-->
×

Warning

JUser: :_load: Unable to load user with ID: 29


အောင်မြင်တဲ့ လမ်းကြောင်းပေါ်လျှောက်နိုင်ဖို့ ဘာတွေလုပ်ရမလဲ?

အောင်မြင်တဲ့ လမ်းကြောင်းပေါ်လျှောက်နိုင်ဖို့ ဘာတွေလုပ်ရမလဲ? google.com
အောင်မြင်တဲ့ စွန့်ဦးလုပ်ကိုင်သူ တယောက်ဖြစ်ဖို့ ဆိုရင် အမြဲတမ်း အကောင်းဆုံး ကြိုးစားရမယ်။
 
ဒါပေမယ့် သင့်ရဲ့ အောင်မြင်မှုဟာ customer ၊ယှဉ်ပြိုင်သူတွေရဲ့ သနားညှာတာမှုတခုလို့ ခံစားမိနေရင် အကောင်းဆုံးကြိုးစားတယ်ဆိုပေမယ့် ဘယ်လိုခြားနားချက်မျိုးမှ ထွက်လာမှာ မဟုတ်ပါဘူး။
 
အကောင်းမြင်စိတ်ကိုလက်ကိုင်ထား၊ အမြဲ စူးစူးစိုက်စိုက်နဲ့ လုပ်ဆောင်ရင်း အောင်မြင်မှုအတွက် လိုအပ်တဲ့ စွမ်းရည်တွေကို ဖန်တီးနိုင်မှာပါ။
 
 
 
မဆုတ်မနစ်ကြိုးစားလုပ်ဆောင်တတ်အောင် လေ့ကျင့်ပါ
 
လူတွေလုပ်လေ့ရှိတဲ့ အမှားတခုက ဇွဲမရှိခြင်းပါဘဲ။ ကြိုးစားတယ်၊ မရရင် လက်လျှော့လိုက်ကော။
 
စွန့်ဦးလုပ်ကိုင်သူတဦးအနေနဲ့ အိမ်မက်တွေ တကယ်ဖြစ်လာတဲ့အထိ အကောင်အထည်ဖော်ဖို့ မဆုတ်မနစ် ကြိုးစားလုပ်ဆောင်တတ်အောင်လေ့ကျင့်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
 
မိမိအိမ်မက်တွေကို မိမိကိုယ်တိုင် ယုံကြည်မှုရှိရမယ်။
 
 
 
မိမိကံကို မိမိကိုယ်တိုင် ဖန်တီးပါ
 
ကံကောင်းခြင်းကို ဖန်တီးတယ်ဆိုတာ အရေအတွက် ကစားပွဲပါဘဲ။
 
အခွင့်အရေးတွေကို ပိုပြီး ဖန်တီးနိုင်လေလေ စွန့်ဦးစီးပွားရေးလောကမှာ ကံစမ်းခွင့် ပိုများလေလေပါ။
 
သင့်ကိုယ်သင်ကော သင့်ရဲ့ စီးပွားရေးလုပ်ငန်းတွေကောပါ လမ်းကြောင်းများစွာပေါ်မှာ တွန်းတင်ထားခြင်းအားဖြင့် အောင်မြင်မှုဆီကို သွားတဲ့လမ်းကြောင်းတွေကို တွေ့ရှိလာမှာ ဖြစ်ပါတယ်
 
 
 
အခြားသူတွေ မလုပ်တဲ့အရာကို လုပ်ပါ
 
မအောင်မြင်တဲ့သူတွေလုပ်ဖို့ ဆန္ဒမရှိတဲ့ ၊ မလုပ်ချင်တဲ့ အလုပ်ကိုလုပ်ခြင်းဟာ အောင်မြင်မှုရဖို့  အဓိကသော့ချက်ပါဘဲ။
 
အရာရာတိုင်းကို လိုက်လုပ်နေစရာမလိုပါဘူး။ မှန်ကန်တဲ့ အရာကိုလုပ်ဖို့ ဘဲ လိုအပ်ပါတယ်။
 
 
 
ကျရှုံးမှာကို မကြောက်ပါနဲ့
 
စွန့်ဦးလုပ်ကိုင်သူအများစုဟာ ကျရှုံးမှာကို မကြောက်ကြပါဘူး။
 
ကြောက်တယ်ဆိုရင် သူတို့ ဟာ သူတပါးဆီမှာ အလုပ်လုပ်ပြီး ပုံမှန်လစာထိုင်ယူနေမှာပါ။
 
ကျရှုံးမယ်ဆိုတာကို ခေါင်းထဲမှာ ထားပြီး လုပ်ဆောင်ရင်ပါ။
 
ကျရှုံးခဲ့ရင်လည်း အမှန်တရားကိုလက်ခံလာနိုင်တယ်၊ ပိုပြီး မိမိကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ လုပ်ဆောင်လာနိုင်ပါတယ်။
 
အောင်မြင်မှုကို နေသာတဲ့နေ့ရက်တွေမှာ မတိုင်းတာရပါဘူး။
 
အောင်မြင်မှုကို မှောင်မဲတဲ့၊ မုန်တိုင်းထန်တဲ့၊ တိမ်ထူတဲ့ နေ့ရက်တွေမှာ တိုင်းတာရမယ်လို့ ဆိုလိုပါတယ်။ ဆိုလိုချက်ကို သဘောပေါက်ကြမှာပါ။
 
 
 
လက်တွဲခေါ်ယူပါ
 
အမြဲလက်မထောင်နိုင်ဖို့ ၊ ခေါင်းမော့နိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ သူတပါးကို လက်တွဲခေါ်ယူခြင်းပါ။
 
စွန့်ဦးလုပ်ကိုင်သူတယောက်အနေနဲ့ အချိန်ဟာ တန်ဖိုးရှိပြီး အချိန်ပိုတယ်ဆိုတာ ရှားပါတယ်။
 
ဒါပေမယ့် သင့်အချိန်ကို သူတပါးကိုပေးမှ သူတပါးကလည်း သူတို့ရဲ့အချိန်ကို သင့်ကို ပေးမှာပါ။
 
ဂျူနီယာတွေကို လက်တွဲခေါ်တာဘဲဖြစ်ဖြစ်၊ လူငယ်အဖွဲ့တွေကို ဟောပြောတာဖြစ်ဖြစ် သင့်ရဲ့ စွန့်ဦးလုပ်ကိုင်သူတဦးအနေနဲ့ အခက်အခဲတွေ၊ အတွေ့အကြုံတွေကို မျှဝေပါ။
 
 
Source; Entrepreneur
Read times
Rate this item
(1 Vote)