ဘာမှမရှိသလို ကိုယ့်အလုပ်နဲ့တောင် အနိုင်နိုင်ဖြစ်နေတဲ့ဘဝကို စိတ်ပျက်မိတဲ့အခါမျိုးလေးတွေ ကြုံတွေ့ရမှာပါ။

စိတ်ဓာတ်မကျပါနဲ့။ ကိုယ်လုပ်စရာရှိတာကို အာရုံစိုက်ပြီး သေသေချာချာ ဂရုတစိုက်လုပ်ပါ။

ကိုယ်ရဲ့ကြိုးစားမူအပေါ်မူတည်ပြီး ကိုယ်လည်းအောင်မြင်မှာပါ။

 

( ၂ ) သူတပါးရဲ့ချီးကျုးအားပေးမူကို လိုချင်လို့လုပ်တာ မဖြစ်စေနဲ့။

လူဟာ သူတပါးရဲ့ အားပေးမူ ချီးကျူးမူကို လိုအပ်သူချည်းပါပဲ။

ဒါကိုပဲ တောင့်တနေရင်တော့ ဘယ်သူမှ ကိုယ့်ကို အားပေးမဲ့သူမရှိတော့ဘူးလို့ တွေးခဲ့ဘူးတဲ့အချိန်လည်းရှိမှာပါ။

လူစိမ်းက ကိုယ့်ရဲ့ဘဝအကြောင်းကို ကောင်းကောင်းမသိပါ။

သိတယ်ဆိုတာကလည်း ကိုယ့်ဘဝရဲ့ အပိုင်းတစ်ပိုင်းဖြစ်ပါလိမ့်မယ်။

ဒါကြောင့် ကိုယ့်ကိုကိုယ်သာ အားပေးပါ။

ယုံကြည်မူတွေနဲ့ပြည့်ဝနေတဲ့ လူတစ်ယောက်ကို ဘယ်သူမဆို အားပေးချီးမြှောက်ပါလိမ့်မယ်။

 

( ၃ ) ဘဝကို စိတ်ပျက်မနေပါတော့နဲ့။

လက်ရှိဘဝကို အားမရဖြစ်နေပါသလား။ တစ်ခုအကြံပေးပါရစေ။

ကိုယ့်ရဲ့အမြင်ကို နည်းနည်းပြောင်းကြည့်လိုက်ပါ။

ဥပမာ - စကားများသောအထက်အရာရှိ၊ သူကကိုယ့်ကို တိုးတတ်စေချင်လို့ပြောနေတာလို့ အမြင်လေးကိုပြောင်းကြည့်ပါလား။

ကိုယ့်ရဲ့နေ့စဉ်ဘဝလေးက ဘာရယ်လို့မဟုတ်ပဲ ပြည့်စုံလာပါလိမ့်မယ်။

 

( ၃ ) အမြဲတမ်း စိတ်ဆိုးမနေပါတော့နဲ့။

အတိတ်မှာ ဖြစ်ခဲ့တဲ့ကိစ္စတွေကို ပြန်တွေးပြီး ဒေါသတွေ ထွက်မနေပါနဲ့။

အတိတ်မှာဖြစ်ခဲ့သောကိစ္စတွေဟာ ကိုယ့်ဘဝဇာတ်လမ်းရဲ့ အပိုင်းတစ်ပိုင်းသာ ဖြစ်မှာပါ။

လာမည့်အပတ်မှာလည်း ဇာတ်လမ်းသစ်ကလာဦးမှာ မဟုတ်လား။

အဲဒါကြောင့် ကိုယ့်ရဲ့ဘဝစာအုပ်ကို မပိတ်ပဲ နောက်တစ်မျက်နှာလှန်လိုက်ရအောင်နော်။ အောင်မြင်ချင်တယ်ဆိုရင်တော့ အပြုံးတစ်ပွင့်

အမြဲတမ်း ဆောင်ထားပေးပေါ့။

 

( ၄ ) မကောင်းသောသူများနဲ့ အဆက်ဖြတ်နိုင်အောင် ကြိုးစားပါ။

ဘဝက သာယာရန်အတွက် ပျော်ရွှင်ဖို့လိုအပ်ပါတယ်။

အဲဒီအတွက် သူငယ်ချင်း အပေါင်းအသင်းဆိုတာလည်း အရေးကြီးပါတယ်။

တွေ့လိုက်ရင် သူတပါးမကောင်းကြောင်းတွေကိုပဲ ပြောနေသောသူဆိုတာ ဘယ်လိုလူဖြစ်မလဲဆိုတာ ပြောစရာတောင်မလိုဘူးလို့ထင်ပါတယ်။

Read-ငွေက ဘယ်လိုလူတွေနဲ့ အတူနေချင်ပါသလဲ???

( ၆ ) မလိမ် မညာပါနဲ့။

အမြဲတမ်း လိမ်ညာနေရင်တော့ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားဆိုတာ ဘယ်လိုဖြစ်လာမှာလဲ။

သူများတွေလည်း လိမ်ပြောနေတာပဲလို့မတွေးပါနဲ့။

ကိုယ်ကျင့်တရားကောင်းမှသာလျှင် သူတပါးကလည်း ကိုယ့်ကို ယုံကြည်မှာပါ။

အရေးကြီးဆုံးကတော့ ---

''အရာအားလုံးထံမှ သင်ခန်းစာယူခဲ့ပြီး ပြန်လည်အသုံးချတတ်ပါစေ´´

Read times
Rate this item
(2 votes)