-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်ရဲ့ ရောင်းအား အခုထက်ပိုပြီး ဆပွားတိုးလာချင်လား?

သင့်ရဲ့ ရောင်းအား အခုထက်ပိုပြီး ဆပွားတိုးလာချင်လား? google.com

ကိုယ့်လုပ်ငန်းမှာ “ရောင်းအား” အခုထက် ပိုပြီးဆတိုး တိုးပွားလာချင်တဲ့သူတွေ ဖတ်သင့်ပါတယ် ...အယ့်လယ်

ဒီနေ့ခေတ်မှာ ရောင်းရတာလွယ်သေးလား ?

ဒီနေ့ ဒီအချိန်မှာ ရောင်းရတာ သိပ်မလွယ်ကူတော့ပါဘူး ...

အပြိုင်အဆိုင်ရောင်းချနေကြတဲ့ ဒီနေ့ခေတ်ကြီးမှာ ...

Customer တွေဟာ ကိုယ်လိုချင်တဲ့အရာကို ဝယ်ချင်တဲ့ အချိန်မှ ဝယ်ချင်တဲ့သူဆီက ဝယ်လို့ ရနေပါတယ် ...

ဒီလိုခက်ခဲလာတဲ့ အခြေအနေမှာ ဘယ်သူမှ ရောင်းမကောင်းတော့ဘူးလားလို့ စဉ်းစားစရာရှိပါတယ် ...

ဒီလိုမျိုးစဉ်းစားကြည့်ရင်တော့ , နေရာတိုင်းမှာ လက်မလည်အောင်ရောင်းနေရတဲ့သူတွေလည်း အများကြီးရှိနေတာကို တွေ့ရပါလိမ့်မယ် ...

ဒါဟာ ဘာကွာခြားချက်ကြောင့်လို့ ထင်ပါသလဲ ?

Today everything is RELATIONSHIP ပါ ...

လူချစ်လူခင်များတဲ့သူတွေဟာ

- ဦးစားပေးခြင်းခံရတယ်

- လိုအပ်လာတိုင်း သူတို့ကို သတိရတယ်

- လူတွေရဲ့ အားကိုးယုံကြည်မှုတွေကို ရကြတယ်

သင့်အနေနဲ့ရော

-အဝတ်အစားတွေ ဝယ်တော့မယ်ဆို ဘယ်သူ့ကို သတိရလဲ ?

-အလှကုန်ပစ္စည်းတွေ ဝယ်မယ်ဆိုရင်ရော ဘယ်သူ့ကို သတိရတတ်လဲ ?

-သင်တန်းတွေတက်မယ်ဆိုရင်ရော ဘယ်သူ့ကိုသတိရလဲ ?

-ခရီးသွားမယ်ဆိုရင် ... ?

-အိမ်မှာ လက်သမားအလုပ်တွေ ပြုပြင်စရာလိုအပ်လာရင် ... ?

အစရှိသဖြင့် မြောက်မြားလှစွာသော ကိစ္စရပ်တွေမှာ ကျွန်တော်တို့ဟာ ကိုယ်နဲ့ သဟဇာတ ဖြစ်တဲ့သူနဲ့ပဲ ဖြစ်နိုင်ရင် ဆက်ဆံချင်ကြတာ သဘာဝပါ ...

ဒါကြောင့် ရောင်းချရခြင်းအလုပ်ကို လုပ်ဆောင်နေတဲ့ သူတွေတိုင်းသာ လူတွေရဲ့ စိတ်ချမ်းသာ ပျော်ရွှင်မှုကို အလေးထားတက်တဲ့

ချစ်ခင်စရာကောင်းတဲ့သူတွေ ဖြစ်မယ်ဆိုရင် လူကြီးမင်းရဲ့ ရောင်းအား ဆတိုး တိုးတက်လာနိုင်ပါတယ် ...

ကျွန်တော်လက်တလော လေ့လာဖြစ်နေတဲ့ Brain Tracy , ICM : Selling & Sales Management , NLP for Sales (google & youtube) တို့က ရရှိတဲ့ အချက်တွေ အများကြီးထဲက

သေသေချာချာ စကာစစ်ပြီး ကျွန်တော့်အနေနဲ့ အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်တဲ့ အချက် (၆) ချက်ကို ပြုစုဖော်ပြချင်ပါတယ် ...

လူချစ်လူခင်များသော အရောင်းသမားများ၏ အမူအကျင့် ၆ ခု

 

1)Empathy (စာနာစိတ်)

စာနာမှုရှိဖို့ အရေးကြီးပါတယ်။ Customer တိုင်းပေါ်တွင် စာနာစွာနဲ့ နားလည်မှုရှိဖို့ အလွန်လိုအပ်ပါသည်။

ကိုယ်များများရောင်းရဖို့အတွက် အရောင်းမသွက်တဲ့ပစ္စည်းကို အများကြီးတစ်ခါတည်းထိုးရောင်းတာဟာ စာနာစိတ်မရှိတာပါ ...

Customer ဘက်က လိုအပ်တာထက် ပိုဝယ်ဖို့လုပ်နေရင်တောင် Professional Sales Person တစ်ယောက်အနေနဲ့ လိုအပ်ရင် အကြံပြုချက် ပေးသင့်ပါတယ် ...

နောက်တစ်မျိုးကတော့ ...

ကိုယ့် Product ကို ဒီတစ်ကြိမ် မဝယ်သေးဘူးဟု Customer ဘက်ဆိုခဲ့သည်ရှိသော် ,

အဘယ့်ကြောင့် သူဒီတစ်ကြိမ်တွင် မဝယ်သေးဘူးဟု ငြင်းဆိုနေရသည်ကို သိရှိဖို့ လိုပါတယ်။

ဝယ်သူကို ခေါင်းခါနေစေတဲ့ နောက်ခံအကြောင်းအရင်းကို သိရှိဖို့ အရေးကြီးပါတယ်။

 

-ကိုယ့် Product ရဲ့ Feature & Benefit တွေကို မမြင်သေးလို့လား ဒါမှမဟုတ် ဒီ Benefit တွေနဲ့ သူ့ Needs & Wants မကိုက်လို့လား ...

-ငွေမလည်လို့လား ...

-ကိုယ့် Product က Training Program လိုမျိုးဆိုရင် သိရမှာက သူ့ဘက်က အချိန်အခက်အခဲအကြောင်း ပြောခဲ့ရင် သူတစ်ကယ်ပဲ အချိန်မပေးနိုင် ဖြစ်နေတာလား ...

ဒီလိုမျိုးအစရှိတဲ့ "လား" ပေါင်းများစွာနဲ့ ချင့်ချိန်သုံးသပ်ပြီး မှန်ကန်စွာ တုံ့ပြန်နိုင်ဖို့လိုပါတယ် ...

Professional Sales Person တစ်ယောက်အနေနဲ့ Customer က “No” ဟုငြင်းလိုက်သည်နှင့် တန်းပြီးနောက်ဆုတ်ဖို့ မလိုသလို၊ အောင်နိုင်ချေမရှိသည့် တိုက်ပွဲကိုလည်း ဇွတ်မတိုက်မိဖို့လိုပါတယ် ...

တစ်ဖက်မှာ တစ်ကယ်ကို အခက်အခဲတစ်ခုခု ဖြစ်နေတာကို စာနာစိတ်မရှိပဲ Force Selling လုပ်မိခြင်းက မိမိအပေါ် ချစ်ခင်လေးစားမှု ပျက်ပြားစေတဲ့ အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်သွားနိုင်ပါတယ်...

 

2)Speedy Response (မြန်ဆန်စွာ တုံ့ပြန်ဖြေကြားပေးခြင်း)

Customer များ၏မေးမြန်းစုံစမ်းမှုများကို အတတ်နိုင်ဆုံး မြန်နိုင်သမျှ မြန်အောင် တုံ့ပြန်ဖြေကြားပေးရပါမယ် ...

မိမိထံသို့ ဝင်ရောက်လာသော မေးမြန်းစုံစမ်းမှုများသည် မိမိတို့၏လုပ်ငန်း ဈေးကွက်အတွင်းရပ်တည်မှုနဲ့ တိုက်ရိုက်ချိတ်ဆက်မှု ရှိနေပါတယ် ...

မိမိတို့၏ Existing Customer များဆီမှ နောက်ထပ်တစ်ကြိမ် ဝယ်ယူအားပေးမှုကို မလိုလားရင်ဖြစ်စေ New Customer များ မလိုအပ်တော့ရင်ဖြစ်စေ သူတို့ရဲ့ မေးမြန်းစုံစမ်းမှုများကို လုံးဝပြန်မဖြေပါနဲ့တော့

ဒီလိုတော့မဟုတ်ဘူး နည်းနည်းပါးပါးဖြစ်စေ ဝယ်ယူအားပေးစေလိုတယ် ဆိုရင်တော့ ကိုယ်စိတ်ပါတဲ့အချိန်တွေမှာ အကြောင်းပြန်ပေးလိုက်ပါ

ဒီထပ်ပိုပြီး ....

ကိုယ့်မှာဈေးကွက်အတွင်း အလားအလာ ရှိသလောက် အမြင့်ဆုံး ရောင်းရချင်တယ်ဆိုရင်တော့ မေးမြန်းစုံစမ်းမှုတိုင်းကို ဖြစ်နိုင်ရင် စက္ကန့်ပိုင်းအတွင်း ပြန်လည်ဖြေကြားပေးသင့်ပါတယ်

ကိုယ့်အနေနဲ့ ချက်ခြင်းမဖြေကြားပေးနိုင်ခဲ့သည်ရှိသော် အရင်ဆုံး late reply အတွက် တောင်းပန်သင့်ပါတယ် ၊

ပြီးမှ သူမေးမြန်းသည်ကိုဖြေကြားပြီး အဆုံးသတ်မှာ late reply အတွက် တစ်ကြိမ်ထပ်ပြီး တောင်းပန်သင့်ပါတယ်

ဒီလိုမျိုး လေးလေးစားစားနဲ့ ဂရုတစိုက်ဆက်ဆံပေးတတ်တဲ့ Sales Person မျိုးကို customer တွေက ချစ်ခင်နှစ်သက်ကြပြီး ရေရှည်ဆက်ဆံချင်ကြပါတယ်

 

3)Active Listening (အပြည့်အဝ အာရုံစိုက် နားထောင်ပေးခြင်း)

စဉ်းစားကြည့်ရအောင် ...

-တစ်ဖက်လူ ပြောနေတဲ့အချိန်မှာ နားထောင်နေရင်း ဒီဟာကဒီလိုဖြစ်သင့်တယ် ၊ ဒီလိုတော့ မဖြစ်သင့်ဘူး စသဖြင့် ကောက်ချက်လိုက်ချနေတဲ့သူတွေ ရှိနိုင်လား ...

-တစ်ဖက်လူ ပြောနေတဲ့အချိန်မှာ ကိုယ်ဘာပြောရမလဲကို တွေးရင်းနဲ့ အပြည့်အဝနားထောင်နေသယောင်ယောင်နဲ့ follow လိုက်နေတဲ့သူတွေရော ကြုံဖူးလား ...

-တစ်ဖက်လူကို ဆုံးအောင်ပြောခွင့်မပေးပဲ ဖြတ်ဖြတ်ပြောတတ်တဲ့သူတွေရော ကိုယ့်ပတ်ဝန်းကျင်မှာရှိလား ...

ကိုယ်ကိုယ်တိုင်ရော ဖြစ်နေနိုင်လား ?

Active Listening နဲ့ပတ်သက်ပြီး နောက်တစ်ချက် ဖြည့်စွက်ပြောချင်တာကတော့ , တစ်ခါတစ်ရံမှာ Customer မပြောတဲ့ စကားတွေကိုလည်း နားထောင်တတ်ဖို့လိုပါတယ် ...

လူ့သဘောသဘာဝအရ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံတတ်သူတွေ ရှိသလို ၊ ကိစ္စတိုင်းကို ထုတ်မပြောတတ်တဲ့ သူမျိုးတွေလည်း ရှိတတ်ပါတယ် ....

Customer တွေမှာလည်း ဒီလိုပါပဲ ...

ဒါကြောင့် Professional Sales Person များဟာ Customer တွေထုတ်မပြောတဲ့စကားတွေကိုလည်း

၎င်းတို့အမူအရာ၊ စကားသံ အနိမ့်အမြင့်၊ တုံ့ပြန်ဖြေဆိုသည့် အနေအထား၊ စိတ်ပါဝင်စားမှု စသည်တို့မှ တစ်ဆင့် လေ့လာပြီး သူတို့ပါးစပ်မှ မပြောသည့် စကားများကိုလည်း နားထောင်တတ်ဖို့ လိုပါတယ် ...

အပြည့်အဝ အာရုံစိုက် နားထောင်ပေးမှု မရှိတဲ့အတွက် တစ်ဖက်လူရဲ့ တစ်ကယ့် ဆိုလိုရင်းကို မကောက်မိပဲ

ကိုယ်ကောက်ချက်ချထားတဲ့အတိုင်း ထင်တာကို တုံ့ပြန်ခဲ့တဲ့အတွက် တန်းဖိုးရှိတဲ့ Customer ဘယ်နှယောက်လောက် ဆုံးရှုံးခဲ့ပြီးပြီလဲ ...

Active Listening ရှိမှုကြောင့် ကိုယ့်ကို Customer တွေ ချစ်ခင်အားကိုးပြီး ရောင်းအားတွေ တိုးတက်နိုင်သလို ...

Active Listening မရှိမှုကြောင့် နေ့စဉ် ဆုံးရှုံးမှုတွေ ကြုံတွေ့နေနိုင်တာကို သေချာသတိပြုပြီး ဆင်ခြင်သင့်ပါတယ်

 

4)Helpful (ကူညီပေးချင်စိတ်ရှိခြင်း)

ဒီနေရာမှာ helpful ကို ကူညီပေးချင်စိတ်ရှိခြင်းလို့ အဓိပ္ပါယ် ဖွင့်ဆိုချင်ပါတယ် ...

ကူညီပေးတာနဲ့ ကူညီပေးချင်မတူလှပါဘူး ...

ကူညီပေးချင်စိတ်ရှိသူဆိုတာ ...

Customer များမှာ ဘယ်လို လိုအပ်ချက် (သို့) အခက်အခဲများ ရှိနေနိုင်မလဲဆိုတာကို ကိုယ်ကဝယ်သူနေရာက နေပြီး ကြိုတင်စဉ်းစားကာ လိုက်လံဖြည့်ဆည်းပေးတာမျိုးပါ ...

ဒါမဟုတ် Customer များဘက်မှ Request လုပ်လာသည့်အခါ ကူညီပေးခြင်းမျိုးပါ ...

ကူညီပေးရာတွင် တဖက်မှ မျှော်လင့်ထားတာထက်ကို ပိုသာအောင် ဆောင်ရွက်ပေးလိုက်ခြင်းမျိုးပါ ...

တာဝန်အရ ကူညီပေးတာလောက်မဟုတ်ပဲ အဆင်ပြေစေချင်လို့ကို လိုလိုလားလား ကူညီပေးလိုက်တာမျိုးပါ ...

တစ်ဖက်သားကို ကူညီပေးချင်စိတ်ရှိသူတွေကို လူတွေက ချစ်ခင်ကြပါတယ် ...

 

5)Patient (စိတ်ရှည်ခြင်း)

စိတ်ရှည်ခြင်းက တော်တော်လေးအနုပညာဆန်ပါတယ် ...

ကျွန်တော်တို့စိတ်အခြေအနေက အမြဲတမ်းပုံမှန်ရှိမနေတတ်ပါဘူး ...

အလုပ်တွေများနေရင်တစ်မျိုး ...

အလုပ်ချိန်မှာပဲ အားနေရင်တစ်မျိုး ...

အနားယူနေချိန်မှာဆိုတစ်မျိုး ...

ဒီလူနဲ့ဆိုတစ်မျိုး ...

စသဖြင့် မတူညီတဲ့ စိတ်အခြေအနေအမျိုးမျိုးမှာ စိတ်ရှည်ရှည်ထားပြီး ပြောဆိုဆက်ဆံနိုင်မှု ဒီဂရီတွေကလည်း မတူတတ်ကြပါဘူး ...

ဟုတ်တယ်မလား ...

ဒါကိုကျွန်တော်တို့က အမြဲမပြတ် "သတိ" ကပ်ထားနိုင်ဖို့လိုတာပါ ...

ဘယ်လို စိတ်အခြေအနေမျိုးများမဆို စိတ်ရှည်ရှည်ထားပြီး အကောင်းဆုံး ပြောဆိုဆက်ဆံနိုင်လာပြီဆိုရင် ...

အရောင်းသမားတွေ အများကြီးရှိပေမယ့် လူတွေက ကိုယ်မှကိုယ်ဖြစ်နေကြပါလိမ့်မယ်

 

6)Keep Promise (ပေးထားသည့်ကတိအတိုင်း လုပ်ဆောင်ပေးခြင်း)

ပြောတဲ့အတိုင်း မလုပ်ပေးရင် ဘာဖြစ်နိုင်မလဲ ?

အပေါ်မှာ ပြောခဲ့တဲ့အချက်တွေအားလုံးရှိတယ်ဆိုပါစို့ဗျာ ...

-ဝယ်သူတွေအပေါ်မှာ စာနာတတ်တယ်

-အချိန်နဲ့ တပြေးညီလည်း မြန်မြန်ဆန်ဆန် တုံ့ပြန်ပေးတယ်

-အမြဲတမ်းလည်း ဂရုတစိုက် နားထောင်ပေးတတ်တယ်

-လိုအပ်ချက်တိုင်းကို ကူညီပေးမယ်ပြောတယ်

-စိတ်ရှည်ချက်ကလည်း ဂရိတ်ဝေါတောင် အရှုံးပေးရတယ်

တစ်ခုလေးပဲ ...

အပြောကတစ်မျိုး၊ အလုပ်ကတစ်မျိုး

အဲ့လိုဆို ဘယ်လိုနေမယ်ထင်လဲ

ဒါမျိုးလည်းမဖြစ်အောင် ဂရုစိုက်ဖို့ လိုအပ်ပါတယ် ...

ကတိပေးရာမှာ ကိုယ်တစ်ကယ်မလုပ်ပေးနိုင်တာကို အစကတည်းက မပြောထားသင့်ပါဘူး ...

ကိုယ်လုပ်ပေးနိုင်သည်ကို ကတိပြုတော့မည်ဆိုလျှင်လည်း ကိုယ်လုပ်ပေးနိုင်မှာ သေချာတဲ့ အချိန်ကာလတစ်ခု (သို့) ကိုယ်လုပ်ပေးနိုင်သည့် အတိုင်းအတာကို သေချာချိန်ဆပြီးမှ ပြောဆိုသင့်ပါတယ် ...

ကတိတည်တယ်ဆိုတာ ကိုယ်ပြောထားတဲ့ စကားအတိုင်း ဆောင်ရွက်တာ ...

ကိုယ်ပြောထားတာနဲ့ အညီ ဆောင်ရွက်တာ ...

တစ်နည်းအားဖြင့် အပြောနဲ့ အလုပ်ညီတာမျိုးကို ဆိုလိုချင်ပါတယ် ...

ဒီ အချက် (၆) ချက်နဲ့ ညီညွတ်တဲ့ Sales Person တွေဟာ, Customer တွေရဲ့ ချစ်ခင်လေးစားမှုကို အထူးရရှိတတ်ကြပါတယ် ...

ကျွန်တော်တို့ ကိုယ်တိုင်လည်း ဒီ (၆) ချက်နဲ့ ညီညွတ်အောင် ကြိုးစားပြီးနေထိုင်ပါမယ်...

Sales အလုပ်ကို အထူးပြုလုပ်ကိုင်နေသူမှ မဟုတ်ပဲ အခြားမည်သူမဆိုလည်း ဒီ အချက်တွေနဲ့အညီ နေထိုင်သွားမယ်ဆိုရင် အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ် ...

လူတိုင်း လူတိုင်း ကျန်းမာပျော်ရွှင်ပြီး ရောင်းအားတွေ ဆတိုးပွားများနိုင်ကြပါစေ ...

Recommended for you-သင် ကိုယ်ပိုင်စီးပွားရေးစဖို့ ရုန်းထွက်နိုင်ပြီလား?

Credit; naingwinaung

Read times
Rate this item
(2 votes)