-->
×

Warning

JUser: :_load: Unable to load user with ID: 29


ယနေ့ခေတ်ကြီးမှာအောင်မြင်မှုတွေရရှိဖို့ အရည်အသွေးကောင်းတွေရရှိနိုင်မယ့်စကားဝိုင်း

ယနေ့ခေတ်ကြီးမှာအောင်မြင်မှုတွေရရှိဖို့ အရည်အသွေးကောင်းတွေရရှိနိုင်မယ့်စကားဝိုင်း Google

လူတိုင်းလူတိုင်းမိမိတို့ရဲ့ဘဝမှာအောင်မြင်ချင်ကြတဲ့ သူတွေချည်းပါပဲ။

အောင်မြင်ဖို့အတွက်သွားတဲ့ ပန်းတိုင်လမ်းကတော့ ဖြောင့်ဖြူးသာယာမှာမဟုတ်ဘူးဆိုတာ သင်လဲနားလည်မှာပါ။ လူတိုင်းအောင်မြင်မှုရရှိဖို့ကြိုးစားတဲ့နေရမှာ တစချို့လည်းအောင်မြင်မှုရရှိကြတယ်၊ တချို့ကလည်း ကျရှုံးကြပါတယ်။ ဒါဆိုရင် အောင်မြင်မှုတွေရရှိဖို့အတွက် ဘာတွေလုပ်ဆောင်ရမလဲ၊ ဘယ်အချက်တွေကိုရှောင်ကြဉ်ရမယ်ဆိုတာကို သင့်အနေနဲ့သိရှိနားလည်ချင်တယ်ဆိုရင်တော့ UMFCCI က ကျင်းပပြုလုပ်မယ့် “Bringing Powerful Stories to Life” ဆိုတဲ့ စကားဝိုင်းကိုအရောက်လာခဲ့လိုက်ပါ။

ဒီစကားဝိုင်းမှာ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ အာဆီယံစီးပွားရေးထူးချွန်ဆုရရှိထားကြတဲ့ အောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေက အောင်မြင်မှုရအောင် ဘယ်လိုစတင်ခဲ့ကြလဲ၊ ဘယ်လိုတွေ ကြိုးစားရုန်းကန်ခဲ့ကြလဲ စတာတွေအပါအဝင် သူတို့ ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေကို ဝေမျှပြောကြားသွားမှာဖြစ်ပါတယ်။ ဒီပွဲကို ဇွန်လိုင်လ (၂၁)ရက်နေ့ နံနက် (၁၀)နာရီကနေ (၁၂)နာရီအထိ ကျင်းပပြုလုပ်သွားမှာဖြစ်လို့ အပြောင်းအလဲတွေ၊ အတက်အကျတွေ၊ ပြိုင်ဆိုင်မှုတွေများလွန်းတဲ့ ယနေ့ခေတ်ကြီးထဲမှာ အောင်မြင်မှုရရှိဖို့အတွက် မဖြစ်မနေတက်ရောက်သင့်တဲ့ စကားဝိုင်းပဲဖြစ်ပါတယ်။

ဒါ့အပြင် အထူးအစီအစဉ်အနေနဲ့ စီးပွားရေးပညာရှင် ပါမောက္ခဒေါက်တာ အောင်ထွန်းသက်ကလည်း “Bringing Powerful Stories to Life” ခေါင်းစဉ်နဲ့ Keynote Speech ပြောကြားသွားမှာဖြစ်ပါတယ်။ နောက်ထပ် ဆွေးနွေးသွားမယ့် လုပ်ငန်းရှင်တွေကတော့
- ဦးထွန်းထွန်းနိုင် (Chairman, Blue Ocean Operating Management)
- ဒေါက်တာသက်သက်ခိုင် (Managing Director, ရွှေနန်းတော် စိန်ရွှေရတနာလုပ်ငန်းစု)
- ဒေါက်တာထက်ဇံလင်း (CEO, OnDoctor Co., Ltd)
- ဒေါ်မြင့်မြင့်ခင် (Director, မြင့်မြင့်ခင် ထိုးမုန့်၊ လမုန့် လုပ်ငန်း) တို့ပဲဖြစ်ပါတယ်။

“Bringing Powerful Stories to Life” ဆိုတဲ့ စကားဝိုင်းကို အခမဲ့ကျင်းပပြုလုပ်သွားမှာဖြစ်လို့ စိတ်ပါဝင်စားလို့တက်ရောက်ချင်သူတွေအနေနဲ့ အမည်၊ ဖုန်းနံပါတ်၊ အလုပ်အကိုင်ရာထူး၊ ကုမ္မဏီအမည်နဲ့ Email လိပ်စာတွေကို ဖုန်းနံပါတ် 09 968 557 560 (ဒါမှအမဟုတ်) 09 785 606060 ကို SMS ပေးပို့ပြီးဆက်သွယ်စာရင်းပေးသွင်းနိုင်ပါတယ်။

Online ကနေ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ ဒီလင့်ခ်>>> http://bit.ly/2J94EIF မှာ စာရင်းပေးသွင်းနိုင်ပြီး အတည်ပြုချက် စောင့်ဆိုင်းဖို့မလိုဘဲ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ အသေးစိတ် သိရှိမေးမြန်းလိုပါက Hot Line ဖုန်းနံပါတ်တွေဖြစ်တဲ့ 09 968 557 560 နဲ့ 09 785 606060ကို ဆက်သွယ်နိုင်ပါတယ်။

Read More>>>ဝက်ဘ်ဆိုက်ပိုင်ရှင်များအတွက် အလွယ်ကူဆုံးငွေရနိုင်တဲ့ Google AdSense

Myanmar Advertising Diretory

 

Read times
Rate this item
(0 votes)