-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဗျူဟာကျကျ FA ဘဝကနေ စွန့်လွှတ်ကြမယ် (ဈေးကွက်ဗျူဟာ အဆင့် (၄)ဆင့်)

ဗျူဟာကျကျ FA ဘဝကနေ စွန့်လွှတ်ကြမယ် (ဈေးကွက်ဗျူဟာ အဆင့် (၄)ဆင့်) google.com

ပစ္စည်းတစ်ခုခုဝန်ဆောင်မှုတစ်ခုခုကို ရောင်းမှမဟုတ်ဘူး။

အလုပ်ရှာတဲ့နေရာမှာ ကိုယ့်ကိုကိုယ်ရောင်းရတယ်။ လက်တွဲဖော်ရှာတဲ့နေရာမှာ ကိုယ့်ကိုကိုယ်ရောင်းရတယ်။

ကိုယ့်စာကိုလူကြိုက်များအောင်ရောင်းရတယ်။ ကိုယ့်အတွေးအခေါ်ကိုလူကြိုက်များအောင်ရောင်းရတယ်။

ဘယ်သူမှ ဈေးရောင်းခြင်းနဲ့ ကင်းကွာပြီးမနေနိုင်ဘူး။ ဈေးရောင်းမကောင်းတဲ့သူက ဘယ်နေရာမှ အဆင်မပြေဘူး။

ဒီတစ်ခါ ဗျူဟာမှာ FA တွေ တစ်ကိုယ်တော်ဘဝကိုစွန့်လွှတ်ဖို့အတွက်ပါ သုံးနိုင်တယ်ဆိုတာကို ဥပမာအနေနဲ့ သုံးပြထားတယ်။ အောက်ဆုံးထိရောက်အောင်တော့ ဖတ်ကြည့်ပါ။

အဆင့် (၄)ဆင့်ပဲလိုတယ်။

 

-ပထမဆုံးအဆင့်က ကိုယ့်ရဲ့ အားသာချက်က ဘယ်နေရာမှာလဲဆိုတာကိုအရင်ရှာ။

ဘယ်နေရာမှာအားသာတာလဲ။ အဲဒီအားသာချက်ကို ဘယ်လိုအသုံးချနိုင်မလဲ။

လူတွေလိုအပ်တဲ့နေရာမှာ ဘယ်လိုအသုံးပြုနိုင်မလဲ။

ကိုယ့်ရဲ့ အကျွမ်းကျင်ဆုံး အားသာချက်ကို ပိုက်ဆံရနိုင်တဲ့အရာအဖြစ်အသုံးချနိုင်မလားဆိုတာ။

စကားတစ်ခွန်းရှိတယ်။ "ကိုယ်တော်တဲ့အရာကို ဘယ်တော့မှ အလကားမလုပ်ပေးနဲ့"တဲ့။

ဥပမာ ကျွန်တော်ဆို ဗျူဟာဆွဲတာအားသာတယ်။ ဈေးကွက်ရှာဖွေရေးအားသာတယ်။

အဲဒါကို ပိုက်ဆံရအောင်ဘယ်လိုသုံးမလဲဆိုတော့ ဈေးကွက်ရှာဖွေရေး ဗျူဟာတွေဆွဲပေးရကောင်းမယ်၊

ဈေးကွက်ရှာဖွေရေးလုပ်ရကောင်းမယ်၊ ဝင်ငွေရနိုင်တယ်လို့ စဉ်းစားတယ်။

 

-ဘာကိုမူတည်ပြီး ဈေးကွက်ရှာဖွေမလဲဆိုတာတွေးပြီးရင် အဲဒီလို အမျိုးအစားတူတွေထဲကနေ ကိုယ့်ကိုကိုယ် ဘယ်လိုခွဲထုတ်ပစ်ရမလဲဆိုတာကို ဆက်စဉ်းစားပါ။

ကွဲပြားခြားနားမှုကပဲ အပြိုင်အဆိုင်များတဲ့နယ်ပယ်ထဲမှာရှင်သန်နိုင်မယ်။

ဘာမှမထူးခြားဘူးဆိုရင်တော့ ကိုယ့်ဆီက ဘာလို့ဝယ်ယူမလဲ။ အပေါ်က ဥပမာကိုပဲဆက်သွားမယ်။

ဒီလိုဈေးကွက်ဗျူဟာဆွဲတဲ့သူတွေထဲကမှ ငါ့ကိုယ်ကိုယ် ဘယ်လိုခွဲထုတ်ပစ်ရမလဲဆိုတာစဉ်းစားတယ်။

ဆိုတော့ ကိုယ့်ရဲ့အဓိက ကွဲပြားတဲ့နေရာက အရေးအသားပုံစံရယ်၊ စိတ်ရောကိုယ်ပါနှစ်လုပ်ပေးနိုင်တာရယ်၊

အောင်မြင်ရမယ်လို့ ယုံကြည်ချက်ရှိတာရယ်လို့မြင်တယ်။ ဒါပေမယ့် အဲဒါကို ကာစတာမာကို ဒီအတိုင်းသွားပြောနေလို့မရဘူး။

ဒီတော့ ခွဲထုတ်တဲ့နည်းက အလုပ်အပ်တဲ့သူတွေ စိတ်တိုင်းကျရလဒ်မရှိရင် ပိုက်ဆံပေးစရာမလိုဘူးဆိုတာမျိုး အာမခံလိုက်တယ်။ Risk တော့ယူရတာပေါ့။

 

-ကိုယ့်ဆီမှာ ဘာလုပ်မလဲဆိုတာရယ်၊ ဘယ်လိုခွဲထုတ်ပစ်ရမလဲဆိုတာရယ် ရှိပြီဆိုရင် နောက်တစ်ဆင့်က ဘယ်လိုလူမျိုးတွေက ကိုယ့်ကိုလိုအပ်မလဲဆိုတာကို ခွဲခြားရမယ်။

ဘယ်လိုအသက်အရွယ်တွေလဲ၊ ဝင်ငွေကောင်းသူတွေလား မကောင်းသူတွေလား။ ယောက်ျားလား မိန်းမလား။

အလုပ်များတဲ့သူလား အလုပ်မရှိတဲ့သူလား။ ဘယ်လိုအခက်အခဲမျိုး ကြုံတွေ့နေရသူတွေက လိုအပ်မလဲ။

လူတိုင်းမှာ ကိုယ့်ပစ္စည်း၊ ဝန်ဆောင်မှုကို လိုချင်ရတဲ့ အကြောင်းပြချက်တစ်ခုရှိတယ်။

မဝယ်ရဲတဲ့အချက်တစ်ချက်လည်းရှိတယ်။ မှတ်ထားရမှာက သူတို့ကိုယ့်ပစ္စည်း ဝန်ဆောင်မှုကိုသုံးမယ်ဆိုတာက သူတို့ရဲ့ အခက်အခဲကိုပြေလည်ချင်လို့။

အဲဒါကိုပြေလည်အောင်လုပ်နိုင်မလားအမြဲစဉ်းစား။ ပြောခဲ့တဲ့ဥပမာနဲ့ပဲဆက်မယ်။

လူတွေ ကျွန်တော့်ရဲ့ ဝန်ဆောင်မှုကိုလိုချင်ရတဲ့အကြောင်းက သူတို့ရဲ့ ဈေးကွက်ရှာဖွေရေးမှာပိုပြီး အထောက်အကူဖြစ်စေဖို့။

ဒါပေမယ့် သံသယရှိနေတာကကျတော့ ကျွန်တော့်ကိုငှားရင်ရော အဆင်ပြေသွားမှာလား၊

ငွေကုန်အကျိုးမရှိဖြစ်မှာလားဆိုတာပဲ။ ဖြေရှင်းနည်းက သူတို့လိုချင်ရမယ့်အချက်ကို ဟိုက်လိုက်လုပ်ပြ၊ ကြောက်နေတဲ့အချက်ကိုဖယ်ရှားပေး။

ဥပမာ စွမ်းဆောင်ရည်မတိုးလာဘူးဆိုရင် ငွေပြန်အမ်းပေးမယ်ဆိုတာမျိုး။

 

-ကိုယ့်ရဲ့ အားသာချက်တွေလည်းသိပြီ၊ ဘယ်နေရာမှာသုံးရမလဲဆိုတာတည်းသိပြီ။

ကိုယ့်ကိုကိုယ် သူများတွေနဲ့ ခွဲထုတ်နိုင်မယ့်နည်းလမ်းကိုလည်းတွေးပြီးပြီ၊

ဘယ်လိုလူမျိုးတွေက ကိုယ့်ကိုလိုအပ်မလဲဆိုတာလည်း သိပြီဆိုရင်တော့ နောက်ဆုံးအဆင့်က ကိုယ့်ရဲ့ ရင်းမြစ်တွေကို အသုံးချပြီး အားစိုက်ထုတ်ရတော့မယ်။

 မေးခွန်းသုံးခုကိုစဉ်းစားသင့်တယ်။

 

  • ကိုယ့် customer တွေဆီကို ဘယ်နည်းလမ်းနဲ့က အကောင်းဆုံးရောက်နိုင်မလဲ။
  • ဘယ်မီဒီယာကြားခံကို အသုံးပြုရင်အကောင်းဆုံးဖြစ်မလဲ။
  • ဘယ်လိုပုံစံက ကာစမာတွေအတွက် အစွဲဆောင်နိုင်ဆုံးပုံစံဖြစ်မလဲ။

 

စီးပွားရှာတာမှာပဲ သုံးလို့ရနိုင်တယ်ထင်နေမှာစိုးလို့ FA တွေ ကျွတ်လွတ်နည်းမှာ ဒီနည်းလမ်းကိုသုံးပြမယ်။

  • ကိုယ့်ရဲ့အားသာချက်က စကားပြောကောင်းတယ်။ ကြင်နာတတ်တယ်။
  • ကိုယ်လိုစကားပြောကောင်းသူတွေထဲကနေ ခွဲထွက်နိုင်တာကတော့ ထင်ရာမြင်ရာလျှောက်ပြောနေတာမျိုးမဟုတ်ဘဲ သူ့ဘက်က လိုအပ်ချက်နဲ့ ပြောချင်တာတွေကို သေချာနားထောင်ပြီးမှ ကျကျနန ပြောပြတတ်တာပဲ။
  • ဘယ်လိုလူတွေလိုအပ်မလဲ။ သေချာတာက စကားပြောဖို့ အဖော်လိုနေသူတွေပေါ့။သူတို့ပြောတာကို နားထောင်ပေးပြီး နှစ်သိမ့်ပေးမယ့်သူမျိုး လိုချင်နေတဲ့သူတွေပေါ့။အဲဒီထက်လွယ်တာတောင် အဲဒီလောက်မလွယ်ဘူး။
  • နောက်ဆုံးအဆင့်ကတော့ ဘယ်လိုပုံစံမျိုးလေးနဲ့ မြင်စေရမလဲ၊ ဘယ်နည်းလမ်းကနေချည်းကပ်ရမလဲ၊ ဘယ်လိုလူတွေကတဆင့်ချည်းကပ်သင့်သလဲ။ ပြီးရင်တော့ အချိန်ရယ်၊ အားအင်ရယ်၊ ငွေကြေးရယ် စိုက်ထုတ်ပေတော့။

ဒီလောက် စနစ်ကျတဲ့ဗျူဟာနဲ့မှ မစွံနိုင်ဘူးဆိုရင်တော့လည်း ရှာမနေပါနဲ့တော့။

Admin ကိုတော့ နာမည်မဖျက်နဲ့နော်...။(စတာပါ)

Recommended for you-စားသုံးသူတွေ စိတ်ထဲ စွဲကျန်ရစ်စေမယ့် Marketing နှင့် Brand

Credit; thureinhlaingwin

Read times
Rate this item
(3 votes)