-->
×

Warning

JUser: :_load: Unable to load user with ID: 29


Just Do It Ads Campaign

ေၾကာ္ျငာေတြ အမ်ဳိးမ်ဳိးအဖုံဖုံ ရွိေနသည္။ မီဒီယာအမ်ဳိးမ်ဳိးကုိ သုံးစြဲၿပီး ေၾကာ္ျငာၾကသည္။ ပရိသတ္ထံ အေရာက္ပို႕ေပးႏုိင္ဖုိ႔ လမ္းေၾကာင္းအမ်ဳိးမ်ဳိးမွတစ္ဆင့္ တြန္းပို႔ၾကသည္။

သူတုိ႔၏ လုပ္ငန္းအတြြက္ ေၾကာ္ျငာရာ၌ စိတ္ကူးရည္သန္ထားသည့္ ရည္မွန္းခ်က္ အသီးသီး ရွိၾကသည္။

 

Ads campaigns ဆင္ႏႊဲၾကသည္။ ရင္ဆုိင္ေနရေသာ အေျခအေန အခ်ိန္အခါအရ အေကာင္းဆုံး ျဖစ္ေအာင္ ေဆာင္ရြက္ၾကသည္။

 

ထုိထုိေသာ Ads campaigns မ်ား ေဆာင္ရြက္ခဲ့ၾကရာတြင္ Nike ၏ Just Do It Ads campaign သည္ စိတ္ဝင္စားစရာ  ေကာင္းသည္။

 

တစ္ခ်ိန္တစ္ခါတုန္းက Nike သည္ မာရသြန္ အေျပးသမား အားကစား   ရွဴးဖိနပ္မ်ားကုိသာ အဓိကအားျဖင့္ ထုတ္လုပ္ခဲ့သည္။

 

ကုိယ္ကာယ ေလ့က်င့္ခန္း. ယူၾကသည့္ဓေလ့ ေပၚေပါက္ထြန္းကားလာေသာအခါ ေပါ့ေပါ့ပါးပါး ကာယေလ့က်င့္ခန္း ေအ႐ုိဘစ္ ကစားဖုိ႔ ႐ွဴးဖိနပ္မ်ားကုိ ထုတ္လုပ္ၿပီးေသာအခါ ေရာင္းအားတက္ဖုိ႔ Nike က Just Do It Ads campaign လုပ္ေဆာင္သည္။

 

ထုိစဥ္က အဓိကၿပိဳင္ဘက္ ျဖစ္ေသာ Reebok က Nike ထက္ ေရာင္းအားပမာဏ ပုိမ်ားေနသည္ကုိ တုိက္ပြဲ၀င္သည္။ 

 

"Just Do It." ေပါက္သြားသည္။

 

၁၉၈၈ ခုႏွစ္တြင္   Nike ေရာင္းအားသည္ ကန္ေဒၚလာ သန္း ၈၀၀ ရွိၿပီး ၁၉၉၈ ခုႏွစ္တြင္ ကန္ေဒၚလာ ၉.၂ ဘီလ်ံေက်ာ္သုိ႔ ေရာက္ရွိသြားသည္။ 

 

"Just Do It." ဟူ ေသာ စာသားသည္ တုိသည္ ထိသည္။ ကာယေလ့က်င့္ခန္းယူသူတုိ႔ ေလ့က်င့္ခန္းလုပ္သည့္အခါ ထုိအတုိ္င္း စိတ္ထဲ ေတြးမိ္ၾကတယ္။ ေၾကြးေၾကာ္သံတစ္ခု ျဖစ္ေနေစသည္။

 

သင္ခန္းစာ ယူစရာမ်ား ရွိေနသည္။ 

 

Brand ကုိ တင္ျပဖုိ႔ အေကာင္းဆုံးနည္းလမ္းကုိ စဥ္းစားႀကံဆသည့္အခါ ေမးခြန္း ေမးပါ။

 

သင့္ရဲ႕ ပစၥည္း ၀န္ေဆာင္မႈကုိ ေၾကာ္ျငာတာေတာ့ ဟုတ္ပါၿပီ။ ဝယ္ယူသူအတြက္ ဘယ္ျပသနာေတြကုိ အေျဖရွာေပးထားသလဲ။  ဘယ္လုိ ေျဖရွင္းေပးထားသလဲ။ ဝယ္ယူသူေတြရဲ႕ စိတ္ထဲ ဘယ္လုိ ခံစားမိၾကသလဲ။ ဘယ္လုိ ေရရြတ္မိၾကသလဲ။ 

 

<<< Unicode >>>

ကြော်ငြာတွေ အမျိုးမျိုးအဖုံဖုံ ရှိနေသည်။ မီဒီယာအမျိုးမျိုးကို သုံးစွဲပြီး ကြော်ငြာကြသည်။ ပရိသတ်ထံ အရောက်ပို့ပေးနိုင်ဖို့ လမ်းကြောင်းအမျိုးမျိုးမှတစ်ဆင့် တွန်းပို့ကြသည်။

သူတို့၏ လုပ်ငန်းအတွက် ကြော်ငြာရာ၌ စိတ်ကူးရည်သန်ထားသည့် ရည်မှန်းချက် အသီးသီး ရှိကြသည်။

Ads campaigns ဆင်နွှဲကြသည်။ ရင်ဆိုင်နေရသော အခြေအနေ အချိန်အခါအရ အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ကြသည်။

ထိုထိုသော Ads campaigns များ ဆောင်ရွက်ခဲ့ကြရာတွင် Nike ၏ Just Do It Ads campaign သည် စိတ်ဝင်စားစရာ ကောင်းသည်။

တစ်ချိန်တစ်ခါတုန်းက Nike သည် မာရသွန် အပြေးသမား အားကစား ရှူးဖိနပ်များကိုသာ အဓိကအားဖြင့် ထုတ်လုပ်ခဲ့သည်။

ကိုယ်ကာယ လေ့ကျင့်ခန်း. ယူကြသည့်ဓလေ့ ပေါ်ပေါက်ထွန်းကားလာသောအခါ ပေါ့ပေါ့ပါးပါး ကာယလေ့ကျင့်ခန်း အေရိုဘစ် ကစားဖို့ ရှူးဖိနပ်များကို ထုတ်လုပ်ပြီးသောအခါ ရောင်းအားတက်ဖို့ Nike က Just Do It Ads campaign လုပ်ဆောင်သည်။

ထိုစဉ်က အဓိကပြိုင်ဘက် ဖြစ်သော Reebok က Nike ထက် ရောင်းအားပမာဏ ပိုများနေသည်ကို တိုက်ပွဲဝင်သည်။

"Just Do It." ပေါက်သွားသည်။

၁၉၈၈ ခုနှစ်တွင် Nike ရောင်းအားသည် ကန်ဒေါ်လာ သန်း ၈၀၀ ရှိပြီး ၁၉၉၈ ခုနှစ်တွင် ကန်ဒေါ်လာ ၉.၂ ဘီလျံကျော်သို့ ရောက်ရှိသွားသည်။

"Just Do It." ဟူ သော စာသားသည် တိုသည် ထိသည်။ ကာယလေ့ကျင့်ခန်းယူသူတို့ လေ့ကျင့်ခန်းလုပ်သည့်အခါ ထိုအတိုင်း စိတ်ထဲ တွေးမိကြတယ်။ ကြွေးကြော်သံတစ်ခု ဖြစ်နေစေသည်။

သင်ခန်းစာ ယူစရာများ ရှိနေသည်။

Brand ကို တင်ပြဖို့ အကောင်းဆုံးနည်းလမ်းကို စဉ်းစားကြံဆသည့်အခါ မေးခွန်း မေးပါ။

သင့်ရဲ့ ပစ္စည်း ဝန်ဆောင်မှုကို ကြော်ငြာတာတော့ ဟုတ်ပါပြီ။ ဝယ်ယူသူအတွက် ဘယ်ပြသနာတွေကို အဖြေရှာပေးထားသလဲ။ ဘယ်လို ဖြေရှင်းပေးထားသလဲ။ ဝယ်ယူသူတွေရဲ့ စိတ်ထဲ ဘယ်လို ခံစားမိကြသလဲ။ ဘယ်လို ရေရွတ်မိကြသလဲ။

Read times
Rate this item
(1 Vote)