-->
×

Warning

JUser: :_load: Unable to load user with ID: 29


Marketing ဆိုတာ...

Marketing ဆိုတာ... google.com

စာသင်ခန်းထဲတွင် ပါမောက္ခတစ်ဦးက ကျောင်းသား ကျောင်းသူများကို Marketing သဘောတရားများ ရှင်းပြလျက် ရှိသည် ။

မင်းက ဘားတစ်ခုကို သွားရင်းနဲ့ အရမ်းလန်းတဲ့ ကောင်မလေး တစ်ယောက်ကို တွေ့ပြီ ဆိုပါတော့ ။

အဲဒီအချိန်မှာ မင်းက သူ့အနား သွားပြီး ဒီလို ပြောမယ် ။

" ငါက အရမ်း ချမ်းသာတယ် ။ ငါ့ကိုလက်ထပ်ပါ ... "

အဲဒါ Direct Marketing ပဲ ...

မင်းက ဘော်ဒါတွေ တစ်အုပ်ကြီးနဲ့ ဘားတစ်ခုကို သွားမယ် ။

အဲဒီမှာ အရမ်းလန်းတဲ့ ကောင်မလေး တစ်ယောက်ကို တွေ့ပြီ ဆိုပါတော့ ။

မင်းသူငယ်ချင်းက သူ့အနား သွားမယ် ။

မင်းကို လက်ညှိုး ထိုးပြပြီး ဒီလို ပြောမယ်။

" အဲဒါ ငါ့သူငယ်ချင်းပဲ ။ သူက တကယ့် ဘောစိ ။ နင် သူ့ကို လက်ထပ်ပါလား ... "

ဒါမျိုးကို Advertising လို့ ခေါ်တယ် ...

မင်းက ဘားတစ်ခုမှာ အရမ်းလန်းတဲ့ ကောင်မလေး တစ်ယောက်ကို တွေ့ပြီ ဆိုပါတော့ ။

မင်း ဘာမှ မပြောရ သေးခင် သူက မင်းအနား လျှောက်လာပြီး ဒီလို ပြောမယ်။

" ရှင်က ဘောစိ နော် ။ ရှင် ကျွန်မကို လက်ထပ် ပါလား ... "

အဲဒါ Brand Recognition ပဲ ...

မင်းက ဘားတစ်ခုမှာ အရမ်းလန်းတဲ့ ကောင်မလေး တစ်ယောက်ကို တွေ့တဲ့အခါ သူ့အနား သွားပြီး ဒီလိုပြောမယ်။

" ငါက အရမ်း ချမ်းသာတယ် ။ နင် ငါနဲ့ လက်ထပ်မလား ... "

အဲဒီမှာ သူက ဘာမှပြန်မပြောဘဲ မင်းရဲ့ ပါးကို ဖြောင်းခနဲ မြည်အောင် ရိုက်ထည့်လိုက်ရော ဆိုပါတော့ ...

Customer Feedback ဆိုတာ အဲဒါပဲ ...

မင်းက ဘားတစ်ခုကို သွားရင်းနဲ့ အရမ်းလန်းတဲ့ ကောင်မလေး တစ်ယောက်နဲ့ တွေ့မယ် ။

သူ့အနားသွားပြီး ဒီလိုပြောမယ် ။

" ငါက အရမ်း ချမ်းသာတယ်။ ငါ့ကို လက်ထပ်ပါ ... "

အဲဒီမှာ ဟိုက မင်းကို သူ့ယောက်ျားနဲ့ မိတ်ဆက်ပေးလိုက်မယ် ဆိုပါတော့ ။

အဲဒါမျိုးကိုတော့ ဝယ်လိုအားနဲ့ ရောင်းလိုအား ကြား ဟန်ချက် မမျှခြင်းလို့ ခေါ်တယ် ၊

Demand and Supply Gap ပေါ့ကွာ ..

မင်းက ဘားတစ်ခုမှာ အရမ်း လန်းတဲ့ ကောင်မလေး တစ်ယောက်နဲ့ တွေ့မယ် ။

သူ့အနားကို သွားပြီး မင်း တစ်ခုခု ပြောဖို့ ကြံနေတုန်းမှာ မင်းမိန်းမ ရောက်လာမယ် ဆိုပါစို့ ။

အဲဒါ ဈေးကွက်အသစ် တစ်ခုကို စတင် ထိုးဖောက်ချိန်မှာ ကြုံတွေ့ရမယ့် အဟန့်အတား ပဲကွ ၊

Restriction for Entering New Market ဆိုတာ ပေါ့ကွာ ...

ကဲ ... ဘယ်လိုတုန်းဟေ့ ၊ ရှင်းရဲ့လား တပည့်တို့ ။

ဒီလောက်ဆို Marketing သဘောတရားကို နားလည်လောက်ပြီလို့ထင်ပါတယ်နော်...

Recommended for you-Customer တွေရဲ့ Needs and wants တွေကို အခြေခံပြီး သင့်ရဲ့ Brand ကို တည်ဆောက်ပါ!

Credit; Mr. Let Li

Read times
Rate this item
(2 votes)