-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဇော်ဂျီကုတ်စနစ်ကိုဖယ်ရှားပြီး ယူနီကုတ်မြန်မာစာနဲ့အသုံးပြုဖို့ ဖေ့ဘွတ်ခ်ကုမ္ပဏီနဲ့ဆွေးနွေး

ဇော်ဂျီကုတ်စနစ်ကိုဖယ်ရှားပြီး ယူနီကုတ်မြန်မာစာနဲ့အသုံးပြုဖို့ ဖေ့ဘွတ်ခ်ကုမ္ပဏီနဲ့ဆွေးနွေး Google

ဖေ့စ်ဘွတ်ခ်ကွန်ရက်ပေါ်က ဒစ်ဂျစ်တယ်မြန်မာစာစနစ်ကို အောက်တိုဘာ ၁ ရက်နေ့မှစပြီး ယူနီကုတ်မြန်မာစာနဲ့ ပြောင်းလဲအသုံးပြုဖို့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီနဲ့ဆွေးနွေးခဲ့တယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေကပြောပါတယ်။

လက်ရှိမှာ ယူနီကုတ်မြန်မာစနစ်ကို တစ်ပြေးညီပြောင်းလဲ အသုံးပြုတဲ့နေရာမှာ ဖေ့စ်ဘွတ်ခ်အနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့အတွက် အကူအညီတောင်းခံစာကို ရေးသားပေးပို့ထားတယ်လို့လဲပြောပါတယ်။ ‘‘အောက်တိုဘာ ၁ ရက်နေ့ကစပြီး အားလုံးယူနီကုတ်နဲ့ဖြစ်သွားအောင် သူတို့လည်း (ဖေ့စ်ဘွတ်) ၀ိုင်းဝန်းလုပ်ပေးမှာပေါ့နော်။ အသေးစိတ်ကတော့ ဖေ့စ်ဘွတ်ခ်ဘက်က ပြောပါလိမ့်မယ်’’ လို့ဦးမျိုးဆွေကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ယူနီကုတ်စနစ်အပြောင်းအလဲကို ကူညီတဲ့အနေနဲ့အသုံးပြုသူအသစ်များရဲ့ ဘာသာစကားရွေးချယ်မှုမှာ ဇော်ဂျီစနစ်ကိုဖယ်ရှားခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီတာဝန်ရှိသူက ဇွန်လ ၁၄ ရက်မှာ 7Day Daily သတင်းစာကို ပြောကြားခဲ့ပါတယ်။

Read More>>> ကမ္ဘာအချမ်းသာဆုံးလူတွေ ဘယ်လို ချွေတာကြသလဲ?

‘‘ယူနီကုတ်အသုံးပြုတဲ့ ကိရိယာတွေမှာ အဆင်ပြေပြေသုံးနိုင်ဖို့အတွက် ဖောင့်အလိုအလျောက် ပြောင်းတဲ့စနစ်ရရှိအောင် ဆောင်ရွက်နေပါတယ်’’ဟု ဦးမျိုးဆွေကပြောပါတယ်။ မြန်မာအစိုးရဟာ eGovernment လုပ်ငန်းကို အ ကောင်အထည်ဖော်တဲ့အနေနဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းအားလုံးမှာ ဧပြီ ၁ ရက်က စတင်ပြီးတော့ ယူနီကုတ်မြန်မာစာစနစ်ကို အသုံးပြုခိုင်းခဲ့ပါတယ်။

အဲဒီအတိုင်းပဲ အောက်တိုဘာ ၁ ရက်က စတင်ပြီးတော့ အော်ပရေတာများနဲ့ မိုဘိုင်းဖုန်းအသုံးပြုသူများအကြား ဆက်သွယ်ဆောင်ရွက်တဲ့ သတင်းအချက်အလက်တွေအားလုံးကို ယူနီကုတ်စနစ်နဲ့အသုံးပြုဖို့ ညွှန်ကြားထားပါတယ်။

Source; 7Day Daily
Myanmar Advertisng Directory

 

Read times
Rate this item
(1 Vote)