-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာဆိုင်းဘုတ်တစ်ခုထောင်မယ်ဆိုရင် ဘယ်လိုအရောင်မျိုးကိုရွေးချယ်သင့်လဲ?

ကြော်ငြာဆိုင်းဘုတ်တစ်ခုထောင်မယ်ဆိုရင် ဘယ်လိုအရောင်မျိုးကိုရွေးချယ်သင့်လဲ? Google

သင့်ကြော်ငြာဆိုင်းဘုတ်အတွက် အရောင်ရွေးချယ်တော့မယ်ဆိုရင် ဘယ်လိုအရောင်မျိုးက ကိုယ့်လုပ်ငန်းအတွက်အဆင်ပြေမလဲ၊

ကိုယ့်ရဲ့ကြော်ငြာဆိုင်းဘုတ်ကို မြင်လိုက်တာနဲ့ ဆွဲဆောင်မှုအပြည့်ရှိနေဖို့၊ မိမိကြော်ငြာရဲ့အဓိပ္ပါယ်ကိုလည်း အရောင်လေးတွေသုံးတဲ့ပေါ်မှာမှုတည်ပြီး နားလည်သဘောပေါက်သွားတာမျိုး ဖန်တီးချင်တယ်ဆိုရင်တော့ အရောင်တွေအကြောင်းကို အရင်ဆုံးလေ့လာထားသင့်ပါတယ်။ အခုဖော်ပြပေးမှာကတော့ အရောင်တွေရဲ့အဓိပ္ပါယ်တွေပဲဖြစ်ပါတယ်။

၁။ Pink
ပန်းရောင်ကတော့ ပျော်ရွှင်ခြင်းနဲ့ စိတ်ချမ်းမြေ့စရာကောင်းတယ်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။

၂။ Red
အနီရောင်ကတော့ ရဲရင့်ခြင်းနဲ့ အရူးအမှုးဖြစ်ခြင်းသဘောကိုဆောင်ပါတယ်။

၃။ Yellow
အဝါရောင်ကတော့ ခံစားချက်တွေကို ကောင်းမွန်လာအောင်လုပ်ဆောင်ပေးတယ်ဆိုတဲ့ သဘောဆောင်ပါတယ်။ ဒါကြောင့် Billboard တွေ၊ ကြော်ငြာဆိုင်းဘုတ်တွေမှာဆိုရင် အဝါရောင်ကိုအသုံးများကြပါတယ်။

၎။ Blue
အပြာရောင်ကတော့ ငြိမ်းချမ်းခြင်းနဲ့ ယုံကြည်စိတ်ချမှုကိုပေးတဲ့ သဘောဆောင်ပါတယ်။ ဒါကြောင့် ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေအတွက်ဆိုရင် အပြာရောင်ကိုအသုံးပြုစေချင်ပါတယ်။

၅။ Gold
ရွှေရောင်ကတော့ ကြွယ်ဝမှုနဲ့ ရစ်ပတ်နှောင်တွယ်တက်တဲ့ သဘောကိုဆောင်ပါတယ်။ ဒါကြောင့် မိသားစုတွေအတွက်ထုတ်လုပ်တဲ့ ကုန်ပစ္စည်းလုပ်ငန်းတွေဆိုရင် ရွှေရောင်ကိုရွှေးချယ်သင့်ပါတယ်။

Read More>>> မိမိရဲ့ကုန်ပစ္စည်းတွေကို Customer တွေ ယုံကြည်မှုရှိလာနိုင်ဖို့ဆိုရင်...

၆။ Orange
လိမ္မော်ရောင်ကတော့ စွမ်းအားတွေပေးနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ကိုဖော်ဆောင်ပါတယ်။

၇။ Brown
အညိုရောင်ဟာ ညီမျှမှုကိုဖော်ဆောင်နေတဲ့ အရောင်လို့ပြောရမှာပါ။ သင့်ရဲ့လုပ်ငန်းမှာ အညိုရောင်ကို အသုံးပြုထားမယ်ဆိုရင် Customer တွေရဲ့ ယုံကြည်စိတ်ချမှုရရှိစေနိုင်ပါတယ်။

၈။ White
အဖြူရောင်ကတော့ သန်ရှင်းတယ်၊ ရိုးရှင်းတဲ့သဘောကိုဆောင်ပါတယ်။

၉။ Purple
ခရမ်းရောင်ကတော့ ချမ်းသာကြွယ်ဝမှုနဲ့ သစ္စာတရားရှိခြင်းသဘောကိုဆောင်ပါတယ်။

၁၀။ Black
အနက်ရောင်ကတော့ ဘက်စုံအသုံးပြုနိုင်တယ်ဆိုတဲ့ သဘောကိုဆောင်ပါတယ်။

ဒီလိုအရောင်တွေရဲ့သဘောတရားကိုသိထားမယ်ဆိုရင် သင့်ရဲ့ကြော်ငြာဆိုင်းဘုတ်ကို လုပ်ငန်းအပေါ်မှုတည်ပြီး ဘယ်လိုအရောင်အမျိုးအစားကို ရွေးချယ်တဲ့နေရာမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။

Myanmar Advertising Directory

 

Read times
Rate this item
(0 votes)