-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကမာၻ႕စိတ္အဝင္စားဆုံးလူ

 

1

 

သူ႔ကုိ ျမင္ဖူးၾကသည္။ သူ႔ကုိ သိၾကသည္။ Facebook ပရိသတ္သည္ သူ႔ကုိ meme ပုံမ်ားတြင္ ေတြ႕ရသည္။ သူက စတုိင္အလြန္က်သည္။ စမတ္အလြန္က်သည္။ ေဈးႀကီးေသာ ေဆးျပင္းလိပ္ျဖစ္သည့္ က်ဴးဘားေဆးျပင္းလိပ္ကုိ လက္ၾကားညႇပ္ထားသည္။

 

လွပဖြံ႕ထြားေသာ အမ်ဳိးသမီးငယ္မ်ားက ၀န္းရံထားသည္။ 

 

သူသည္ ကမၻာ့စိတ္အ၀င္စားဆုံးလူ The Most Interesting Man in the World ဟု အမည္တြင္သည္။ သူကုိ ျမင္သူတုိင္းက ေကာင္းေပ့ညႊန္႔ေပ့ အေကာင္းစားေတြကုိ သုံးသည့္သူဟု ေတြးဆမိရေစသည္။ 

 

သူသည္ Dos Equis ဘီယာေၾကာ္ျငာတြင္ သရုပ္ေဆာင္သူ ျဖစ္သည္။ သုိ႔ျဖစ္ရာ ေၾကာ္ျငာဗီဗီယုိတုိ႔၏ အဆုံးသတ္၌ Dos Equis ဘီယာသည္ အေကာင္းစားဘီယာဟု ပညာသားပါပါျဖင့္ အသိေပးသည့္ စကားကုိ သူက ဆုိေလ့ရွိသည္။ 

 

“က်ေနာ္က ဘီယာအၿမဲေသာက္တဲ့သူေတာ့ မဟုတ္ဘူး။

 

ဒါေပမဲ့ က်ေနာ္ေသာက္ၿပီ ဆုိရင္ေတာ့ Dos Equis ကုိ ေရြးတယ္”

 

ထုိစကားရပ္သည္ လူအမ်ားၾကား တြင္သြားသည္။ ရယ္စရာစကားရပ္အျဖစ္ စကားလုံးမ်ား ေျပာင္းလဲသုံးစြဲၾကသည္။ meme ပုံမ်ား ထုတ္ၿပီး လူမႈကြန္ရက္မွာ တင္ၾကသည္။ 

 

Dos Equis သည္ မကၠဆီကုိမွာ ထုတ္လုပ္သည္ ဘီယာျဖစ္ၿပီး (“Two X’s”) ျပင္းအား ႏွစ္ဆ ဟု ဆုိလုိေသာ အမည္ျဖစ္သည္။ မကၠဆီကုိႏွင့္ အေမရိကန္တုိ႔တြင္ ျဖန္႔ျဖဴးေရာင္းခ်ေနခဲ့သည္မွာ ႏွစ္ေပါင္း ၄၀ ေက်ာ္ ရွိၿပီ ျဖစ္ေသာ္လည္း ယခုလုိ အုတ္အုတ္

 

က်က္က်က္ အျဖစ္သုိ႔ မေရာက္ခဲ့ဖူးေခ်။ 

 

The Most Interesting Man in the World သည္ ေအာင္ျမင္ေသာ ad campaign တစ္ခု ျဖစ္လာခဲ့ၿပီး meme အျဖစ္ ဖန္တီးၾကသည့္အျဖစ္သုိ႔ မေမွ်ာ္လင့္ဘဲ ေရာက္ရွိသြားသည္။ 

 

ad campaign ကုိ ၂၀၀၆ ခုႏွစ္တြင္ စတင္ခဲ့သည္။ ၂၀၁၀ ခုႏွစ္တြင္ meme အမ်ဳိးမ်ဳိး တစ္သိန္း နီးပါး ရွိလိမ့္မည္ဟု ခန္႔မွန္းထားၾကသည္။ ထုိသုိ႔ ျဖစ္သြားသျဖင့္ The Most Interesting Man in the World သည္

 

Dos Equis ဟူေသာ ဘီယာ brand ကုိ ေၾကာ္ျငာေနေၾကာင္း သတိမရၾကေတာ့ေခ်။ Dos Equis သည္ The Most Interesting Man ကုိ အျခား သရုပ္ေဆာင္တစ္ဦးျဖင့္ လူလဲခဲ့သည္။ 

 

 

<<< Unicode >>>

သူ့ကို မြင်ဖူးကြသည်။ သူ့ကို သိကြသည်။ Facebook ပရိသတ်သည် သူ့ကို meme ပုံများတွင် တွေ့ရသည်။ သူက စတိုင်အလွန်ကျသည်။ စမတ်အလွန်ကျသည်။ ဈေးကြီးသော ဆေးပြင်းလိပ်ဖြစ်သည့် ကျူးဘားဆေးပြင်းလိပ်ကို လက်ကြားညှပ်ထားသည်။ လှပဖွံ့ထွားသော အမျိုးသမီးငယ်များက ဝန်းရံထားသည်။

သူသည် ကမ္ဘာ့စိတ်အဝင်စားဆုံးလူ The Most Interesting Man in the World ဟု အမည်တွင်သည်။ သူကို မြင်သူတိုင်းက ကောင်းပေ့ညွှန့်ပေ့ အကောင်းစားတွေကို သုံးသည့်သူဟု တွေးဆမိရစေသည်။

သူသည် Dos Equis ဘီယာကြော်ငြာတွင် သရုပ်ဆောင်သူ ဖြစ်သည်။ သို့ဖြစ်ရာ ကြော်ငြာဗီဗီယိုတို့၏ အဆုံးသတ်၌ Dos Equis ဘီယာသည် အကောင်းစားဘီယာဟု ပညာသားပါပါဖြင့် အသိပေးသည့် စကားကို သူက ဆိုလေ့ရှိသည်။

“ကျနော်က ဘီယာအမြဲသောက်တဲ့သူတော့ မဟုတ်ဘူး။

ဒါပေမဲ့ ကျနော်သောက်ပြီ ဆိုရင်တော့ Dos Equis ကို ရွေးတယ်”

ထိုစကားရပ်သည် လူအများကြား တွင်သွားသည်။ ရယ်စရာစကားရပ်အဖြစ် စကားလုံးများ ပြောင်းလဲသုံးစွဲကြသည်။ meme ပုံများ ထုတ်ပြီး လူမှုကွန်ရက်မှာ တင်ကြသည်။

Dos Equis သည် မက္ကဆီကိုမှာ ထုတ်လုပ်သည် ဘီယာဖြစ်ပြီး (“Two X’s”) ပြင်းအား နှစ်ဆ ဟု ဆိုလိုသော အမည်ဖြစ်သည်။ မက္ကဆီကိုနှင့် အမေရိကန်တို့တွင် ဖြန့်ဖြူးရောင်းချနေခဲ့သည်မှာ နှစ်ပေါင်း ၄၀ ကျော် ရှိပြီ ဖြစ်သော်လည်း ယခုလို အုတ်အုတ်ကျက်ကျက် အဖြစ်သို့ မရောက်ခဲ့ဖူးချေ။

The Most Interesting Man in the World သည် အောင်မြင်သော ad campaign တစ်ခု ဖြစ်လာခဲ့ပြီး meme အဖြစ် ဖန်တီးကြသည့်အဖြစ်သို့ မမျှော်လင့်ဘဲ ရောက်ရှိသွားသည်။

ad campaign ကို ၂၀၀၆ ခုနှစ်တွင် စတင်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် meme အမျိုးမျိုး တစ်သိန်း နီးပါး ရှိလိမ့်မည်ဟု ခန့်မှန်းထားကြသည်။ ထိုသို့ ဖြစ်သွားသဖြင့် The Most Interesting Man in the World သည် Dos Equis ဟူသော ဘီယာ brand ကို ကြော်ငြာနေကြောင်း သတိမရကြတော့ချေ။ Dos Equis သည် The Most Interesting Man ကို အခြား သရုပ်ဆောင်တစ်ဦးဖြင့် လူလဲခဲ့သည်။

Read times
Rate this item
(0 votes)