-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့် ဆိုင်ရဲ့ ဝင်ငွေရလမ်းကို Online ကတစ်ဆင့် အဆများစွာ ချဲ့ထွင်လိုက်ပါ!

သင့် ဆိုင်ရဲ့ ဝင်ငွေရလမ်းကို Online ကတစ်ဆင့် အဆများစွာ ချဲ့ထွင်လိုက်ပါ! google.com

စားသောက်ဆိုင် ဖွင့်ဖို့ အစီအစဉ်ရှိနေပြီလာ?  လက်ရှိဖွင့်ထားပြီးသားလား?

ဒီလိုလုပ်ဖို့ ငွေကြေးအားဖြင့် အခမဲ့ကနေ (သင့်ဆိုင်က 2 stars, 3 stars ဆိုင်ဆိုရင်) စားပွဲဝိုင်း ၅ ၀ိုင်းစာခန့်သာ လစဉ် ရင်းနှီးဖို့ ယေဘုရအားဖြင့် လိုအပ်မှာ ဖြစ်ပါတယ်။

တနည်းအားဖြင့် သင့်ဆိုင်ဟာ တစ်ရက် စားပွဲဝိုင်း ၂၀ လောက်ရောင်းအားရှိတယ်ဆိုရင် တစ်လလုံးထဲမှာ တစ်ရက်ရောင်းအားရဲ့ လေးပုံပုံ တစ်ပုံခန့်သာ အခြေခံအားဖြင့် ရင်းနှီးဖို့ လိုတာပါ။

 

(၁) Social Media Page များထောင်လိုက်ပါ။ အားလုံးသိပြီးအတိုင်းပဲ အနည်းဆုံးတော့ Facebook နဲ့ Instagram ရှိသင့်ပါတယ်။ Website ရှိရင် တော့ ပိုပြည့်စုံပါတယ်။

သို့ သော် technical နဲ့ ကုန်ကျစရိတ် မတတ်နိုင်ရင်တော့ ဒုတိယ ဦးစားပေးအနေနဲ့သာ ပြုလုပ်သင့်ပါတယ်။

 

(၂) စားချင်ဖွယ် ပုံ များတင်ပါ။ ပုံ quality ကောင်းပါစေ။

 

(၃) Customer Generated Content များကို Page များရှယ်ပါ။ ဘာပြောချင်တာလဲဆိုတော့ လာစားတဲ့ သူတွေ က သူတို့ ပျော်ပျော်ပါးပါး စားတဲ့ပုံ၊ Couple ပုံ လေးတွေ၊ ကိုယ့်ရဲ့ Food Delivery စားသုံးသူလက်ထဲရောက်တဲ့အခါ

ဖေ့စ်ဘွတ်မှာ ပြန်တင်တဲ့ပုံလေးတွေ၊ ဆိုင်တွင်း မွေးနေ့ပွဲ ပုံလေးတွေ ကို Page မှာ ပြန်ရှယ်ပါ။ ခွင့်တောင်းဖို့ လိုအပ်ရင် ခွင့်တောင်းပြီးမှ ရှယ်ပါ။

 

(၄) Customer တွေရဲ့ Comment နဲ့ Review တွေကို reply လုပ်ပေးပါ။ ဒီနေရာမှာ သတိတော့ထားရတယ်။

Public Relation အမြင်လေးနဲ့ စာပြန်ပေးပါ။ Negative comment တွေဆို ပို အလေးထား ပြန်ပေးပါ။ လျစ်လျူရှုသင့်တဲ့ ဟာတော့ ပြန်စရာမလိုပါဘူး။

 

(၅) ကိုယ့် social media page တွေကို follow လုပ်တဲ့သူတွေ အတွက် သီးသန့် promotion coupon များထုတ်ပေးပါ။ သူတို့ တွေဟာ

သင့်ရဲ့ ဆိုင် ကောင်းသတင်း၊ ရနိုင်တဲ့ menu နဲ့ တည်နေရာ လိပ်စာကို သူတို့ ရဲ့ မိသားစု၊ သူငယ်ချင်း၊ network ထဲကို အခမဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချီ ပေးမယ့် သူတွေဖြစ်တယ်။

 

(၆) နံပတ် (၅) နဲ့ ဆက်စပ်ပါတယ်။ Online မှာ campaign များများ run ပါ။ အပြင်မှာ ကြောငြာတာထက် အွန်လိုင်မှာ ကြော်ငြာတာ က ကုန်ကျစရိတ်သက်သာပြီး ပိုထိရောက်ပါတယ်။

ဥပမာ… Check-in Campaign, Tag and Share Campaign အစရှိသဖြင့်ပေါ့ - ဆိုင်ကို check in လုပ်ပေးတာ၊ menu ပုံ ရိုက်ပြီး Share ပေးရင် နောက်တစ်ခါလာစားတဲ့အခါ menu တစ်ခုကို 5 + 1 ပေးတာမျိုး ပေါ့။ ဘယ်လောက်ကောင်းထားလဲ?

နောက်တစ်ခါလည်း ပြန်လာစားမယ်။ သူငယ်ချင်း၊ မိသားစု ငါးဦးပါ ထပ်ပါလာမယ်။

 

(၇) လုပ်နိုင်ရင် member card စီစဉ်ထားရှိပါ။ member card ကိုအွန်လိုင်းမှ ရအောင် လုပ်နိုင်ရင် ပိုကောင်းပါတယ်။

online ပဲ ဖြစ်ဖြစ် ရိုးရိုး member card ပဲဖြစ်ဖြစ် card ထဲ က customer ရဲ့ အီးမေလ်၊ ဖုန်းနံပတ် (viber ဆိုပါစို့) ကတဆင့် Offer များ deal များ special menu များ ပေးပို့ပါ။ လက်ခံရရှိသူ အနှောက်အယှက်မဖြစ်အောင်တော့ သတိထား လုပ်ဆောင်ပါ။

member card ကနေတဆင့် ကိုယ့်ဆိုင်ရဲ့ ဖောက်သည်တွေ အကြောင်းလည်း ပိုနားလည်လာမယ်။ လာစားသူတွေသည် ကျောင်းသားတွေလား၊ ၀န်ထမ်းတွေလား၊ကိုယ်ပိုင်လုပ်ငန်းရှင်တွေလား၊

ဘယ်နေရာက လူတွေလဲ ဆိုတာကို Pie Chart တွေ Analysis တွေလုပ်ပါ။ မလုပ်တတ်ရင် Google Forms တွေကို သုံးပါ။ auto analysis ရပါတယ်။ မပင်ပန်းတော့ဘူးပေါ့။

 

(၈) မိမိ ဆိုင်သည် သန့်ရှင်းရေး ကို ဘယ်လို ဂရုစိုက်ကြောင်း၊ ဟင်းသီးဟင်းရွက် သားငါးများကို မည်ကဲ့သို့ စနစ်တကျ ရွေးချယ်ဝယ်ယူကြောင်း၊

စားသုံးသူများကို မည်သို့ စေတနာထားကြောင်း အစရှိသည့် စားသုံးသူ စားသောက်ဆိုင် ရွေးချယ်မှုတိုင်းမှာ စဉ်းစားတတ်တာတွေကို လိုတိုရှင်း ရေးပြီး post တင်ပါ။ Photo ကောင်းကောင်းသုံးပါ။ ကုန်ကျစရိတ် တတ်နိုင်ရင် video ပါ သုံးပါ။

 

(၉) Trending topics လေးတွေ လည်း တင်ပေးပါ။ ရာသီခါမီ post များ၊ Public Event နဲ့ ချိန်သားကိုက် post များ တင်ပါ။

 

(၁၀) Social Page များ ထောင်သည့်အခါ customer များ ကြည့်ရလွယ်ကူပြီး less than 10 Seconds အတွင်း ကိုယ့်ဆိုင် တည်နေရာ၊ Offers/Deals နဲ့ Special Menu ကို မြင်ရအောင် ဖွဲ့စည်းတည်ဆောက်ပါ။

အများစုက Page အပေါ်မှာ 5 seconds ကနေ 8 seconds အထိပဲ ကြည့်ကြလို့ပါ။ ကိုယ်စိတ်ဝင်စားတဲ့ post တွေမှပဲ နည်းနည်း ကြာကြာလေးကြည့်ပါတယ်။

 

(၁၁) မြန်မာပြည်မှာတော့ အရမ်းကြီးတော့ ခေတ် မစားသေးဘူး။ ဒါပေမယ့် အတိုင်းအတာ တစ်ခု ထိ စိတ်ဝင်စားကြပါတယ်။ အဲ့ဒါကတော့ nutrition နဲ့ ingredient information လေးတွေ post တင်ပေးပါ။

 

(၁၂) Socia Media တွေ အပြင် Search Engine တွေမှာပါ ရှာရလွယ်အောင် “#” Hashtag ကိုသုံးပါ။ ဆိုင်နာမည် (brand) နဲ့ ဆိုင်ရဲ့ Theme တွေ နဲ့ ကိုက်မယ့် Hashtag တွေ တော့ ဖန်းတီး ရပါမယ်။

 

(၁၃) ဆိုင်လူနည်းသည့် အချိန်များကို မှတ်သားထားပြီး ထိုအချိန် လူများအောင် လုပ်ဆောင်သည့် offer များကိုလည်း အွန်လိုင်းတွင် ကြော်ငြာပါ။ ဥပမာ Happy Hours လိုဟာမျိုးပေါ့။

 

(၁၄) Customer အသစ်ရရှိရေး အစီအစဉ်များဆွဲပြီး အွန်လိုင်းတွင်ကြော်ငြာပါ။ ဥပမာ First Time Customer Program လိုဟာမျိုးပါ။

 

(၁၅) Food Festivals များတွင်ပါဝင် ဆင်နွှဲပါက တစ်လခန့် ကြိုတင်ပြီး အွန်လိုင်းမှာ ကြော်ငြာဖို့ကို မမေ့ပါနဲ့။

 

(၁၆) ဆိုင်လာပြီး ပိုက်ဆံချေမှ အရောင်းအ၀ယ် (သို့ ) အော်ဒါ လုပ်လို့ရတဲ့ အနေအထားကို အခုပဲ အဆုံးသတ်လိုက်ပါတော့ ။

 ငွေ ၀င်ပေါက် က တစ်ပေါက်ထဲ က လက်ခံတော့ ရေအများအကြီး ကျ လာတော့ ပုလင်းလေးနဲ့ ခံသလိုဖြစ်နေမယ်။ အွန်လိုင်းက နေ အော်ဒါ မှလို့ ရအောင် ပိုက်ဆံ ချေလို့ရအောင်၊ booking တွေ reservation တွေ လုပ်လို့ရအောင် ကြံဆောင်ပါ။

 

(၁၇) ကိုယ့်ဆီ လာမှာ တာကို ထိုင်စောင့်နေတာကိုလည်း အခုပဲ ရပ်လိုက်ပါ။ ဥပမာ အွန်လိုင်းကနေတဆင့်ပဲ ပွဲစီစဉ်သူများ၊ company များကို စာရင်းလုပ်ပြီး ကိုယ့်ဆိုင်ရဲ့ menu များနဲ့ service/Offer များကို email marketing သို့ ဖုန်းဖြင့်  direct marketing လုပ်ပါ။

ဈေးကွက်ရဖို့ အပြင် ကိုထွက်တိုက်ပါ။

 

(၁၈) အပေါ်က ပြောထားတာတွေကို ဖေ့စ်ဘွတ်မှာ လုပ်ဖြစ်ရင် ပိုက်ဆံ အနည်းငယ်သုံးပြီး Boost ပါ။ မနှမြောပါနဲ့။ သက်ရောက်မှုက သိသာလို့ပါ။

ဒီနေရာမှာ နည်းပညာပိုင်း အနည်းငယ် နားလည်ဖို့တော့ လိုပါတယ်။ မဟုတ်ရင် ကြော်ငြာစရိတ် သုံးတဲ့ ငွေနဲ့ ပြန်ရချက် ထင်သလောက် မကိုက်တာမျိုးဖြစ်တတ်ပါတယ်။

 

(၁၉) ဟင်… အပေါ်က ပြောထားတာတွေ က ရန်ကုန် နဲ့ မန်းလေးအတွက်ပဲ အဆင်ပြေမယ် အခြား နယ်ဆိုင်တွေ အတွက် အဆင်ပြေပါ့မလား တွေးနေတယ်ဟုတ်။

လုံး ၀ မတွေးလိုက်ပါနဲ့ ။ နယ်ဆိုတာ ဟာ Land Mark Level ထိပေါက်ဖို့ ရန်ကုန် မန်းလေးထက် လွယ်ပါတယ်။ အပေါ် က Effort လေးတွေ လိုက်လုပ်ကြည့်ပါ။

ကိုယ် အားစိုက်ရင် အားစိုက်သလောက် … ဟာ ဒီ မြို့ရောက်ရင် ဒီဆိုင်ကို သွားစားလိုက်ရမှ ဆိုတဲ့ Land Mark Branding ထိ ပေါက်နိုင်အောင် Online/Social Media ကနေ အများကြီး ထောက်ပံ့ပေးနိုင်ပါတယ်။

ဥပမာ-ပဲခူးရောက် ရင် ဆရာမကြီး ထမင်းဆိုင် သွားစားလိုက်ရမှ…. တောင် ကြီး ရောက်ရင် ကိုယ့်ဧည့်သည့်ကို Sunset WineGarden Restaurant at Aythaya Vineyard ကို လိုက်ပို့ လိုက်ရမှ စသဖြင့်ပေါ့။

 

(၂၀) ဟင်… စားသောက်ဆိုင်လုပ်တာ online မှာ အဲ့လောက် လိုလို့ လား တွေးနေတယ်ဟုတ်??? Data လေးနည်းနည်းပြောပြမယ်။

 

အင်တာနက် အသုံးပြုသူ -

၈၃% ဟာ စားသောက်ဆိုင်နဲ့ Menu ကို ရွေးချယ်ဆုံးဖြတ်ဖို့ Online ကို အသုံးပြုကြပါတယ်။

၆၇% ဟာ အွန်လိုင်းမှာ စားသောက်ဆိုင်အကြောင်း ဖတ်ရှုကြပါတယ်။

၆၄% ဟာ အွန်လိုင်း ကြောငြာ Ad ကိုကြည့်ပြီး စားသောက်ဆိုင် အသစ်ကို သွားရောက်စားသောက်ကြတယ်။

အယ် … ဒါက တော့ အမေရိကန် နိုင်ငံက ဒေတာ ပါ။ ဒါပေမယ့် မြန်မာနိုင်ငံမှာလည်း အဲ့လောက်မဟုတ်တောင် စားသောက်ဆိုင်၊ အစားအသောက်နဲ့ ပတ်သက်လို့ စားသုံးသူတွေဟာ online/social media မှာ Followers အရမ်းများပြီး Engagement အရမ်းကောင်းရပါတယ်။

ဒါကြောင့် Food/Restaurant Page တွေဆို audience တွေ Follower တွေ တက်လွယ်ပါတယ်။
နောက်ဆုံး ပြောချင်တာလေးကတော့ အပေါ်ကပြောထားတာတွေဟာ အသုံးတည့်ထိရောက်ပြီး ကုန်ကျစရိတ် နည်းနည်းနဲ့ လုပ်လို့ ရတာလေးတွေ တင်ပြထားတာပါ။

အခြား လုပ်လို့ရတာတွေ အများကြီး ရှိပါသေးတယ်။ လုပ်သင့်တဲ့ အချက်လေးတွေ ရှိရင် အောက် မှာ မန့်ပေးကြပါ။

Recommended for you-ပိုက်ဆံတပြားမှမကုန်ပဲ ကိုယ့် Page မှာ like ၊ follower တွေများအောင် ဘယ်လိုဆွဲဆောင်မလဲ

Source; atomandsuit

ကျွန်တော်တို့ MMRD မှ Myanmar Advertising Directory စာအုပ်များ အပြင် အခြားသော စာအုပ်များလည်း ထွက်ရှိနေပါပြီနော်...။

 

Directory Book 1

Read times
Rate this item
(1 Vote)