-->
×

Warning

JUser: :_load: Unable to load user with ID: 29


Facebook ပေါ်မှာ Marketing လုပ်ရတာ လွယ်သလား...? ခက်သလား...?

Facebook ပေါ်မှာ Marketing လုပ်ရတာ လွယ်သလား...? ခက်သလား...? google.com

ဒီမေးခွန်းကို အချို့ကတော့ လွယ်တယ်ဖြေပါလိမ့်မယ်...

အချို့ကတော့ ခက်တယ်ပေါ့ အချို့ကတော့ မလွယ် မခက်ပေါ့ သင်ရောလွယ်နေလား? ခက်နေလား?

တကယ်တော့ Marketing ဆိုတဲ့ သဘောသဘာဝက ကိုယ့် Brand / ကိုယ် Product အကြောင်း လူတွေရဲ့ ရင်ထဲကိုဝင်ရောက် အောင်အသိပေးခြင်း ဆွဲဆောင်ခြင်း ဖြစ်ပါတယ်။

လူတစ်ယောက်ချင်းစီ မိသားစုထဲမှာတင် တစ်ယောက် အကြိုက် တစ်ယောက်မတူကြပါဘူး။ လူအများဆိုရင်ပိုစိုးမှာပေါ့။

ဒါကြောင့် ခက်ပါတယ်လို့ဆိုချင်ပါတယ်။

တစ်ကြိမ် တစ်ခါ ရောင်းရချင်ရောင်းရပါလိမ့်မယ်။

ဒါပေမယ့်...

Management စီမံခံခွဲမှုအားနည်းရင် ရေရှည်ကိုယ့် Brand ကိုလူတွေကြားမှာအောင်မြင်စေမှာမဟုတ်ပါဘူး။

ဒါကြောင့် Marketing ဂုရုကြီး Philip Kotler က

“Marketing is easy to teach & understand, but difficult to practice” လို့ပြောပါတယ်။

ဒါကြောင့် အခုလည်း Facebook ပေါ်မှာ Marketing လုပ်တာ ခက်တယ် ရောင်းရင်းတို့!!!

ပိုစိုးလာတာက နောက်ပိုင်း Facebook Strategy အပြောင်းအလဲမှာ Strategy မပိုင်တဲ့ page တွေ Audience Insight Management မပိုင်တဲ့ Page တွေ ပိုပြီးအထိနာရတယ်။

Boost ထိုးကြေညာတာပဲ အရင်လို မထိရောက်တော့ဘူးလေ။

ဒါကြောင့် များများလည်ရောင်းမယ် Brand လည်းကောင်းကောင်းပေါက်ချင်တယ်ဆို ....

Strategy ရော Tech ပိုင်းရော ရောသမမွှေပြီး အကောင်းဆုံးအသုံးချနိုင်ဖို့အရေးကြီးပါတယ် ။

နောက်တစ်ခုပြောပြချင်တာ ဒီဘက်ခေတ်မှာ IT သမား များလည်းအောင်မြင်ချင်ရင်

Businessသဘောတရား ကိုသင်ယူကြရပြီး Business သမားများကလည်း IT ကိုအနည်းအကျဉ်းတော့လေ့လာကြရပါတယ်။

ဘာတွေအဓိကလေ့လာသင့်လဲ…

 

-Facebook မှာ Marketing လည်းသင် Sale လည်းသင်ပါပဲ ဒါကြောင့်ဒီ Strategy နှစ်ခုလုံးကို လိုအပ်တဲ့နေရာမှာအသုံးချနိုင်ဖို့လေ့လာထားရပါမယ်။

 

-Facebook ရဲ့ Policy အပြောင်းအလဲ တွေကို မျက်ချေမပြတ်လေ့လာနိုင်ရပါမယ်။

 

-စနစ်တကျ Boost လုပ်တတ်ဖို့ လိုသလို အထိရောက်ဆုံးPost တင်တတ်ဖို့လည်းလိုပါတယ်။

 

-Facebook Marketing Tools တွေသိထားရပါမယ်။

 

-Post တွေကို တစ်ပတ်စာဖြစ်စေ တစ်လစာဖြစ်စေ Time Work တွေ နဲ့ကြိုတင်စီမံထားဖို့လိုပါမယ်။

 

-Robot တွေ Auto One Click တွေ Live Broadcasting တွေ Event Surveys တွေ Bottom တွေနဲ့ အခြား Tools တွေကိုသူနေရာနဲ့သူသုံးတတ်ရပါမယ်။

 

-Design, Video, Content စတာတွေ ကိုအကောင်းဆုံးဖန်တီးတတ်စေဖို့လေ့လာရပါမယ်။

 

-Ads Management ပိုင်းကိုလည်းကျွမ်းကျင်ပိုင်နိုင်ရမှာဖြစ်ပါတယ်။

 

ကဲ ရောင်းရင်းတို့ facebook ပေါ်မှာ Marketing လုပ်ရတာ လွယ်သလား? ခက်သလားလို့...

Recommended for you-မိမိရဲ့ EQ ကိုဘယ်လိုအချက်တွေနဲ့ မြှင့်တင်မလဲ

Source; business marketing

Read times
Rate this item
(1 Vote)