-->
×

Warning

JUser: :_load: Unable to load user with ID: 29


Website အတြက္ traffic

Website အတြက္ traffic google

အေၾကာင္းေၾကာင္းေၾကာင့္ ၀က္ဘ္ဆုိက္တစ္ခု ရွိေနၿပီ။ အဲဒီ ၀က္ဘ္ဆုိက္ကုိ လူေတြ လာဖုိ႔ လုိတယ္။ အဲဒီလုိ လူေတြ လာၾကတာကုိ traffic လုိ႔ သုံးႏႈန္းၾကတယ္။ အဲဒီ traffic မ်ားဖုိ႔အတြက္ ႀကံစည္ လုပ္ကုိင္ၾကရတယ္။

ထူေထာင္ထားတဲ့ ၀က္ဘ္ဆုိက္တစ္ခုရဲ႕ ေအာင္ျမင္မႈ က်ဆုံးမႈကုိ တုိင္းတာၾကည့္ၾကတဲ့အခါ TRAFFIC အေျခအေန ဘယ္လုိ ရွိသလဲဆုိတာကုိ အရင္ဆုံး ၾကည့္ၾကတယ္။

 

ထူေထာင္ထားတဲ့ ၀က္ဘ္ဆုိက္မွာ ေၾကာ္ျငာေတြ လက္ခံၿပီး ေဖာ္ျပမယ္ဆုိရင္လည္း TRAFFIC အေျခအေန ဘယ္လုိ ရွိသလဲဆုိတာကုိ ေမးျမန္းေလ့ ရွိတယ္။

 

ထူေထာင္ထားတဲ့ ၀က္ဘ္ဆုိက္ကုိ အလုံးလုိက္ ေရာင္းထုတ္ပစ္မယ္ဆုိရင္လည္း TRAFFIC အေျခအေနအရ ေဈးအနည္းအမ်ား ကြာျခားေလ့ရွိတယ္။ ေဈးေကာင္းရလုိက္ရင္ ေန႔ခ်င္းညခ်င္း သူေဌး ျဖစ္တယ္။

 

နမူနာအျဖစ္ သတင္းတစ္ပုဒ္ကုိ ေျပာျပခ်င္တယ္။

 

၂၀၁၁ ေဖေဖာ္၀ါရီလမွာ Huffington Post  ၀က္ဘ္ဆုိက္ကုိ  AOL (America On Line) က အေမရိကန္ေဒၚလာ ၃၁၅ သန္းနဲ႔ ၀ယ္လုိက္တယ္။  အဲဒီ၀က္ဘ္ဆုိက္မွာ ရွိေနတဲ့ traffic ပရိသတ္ကုိ ဆက္လက္သုံးစြဲတယ္။

 

၂၀၁၅ ခုႏွွစ္ ေမလ ၁၂ ရက္မွာ AOL ကုိ  Verizon Communications က အေမရိကန္ေဒၚလာ ၄ ဒသမ ၄ ဘီလ်ံျဖင့္ ၀ယ္လုိက္ေတာ့ AOL က ပုိင္ဆုိင္ထားတဲ့ Huffington Post ဟာ Verizon Communications  ရဲ႕

 

အစိတ္အပုိင္းတစ္ခုအျဖစ္ ရပ္တည္ေစတယ္။ပရိသတ္ အလာေကာင္းလုိ႔ traffic  တအားေကာင္းေနရင္ ေဈးေကာင္း ရတဲ့သာဓက တစ္ခု ျဖစ္ပါတယ္။

 

ဒီေတာ့ TRAFFIC အေျခအေန ေကာင္းဖုိ႔ အလြန္အမင္း အေရးႀကီးတယ္။ TRAFFIC အေျခအေန ေကာင္းဖုိ႔ ဘယ္လုိလုပ္မလဲ ဆုိတာ နည္းလမ္း အသြယ္သြယ္ ရွိေနတယ္။

 

မဟာဗ်ဴဟာေတြ နည္းဗ်ဴဟာေတြလည္း ရွိၾကတယ္။ မီးစင္ၾကည့္ကၾကရတာမ်ဳိးလည္း ရွိတယ္။

 

ဒီေတာ့ ခင္ဗ်ားရဲ႕ ၀က္ဘ္ဆုိက္အတြက္ traffic ရဖုိ႔ အဲဒါေတြ မရွိေသးဘူးဆုိရင္ အခုတင္ျပမယ့္ ေဆာင္းပါးတုိဟာ အနည္းနဲ႔အမ်ား အသုံးတည့္ပါလိမ့္မယ္။

 

Website ရဲ႕ traffic ေကာင္းဖုိ႔ ဘယ္ကစလုိ႔ ဘာကုိ လုပ္ရမလဲ။

 

လမ္းေဘးမွာ ဆုိင္တစ္ဆုိင္ ဖြင့္မယ္ဆုိရင္ လူသြားလူလာ မ်ားတဲ့ေနရာမ်ဳိးမွာ စဖြင့္မွ ၀ယ္မယ့္သူေတြ ရဖုိ႔ အခြင့္အလမ္း ပုိမ်ားမယ္။ ျဖစ္ႏုိင္ေျခ ပုိမ်ားမယ္။ ေခ်ာင္က်က် ေနရာ လူသူ အလာနည္းရင္ ဆုိင္ကုိ ၀ယ္ယူေတြ ေရာက္လာဖုိ႔ ခဲယဥ္းမယ္။

 

ဒီေတာ့ ဆုိင္ေရွ႕မွာ ျဖတ္သြားျဖတ္လာ ျပဳတဲ့ traffic ပုိမ်ားေလ ေကာင္းေလပဲ။ ကားနဲ႔ ျဖတ္သြားတာက အလုပ္သိပ္မျဖစ္ဘူး။ ေျခက်င္ေလွ်ာက္တဲ့သူေတြ ပုိမ်ားရင္ ပုိေကာင္းေလပဲ။

 

၀က္ဘ္ဆုိက္မွာလည္း ဆုိက္ထဲကုိ ျဖတ္သြားျဖတ္လာ ဝင္ၾကည့္တဲ့သူေတြ မ်ားေလေကာင္းေလပဲ။ အဲဒီလူေတြက ျပထားတဲ့ ေၾကာ္ျငာေတြကုိ ျမင္မယ္။ ေရာင္းဖုိ႔ ျပထားတဲ့ပစၥည္းေတြ၊ ၀န္ေဆာင္မႈေတြကုိ ျမင္မယ္။ ေတြ႕မယ္။ ဝယ္ျခမ္းမယ္။

 

အဲဒီအတြက္ TRAFFIC  ရွိေနရမယ္။ အဲဒါ ဘယ္လုိ လုပ္မလဲ။

 

TRAFFIC မ်ားတဲ့အျဖစ္ကုိ ေရာက္ဖုိ႔ တေငြ႕ေငြ႕နဲ႔ ေလာင္ကၽြမ္းရတာမ်ဳိး ရိွသလုိ ၀ုန္းခနဲ ထေတာက္ၿပီး ေပါက္သြားတာမ်ဳိးလည္း ရွိမယ္။ အႀကံရယ္ ဉာဏ္ရယ္ ကံရယ္ အေၾကာင္းတုိက္ဆုိင္တာေတြရယ္အရ traffic ေတြ တုိးတယ္။

 

အမာခံ ပရိသတ္ ရတယ္။Google မွာ ရွာေဖြတဲ့ စာလုံးေတြက ကုိယ့္ ၀က္ဘ္ဆုိက္နဲ႔ တုိက္ဆုိင္ကုိက္ညီေနလုိ႔  Google ရဲ႕ ရွာေဖြေတြ႕ရွိ ရလဒ္ စာရင္းမွာ ကုိယ့္၀က္ဘ္ဆုိက္ကုိ ထည့္သြင္းေဖာ္ျပေပးထားတာကုိ ကလစ္လုပ္ၿပီး

 

ကုိယ့္၀က္ဘ္ဆုိက္ထဲ ေရာက္လာတဲ့ traffic ကုိ organic search engine traffic လုိ႔ ေခၚေ၀ၚတယ္။ organic traffic လုိ႔လည္း အလြယ္ေခၚၾကတယ္။ 

 

တစ္နည္းေျပာရရင္ ရွာေဖြမႈ အင္ဂ်င္က မူရင္းသဘာ၀အေလ်ာက္ ရွာေဖြတင္ျပေပးလုိ႔ ရရွိတဲ့ traffic ျဖစ္ပါတယ္။ အဲဒီလုိ traffic မ်ဳိးက တျဖည္းျဖည္းခ်င္း တုိးတယ္။ တရိပ္ရိပ္ တုိးတယ္။

 

၀ုန္း၀ုန္းဒုိင္းဒုိင္း တုိးတာမ်ဳိးက ဆုိရွယ္မီဒီယာေတြကေန ေရာက္လာတဲ့ traffic မွာ ႀကံဳရတတ္တယ္။ ဆုိရွယ္မီဒီယာမွာ ရွယ္ၾကတာေတြ၊ ၀င္ဖတ္ၾကည့္တာေတြ မ်ားျပားသြားတာမ်ဳိး၊ ေတာမီးပမာ ပ်ံ႕ႏွံ႔ေလာင္ကၽြမ္းသြားတာမ်ဳိးျဖစ္ပါတယ္။

 

ဒါေပမဲ့ အဲဒါမ်ဳိးက နာရီပုိင္းေလာက္ပဲ ခံပါတယ္။ ရက္ပုိင္းခံရင္ ကံအေတာ္ေကာင္းတာ လုိ႔ ဆုိရမယ္။

 

၀က္ဘ္ဆုိက္တစ္ခုမွာ ပရိသတ္ေတြ ပုံမွန္လာၿပီး အားေပးေနဖုိ႔ဆုိတာ ေရရွည္ေမွ်ာ္မွန္းခ်က္ျဖင့္ လုပ္ေဆာင္ၾကရလိမ့္မယ္။

 

၁၈ ႏွစ္အထက္သာလုိ႔ ဆုိတဲ့ အညီႇအေဟာက္ Porn website မ်ဳိးေတြေတာင္မွ ေရရွည္မွာ လူဆက္မ်ားေနဖုိ႔ အေတာ္ႀကိဳးစားၾကရတယ္။  အခုလုပ္ အခုျဖစ္ အျမန္ျဖတ္လမ္းနည္းေတြဟာ ရက္ပုိင္းသာ အလုပ္ျဖစ္တယ္။

 

ေဆးၿမီတုိေတြ ထုတ္သုံးၾကရတာ မွန္ေပမဲ့ ရက္ပုိင္းအတြက္သာ အဆင္ေျပေစမွာ ျဖစ္တယ္။ ေရရွည္လူမ်ားမ်ား ရေနဖုိ႔ဆုိတာ ခရီးရွည္တစ္ခုသာ ျဖစ္ပါတယ္။ ျဖတ္လမ္းတုိ မဟုတ္ပါဘူး။ တစ္ခ်ဳိ႕၀က္ဘ္ဆုိက္ေတြဆုိရင္ ႏွစ္နဲ႔ခ်ီ ၾကာျမင့္ပါတယ္။

 

Traffic ေရာက္လာတဲ့ ပင္ရင္းေတြကုိ ၾကည့္မယ္ဆုိရင္

 

  • Google မွာ ၀က္ဘ္ဆုိက္က အဆင့္ ranking ေကာင္းလုိ႔ ရွာေဖြေတြ႕ရွိစာရင္းမွာ ေဖာ္ျပခံရၿပီး အဲဒီကေန ေရာက္လာတဲ့ သူေတြ (organic traffic)

  • ဆုိရွယ္မီဒီယာမွာ ဖြင့္ထားတဲ့ အေကာင့္မွာ ရွိေနတဲ့ followers ေတြ ေရာက္လာၾကတဲ့ traffic (social media traffic)

  • ဆုိရွယ္မီဒီယာ ကြန္ရက္ ဥပမာ Facebook မွာ ေထာင္ထားတဲ့ groups ေတြကေန ေရာက္လာၾကတဲ့ traffic (social network traffic)

  • ကုိယ့္၀က္ဘ္ဆုိက္ကုိ တျခား၀က္ဘ္ဆုိက္မွာ ရည္ညႊန္းေဖာ္ျပေပးတာ၊ ဆုိရွယ္မီဒီယာမွာ ရွယ္ေပးတာေၾကာင့္ ေရာက္လာတဲ့ traffic  (referral traffic)

ဆုိၿပီး အဓိကအားျဖင့္ traffic ေလးမ်ဳိး ေတြ႕ရမယ္။

၀က္ဘ္ဆုိက္တစ္ခုအဖုိ႔ လူေတြ လာၿပီး traffic ရေအာင္ လုပ္ၾကရတယ္။ လာတဲ့လူေတြက တစ္ခုခု လုပ္ေစဖုိ႔ကုိလည္း လုပ္ၾကရတယ္။ ဥပမာအားျဖင့္ ျပထားတဲ့ ေၾကာ္ျငာကုိ ကလစ္လုပ္တာမ်ဳိး၊

 

install လုပ္ဖုိ႔ ခ်ကၽြးထားတဲ့ app ကုိ ကလစ္လုပ္ၿပီး ဖုန္းမွာ ယူတင္တာမ်ဳိး စသည္ စသည္မ်ား

 

ပထမအဆင့္မွာ traffic ရဖုိ႔ လုပ္တဲ့အခါ traffic ေတြကုိ သုံးမ်ဳိး ခြဲျခား ျမင္တတ္ဖုိ႔ လုိတယ္။

 

ေငြကုန္ခံၿပီး ရတဲ့ traffic ကုိ Paid Traffic လုိ႔ ေခၚၾကတယ္။ Facebook မွာ ေငြကုန္ခံၿပီးေၾကာ္ျငာထုိးၿပီး Sponsored အျဖစ္ ျဖန္႔ခ်ိတယ္။ ဂူးဂဲမွာ Adwords ေၾကာ္ျငာၿပီး ျမင္ရေတြ႕ရေအာင္လုပ္တယ္။

 

ျမင္သူေတြ႕သူေတြမွာ ကလစ္လုပ္ၿပီး ကုိယ့္၀က္ဘ္ဆုိက္ကုိ ေရာက္လာၾကတဲ့ TRAFFIC ကုိ ရမယ္။

ပထမအဆင့္မွာ traffic ရဖုိ႔ လုပ္တဲ့အခါ ေၾကာ္ျငာခ အကုန္မခံဘဲ traffic ရေအာင္ လုပ္လုိ႔ရတယ္။ အဲဒါမ်ဳိးကုိ Earned Traffic လုိ႔ ေခၚၾကတယ္။ ကုိယ္ဖြင့္ထားတဲ့ ဆုိရွယ္မီဒီယာ အေကာင့္ေတြမွာ follower ေတြ ရွိေနတယ္။

 

သူတုိ႔က ခင္ဗ်ားရဲ႕ ၀က္ဘ္ဆုိက္ကုိ လာၾကတယ္။ Traffic ရတယ္။ ဂူးဂဲမွာ ရွာေဖြၿပီး ခင္ဗ်ားရဲ႕ ၀က္ဘ္ဆုိက္ကုိ ေရာက္လာၾကတယ္။ traffic ရတယ္။ ဘရုိဇာမွာ bookmark လုပ္ထားၿပီး အဲဒါကုိ ကလစ္လုပ္ၿပီး ေရာက္လာၾကတဲ့သူေတြ ရွိမယ္။

 

ခင္ဗ်ားမွာ အီးေမးလ္ စာရင္း ရွိလုိ႔ အီးေမးလ္ေတြထံ စာေပးပုိ႔ၿပီး ၀င္ၾကည့္ဖုိ႔ ႏႈိးေဆာ္တယ္။ တခ်ဳိ႕က ၀င္ၾကည့္ၾကမယ္။  traffic ရမယ္။

 

ေရရွည္အတြက္ဆုိရင္ -

 

Paid Traffic  ကုိ ေလွ်ာ့ခ်ရမယ္။

 

Earned Traffic ကုိ တုိးသည္ထက္ ပုိတုိးေအာင္ လုပ္ရမယ္။

 

အဲဒါမွ ေၾကာ္ျငာခ အားကုိးၿပီး လူလာေအာင္ လုပ္ေနရတဲ့ အျဖစ္မွ လြတ္မယ္။

 

ကုိယ္ပုိင္ Traffic ျဖစ္တဲ့  Owned Traffic ကုိရမယ္။ အဲဒါဟာ အခုေျပာမယ့္ နည္းနိႆရရဲ႕ ပန္းတုိင္ပဲ။

 

ဘယ္လုိ လုပ္ၾကသလဲဆုိတာ လာမယ့္ ေဆာင္းပါးေတြမွာ ဆက္လက္ တင္ျပေပးသြားပါမယ္။ 

 

<<< Unicode >>>

အကြောင်းကြောင်းကြောင့် ဝက်ဘ်ဆိုက်တစ်ခု ရှိနေပြီ။ အဲဒီ ဝက်ဘ်ဆိုက်ကို လူတွေ လာဖို့ လိုတယ်။ အဲဒီလို လူတွေ လာကြတာကို traffic လို့ သုံးနှုန်းကြတယ်။ အဲဒီ traffic များဖို့အတွက် ကြံစည် လုပ်ကိုင်ကြရတယ်။
ထူထောင်ထားတဲ့ ဝက်ဘ်ဆိုက်တစ်ခုရဲ့ အောင်မြင်မှု ကျဆုံးမှုကို တိုင်းတာကြည့်ကြတဲ့အခါ TRAFFIC အခြေအနေ ဘယ်လို ရှိသလဲဆိုတာကို အရင်ဆုံး ကြည့်ကြတယ်။
ထူထောင်ထားတဲ့ ဝက်ဘ်ဆိုက်မှာ ကြော်ငြာတွေ လက်ခံပြီး ဖော်ပြမယ်ဆိုရင်လည်း TRAFFIC အခြေအနေ ဘယ်လို ရှိသလဲဆိုတာကို မေးမြန်းလေ့ ရှိတယ်။
ထူထောင်ထားတဲ့ ဝက်ဘ်ဆိုက်ကို အလုံးလိုက် ရောင်းထုတ်ပစ်မယ်ဆိုရင်လည်း TRAFFIC အခြေအနေအရ ဈေးအနည်းအများ ကွာခြားလေ့ရှိတယ်။ ဈေးကောင်းရလိုက်ရင် နေ့ချင်းညချင်း သူဌေး ဖြစ်တယ်။
နမူနာအဖြစ် သတင်းတစ်ပုဒ်ကို ပြောပြချင်တယ်။
၂၀၁၁ ဖေဖော်ဝါရီလမှာ Huffington Post ဝက်ဘ်ဆိုက်ကို AOL (America On Line) က အမေရိကန်ဒေါ်လာ ၃၁၅ သန်းနဲ့ ဝယ်လိုက်တယ်။ အဲဒီဝက်ဘ်ဆိုက်မှာ ရှိနေတဲ့ traffic ပရိသတ်ကို ဆက်လက်သုံးစွဲတယ်။
၂၀၁၅ ခုနှစ် မေလ ၁၂ ရက်မှာ AOL ကို Verizon Communications က အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလျံဖြင့် ဝယ်လိုက်တော့ AOL က ပိုင်ဆိုင်ထားတဲ့ Huffington Post ဟာ Verizon Communications ရဲ့
အစိတ်အပိုင်းတစ်ခုအဖြစ် ရပ်တည်စေတယ်။ပရိသတ် အလာကောင်းလို့ traffic တအားကောင်းနေရင် ဈေးကောင်း ရတဲ့သာဓက တစ်ခု ဖြစ်ပါတယ်။
ဒီတော့ TRAFFIC အခြေအနေ ကောင်းဖို့ အလွန်အမင်း အရေးကြီးတယ်။ TRAFFIC အခြေအနေ ကောင်းဖို့ ဘယ်လိုလုပ်မလဲ ဆိုတာ နည်းလမ်း အသွယ်သွယ် ရှိနေတယ်။
မဟာဗျူဟာတွေ နည်းဗျူဟာတွေလည်း ရှိကြတယ်။ မီးစင်ကြည့်ကကြရတာမျိုးလည်း ရှိတယ်။
ဒီတော့ ခင်ဗျားရဲ့ ဝက်ဘ်ဆိုက်အတွက် traffic ရဖို့ အဲဒါတွေ မရှိသေးဘူးဆိုရင် အခုတင်ပြမယ့် ဆောင်းပါးတိုဟာ အနည်းနဲ့အများ အသုံးတည့်ပါလိမ့်မယ်။
Website ရဲ့ traffic ကောင်းဖို့ ဘယ်ကစလို့ ဘာကို လုပ်ရမလဲ။
လမ်းဘေးမှာ ဆိုင်တစ်ဆိုင် ဖွင့်မယ်ဆိုရင် လူသွားလူလာ များတဲ့နေရာမျိုးမှာ စဖွင့်မှ ဝယ်မယ့်သူတွေ ရဖို့ အခွင့်အလမ်း ပိုများမယ်။ ဖြစ်နိုင်ခြေ ပိုများမယ်။ ချောင်ကျကျ နေရာ လူသူ အလာနည်းရင် ဆိုင်ကို ဝယ်ယူတွေ ရောက်လာဖို့ ခဲယဉ်းမယ်။
ဒီတော့ ဆိုင်ရှေ့မှာ ဖြတ်သွားဖြတ်လာ ပြုတဲ့ traffic ပိုများလေ ကောင်းလေပဲ။ ကားနဲ့ ဖြတ်သွားတာက အလုပ်သိပ်မဖြစ်ဘူး။ ခြေကျင်လျှောက်တဲ့သူတွေ ပိုများရင် ပိုကောင်းလေပဲ။
ဝက်ဘ်ဆိုက်မှာလည်း ဆိုက်ထဲကို ဖြတ်သွားဖြတ်လာ ဝင်ကြည့်တဲ့သူတွေ များလေကောင်းလေပဲ။ အဲဒီလူတွေက ပြထားတဲ့ ကြော်ငြာတွေကို မြင်မယ်။ ရောင်းဖို့ ပြထားတဲ့ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို မြင်မယ်။ တွေ့မယ်။ ဝယ်ခြမ်းမယ်။
အဲဒီအတွက် TRAFFIC ရှိနေရမယ်။ အဲဒါ ဘယ်လို လုပ်မလဲ။
TRAFFIC များတဲ့အဖြစ်ကို ရောက်ဖို့ တငွေ့ငွေ့နဲ့ လောင်ကျွမ်းရတာမျိုး ရှိသလို ဝုန်းခနဲ ထတောက်ပြီး ပေါက်သွားတာမျိုးလည်း ရှိမယ်။ အကြံရယ် ဉာဏ်ရယ် ကံရယ် အကြောင်းတိုက်ဆိုင်တာတွေရယ်အရ traffic တွေ တိုးတယ်။
အမာခံ ပရိသတ် ရတယ်။Google မှာ ရှာဖွေတဲ့ စာလုံးတွေက ကိုယ့် ဝက်ဘ်ဆိုက်နဲ့ တိုက်ဆိုင်ကိုက်ညီနေလို့ Google ရဲ့ ရှာဖွေတွေ့ရှိ ရလဒ် စာရင်းမှာ ကိုယ့်ဝက်ဘ်ဆိုက်ကို ထည့်သွင်းဖော်ပြပေးထားတာကို ကလစ်လုပ်ပြီး
ကိုယ့်ဝက်ဘ်ဆိုက်ထဲ ရောက်လာတဲ့ traffic ကို organic search engine traffic လို့ ခေါ်ဝေါ်တယ်။ organic traffic လို့လည်း အလွယ်ခေါ်ကြတယ်။
တစ်နည်းပြောရရင် ရှာဖွေမှု အင်ဂျင်က မူရင်းသဘာဝအလျောက် ရှာဖွေတင်ပြပေးလို့ ရရှိတဲ့ traffic ဖြစ်ပါတယ်။ အဲဒီလို traffic မျိုးက တဖြည်းဖြည်းချင်း တိုးတယ်။ တရိပ်ရိပ် တိုးတယ်။
ဝုန်းဝုန်းဒိုင်းဒိုင်း တိုးတာမျိုးက ဆိုရှယ်မီဒီယာတွေကနေ ရောက်လာတဲ့ traffic မှာ ကြုံရတတ်တယ်။ ဆိုရှယ်မီဒီယာမှာ ရှယ်ကြတာတွေ၊ ဝင်ဖတ်ကြည့်တာတွေ များပြားသွားတာမျိုး၊ တောမီးပမာ ပျံ့နှံ့လောင်ကျွမ်းသွားတာမျိုးဖြစ်ပါတယ်။ဒါပေမဲ့ အဲဒါမျိုးက နာရီပိုင်းလောက်ပဲ ခံပါတယ်။ ရက်ပိုင်းခံရင် ကံအတော်ကောင်းတာ လို့ ဆိုရမယ်။
ဝက်ဘ်ဆိုက်တစ်ခုမှာ ပရိသတ်တွေ ပုံမှန်လာပြီး အားပေးနေဖို့ဆိုတာ ရေရှည်မျှော်မှန်းချက်ဖြင့် လုပ်ဆောင်ကြရလိမ့်မယ်။
၁၈ နှစ်အထက်သာလို့ ဆိုတဲ့ အညှီအဟောက် Porn website မျိုးတွေတောင်မှ ရေရှည်မှာ လူဆက်များနေဖို့ အတော်ကြိုးစားကြရတယ်။ အခုလုပ် အခုဖြစ် အမြန်ဖြတ်လမ်းနည်းတွေဟာ ရက်ပိုင်းသာ အလုပ်ဖြစ်တယ်။
ဆးမြီတိုတွေ ထုတ်သုံးကြရတာ မှန်ပေမဲ့ ရက်ပိုင်းအတွက်သာ အဆင်ပြေစေမှာ ဖြစ်တယ်။ ရေရှည်လူများများ ရနေဖို့ဆိုတာ ခရီးရှည်တစ်ခုသာ ဖြစ်ပါတယ်။ ဖြတ်လမ်းတို မဟုတ်ပါဘူး။ တစ်ချို့ဝက်ဘ်ဆိုက်တွေဆိုရင် နှစ်နဲ့ချီ ကြာမြင့်ပါတယ်။
Traffic ရောက်လာတဲ့ ပင်ရင်းတွေကို ကြည့်မယ်ဆိုရင်
Google မှာ ဝက်ဘ်ဆိုက်က အဆင့် ranking ကောင်းလို့ ရှာဖွေတွေ့ရှိစာရင်းမှာ ဖော်ပြခံရပြီး အဲဒီကနေ ရောက်လာတဲ့ သူတွေ (organic traffic)
ဆိုရှယ်မီဒီယာမှာ ဖွင့်ထားတဲ့ အကောင့်မှာ ရှိနေတဲ့ followers တွေ ရောက်လာကြတဲ့ traffic (social media traffic)
ဆိုရှယ်မီဒီယာ ကွန်ရက် ဥပမာ Facebook မှာ ထောင်ထားတဲ့ groups တွေကနေ ရောက်လာကြတဲ့ traffic (social network traffic)
ကိုယ့်ဝက်ဘ်ဆိုက်ကို တခြားဝက်ဘ်ဆိုက်မှာ ရည်ညွှန်းဖော်ပြပေးတာ၊ ဆိုရှယ်မီဒီယာမှာ ရှယ်ပေးတာကြောင့် ရောက်လာတဲ့ traffic (referral traffic)ဆိုပြီး အဓိကအားဖြင့် traffic လေးမျိုး တွေ့ရမယ်။
ဝက်ဘ်ဆိုက်တစ်ခုအဖို့ လူတွေ လာပြီး traffic ရအောင် လုပ်ကြရတယ်။ လာတဲ့လူတွေက တစ်ခုခု လုပ်စေဖို့ကိုလည်း လုပ်ကြရတယ်။ ဥပမာအားဖြင့် ပြထားတဲ့ ကြော်ငြာကို ကလစ်လုပ်တာမျိုး၊
install လုပ်ဖို့ ချကျွးထားတဲ့ app ကို ကလစ်လုပ်ပြီး ဖုန်းမှာ ယူတင်တာမျိုး စသည် စသည်များ
ပထမအဆင့်မှာ traffic ရဖို့ လုပ်တဲ့အခါ traffic တွေကို သုံးမျိုး ခွဲခြား မြင်တတ်ဖို့ လိုတယ်။
ငွေကုန်ခံပြီး ရတဲ့ traffic ကို Paid Traffic လို့ ခေါ်ကြတယ်။ Facebook မှာ ငွေကုန်ခံပြီးကြော်ငြာထိုးပြီး Sponsored အဖြစ် ဖြန့်ချိတယ်။ ဂူးဂဲမှာ Adwords ကြော်ငြာပြီး မြင်ရတွေ့ရအောင်လုပ်တယ်။

မြင်သူတွေ့သူတွေမှာ ကလစ်လုပ်ပြီး ကိုယ့်ဝက်ဘ်ဆိုက်ကို ရောက်လာကြတဲ့ TRAFFIC ကို ရမယ်။

ပထမအဆင့်မှာ traffic ရဖို့ လုပ်တဲ့အခါ ကြော်ငြာခ အကုန်မခံဘဲ traffic ရအောင် လုပ်လို့ရတယ်။ အဲဒါမျိုးကို Earned Traffic လို့ ခေါ်ကြတယ်။ ကိုယ်ဖွင့်ထားတဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေမှာ follower တွေ ရှိနေတယ်။

သူတို့က ခင်ဗျားရဲ့ ဝက်ဘ်ဆိုက်ကို လာကြတယ်။ Traffic ရတယ်။ ဂူးဂဲမှာ ရှာဖွေပြီး ခင်ဗျားရဲ့ ဝက်ဘ်ဆိုက်ကို ရောက်လာကြတယ်။ traffic ရတယ်။ ဘရိုဇာမှာ bookmark လုပ်ထားပြီး အဲဒါကို ကလစ်လုပ်ပြီး ရောက်လာကြတဲ့သူတွေ ရှိမယ်။

ခင်ဗျားမှာ အီးမေးလ် စာရင်း ရှိလို့ အီးမေးလ်တွေထံ စာပေးပို့ပြီး ဝင်ကြည့်ဖို့ နှိုးဆော်တယ်။ တချို့က ဝင်ကြည့်ကြမယ်။ traffic ရမယ်။

ရေရှည်အတွက်ဆိုရင် -

Paid Traffic ကို လျှော့ချရမယ်။

Earned Traffic ကို တိုးသည်ထက် ပိုတိုးအောင် လုပ်ရမယ်။

အဲဒါမှ ကြော်ငြာခ အားကိုးပြီး လူလာအောင် လုပ်နေရတဲ့ အဖြစ်မှ လွတ်မယ်။

ကိုယ်ပိုင် Traffic ဖြစ်တဲ့ Owned Traffic ကိုရမယ်။ အဲဒါဟာ အခုပြောမယ့် နည်းနိဿရရဲ့ ပန်းတိုင်ပဲ။

ဘယ်လို လုပ်ကြသလဲဆိုတာ လာမယ့် ဆောင်းပါးတွေမှာ ဆက်လက် တင်ပြပေးသွားပါမယ်။

 

 

Read times
Rate this item
(0 votes)