-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်အတွက် Success ဆိုတာ ဘာလဲ?

သင့်အတွက် Success ဆိုတာ ဘာလဲ? google.com

သင့်အတွက် S-U-C-C-E-S-S ဆိုတာ

S= S-ee your goal

U= U-nderstand the obstacles

 

C= C-reate a positive attitude

C= C-lear the doubts in your mind

E= E-mbrace the challenge

S= S-tay on track

S= S-how the world you can do it

 

S(See your goal)

သေချာပါတယ်။ အောင်မြင်ဖို့အတွက် အရင်ဆုံးလိုအပ်တာ သင့်ရဲ့ ရည်မှန်းချက်ပါပဲ။

သင်ဘာဖြစ်ချင်လဲ သင့်ကိုယ်သင်မေးပါ။ ရင်ထဲက ဖြစ်လာတဲ့ ဆန္ဒတစ်ခုဟာ သင့်ဘဝမှာ အောင်မြင်ဖို့အတွက် ပန်းတိုင်တစ်ခုပါပဲ။

 

U(Understand the obstacles)

အဲဒီ့ပန်းတိုင်တစ်လျှောက် ဘယ်လိုအခက်အခဲတွေ၊ အတားအဆီးတွေ ကြုံလာနိုင်မလဲဆိုတာ သိထားရပါမယ်။

ဒါမှလည်းပဲ ကိုယ့်အတွက် ကြိုတင်ပြင်ဆင်ထားလို့ရမှာပါ။ ဒီလို ကြိုတင်ပြင်ဆင်မှုတွေဟာ တကယ်တမ်း အခက်အခဲတွေကို နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်လာရချိန်မှာ အရမ်းအသုံးဝင်တဲ့ ပြင်ဆင်မှုတွေ ဖြစ်မှာပါ။

 

C(Create a positive attitude)

အပြုသဘောဆောင်တဲ့ စိတ်တစ်ခု လိုအပ်ပါတယ်။ ဒီပန်းတိုင်ကို သွားတဲ့ လမ်းမှာ စိတ်ဓာတ်တွေကျမယ်၊ အားငယ်စရာတွေကြုံမယ်။

အရှုံးပေးချင်လောက်အောင် ဖြစ်နိုင်တဲ့ အတွက် ခိုင်မာတဲ့ စိတ်ဓာတ်တစ်ခုကို တစ်ခါတည်း ပြင်ဆင်သွားရပါမယ်။

 

C(Clear the doubts in your mind)

လူတွေက မလုပ်နိုင်ပါဘူး လို့ ထပ်တလဲလဲ ပြောမယ်။

လူတွေက ဝေဖန်မယ်။ တိုက်ခိုက်မယ်။

ဒီစကားသံတွေက တစ်ဆင့် သင့်ကိုယ်သင် သံသယဝင်လာမယ်ဆိုရင် သင်လိုချင်တဲ့ နေရာရောက်ဖို့ ခဲယဉ်းသွားပါပြီ။ သင့်ရဲ့ လုပ်နိုင်စွမ်းရည်အပေါ် ဘယ်တော့မှ သံသယမဝင်ပါနဲ့။

 

E(Embrace the challenge)

အောင်မြင်ချင်ရင် အားထုတ်ရမယ်။ အခက်အခဲတွေကို ကျော်လွှားရမယ်။

စိန်ခေါ်မှုတွေကို လက်ခံရင်ဆိုင်နိုင်စွမ်း ရှိရမယ်။

ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ ဒါတွေကို လုပ်နိုင်ဖို့ လုံလောက်တဲ့ စွမ်းအားတွေမရှိသေးဘူးလား? ရှိအောင်အားထုတ်လိုက်ပါ။

လိုအပ်တဲ့ စွမ်းရည်မှန်သမျှဟာ သင်ကြိုးစားယူလို့ရတဲ့ အရာတွေပါ။ အဲ့ဒါကို ယုံပါ။

 

S(Stay on track)

အရေးကြီးပါတယ်။ အရှုံးတွေနဲ့ ကြုံမှာဖြစ်လို့ စိတ်ဓာတ်ကျပြီး လက်မလျှော့ဖို့ လိုပါတယ်။ ပြန်ထပါ။

ဦးတည်ရာ လမ်းကြောင်းပေါ် ပြန်လျှောက်ပါ။ တစ်နေ့တော့ ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ စိတ်ကိုမွေးပါ။

 

S(Show the world you can do it)

သင်လုပ်နိုင်ခဲ့ပြီ အောင်မြင်မှုနဲ့ ထိုက်တန်ခဲ့ပြီဆိုတဲ့အကြောင်း သက်သေပြလိုက်ပါ။

Recommended for you-ဒီနေ့ပဲ ယုံကြည်မှုကို သင့်အိတ်ထဲ ထည့်ပြီး အောင်မြင်မှုကို ရယူလိုက်ပါ

Credit; Original Writer

ကျွန်တော်တို့ MMRD မှ Myanmar Advertising Directory စာအုပ်များအပြင် အခြားသော စာအုပ်များလည်း ထွက်ရှိလာပါပြီနော်...။

Directory Book 1

 

 

Read times
Rate this item
(1 Vote)