-->
×

Warning

JUser: :_load: Unable to load user with ID: 29


မိဘေမတၱာကိုရည္ၫႊန္းျပသထားတဲ့ Gap ရဲ႕ ေၾကာ္ျငာ

Gap မွ အသစ္ထပ္မံ႐ိုက္ကူးထြက္ရွိထားတဲ့ ေၾကာ္ျငာေလးဟာ မိခင္တစ္ေယာက္နဲ႔ သားတစ္ေယာက္ၾကားက ႐ူ႕ေထာင့္ေလးကေန႐ိုက္ျပထားတာေတြ႕ရပါတယ္။

Gap က ႏိုင္ငံအသီးသီးမွ လက္ခံထားတဲ့ အဝတ္အစား ႏွင့္ Fashion အသုံးအေဆာင္
မ်ား ထုတ္လုပ္တဲ့ နာမည္ရ အေမရိကန္ Brand တစ္ခုပါ။

1969 ထဲက ဆန္ဖရန္စစ္စကိုတြင္ စတင္ တည္ေထာင္ခဲ့တာျဖစ္ၿပီး ယခုဆို ႏွစ္ ၅၀ ရွိၿပီသိရပါတယ္။

Gap က brand ႀကီး တစ္ခုအေနနဲ႔ ျဖစ္လာရျခင္း အေၾကာင္း အရင္းက Gap Inc ရဲ႕ founder ျဖစ္သူ Donald Fisher ဟာ Levi ရဲ႕ ပဲ့ကိုင္ရွင္ Walter Haas Jr ႏွင့္ အသိမိတ္ေဆြေတြပါ။ထို႔​ေၾကာင့္ Walter ဆီမွ ခြင့္ျပဳခ်က္နဲ႔ အႀကံဉာဏ္ရခဲ့တယ္ထင္ပါတယ္။

Donald Fisher ဟာ သူ႔ရဲ႕ စီးပြားေရးလုပ္ငန္း အေသးေလးကို စတင္ေၾကာ္ျငာပါေတာ့တယ္။

" သင့္ brand က နာမည္မရွိရင္ေတာင္မွ ေၾကာ္ျငာျခင္းကသင့္ brand ကို အက်ိဳးျပဳေစမွာပါ "

Donald Fisher

သူ႔ရဲ႕ ေၾကာ္ျငာက ​အဆင္ေျပခဲ့တယ္ေျပာရမယ္
ဆန္ဖရန္စစ္စကိုမွာ ပထမဆုံး ဖြင့္တဲ့ သူတို႔ရဲ႕ ဆိုင္ေလးကို ဆယ္ေက်ာ္သက္ လူငယ္ေလးေတြ အရမ္းကိုမ်က္စိက်ခဲ့တယ္လို႔သိရပါတယ္။

ထိုစဥ္ကတည္းက Gap ဟာ ေၾကာ္ျငာကို လူငယ္ေတြ အတြက္ အေလးထားလာခဲ့တာ ယခုခ်ိန္ထိပဲဆိုပါေတာ့။

 

Starbucks ရဲ႕ ခရစ္စမတ္ theme နဲ႔ ေၾကာ္ျငာ

 

ယခုအခါမွာ ဒီဇင္ဘာလက နီးကပ္လာၿပီမို႔
Gap ကေနၿပီး Sweet Holiday Campaign ဆိုကာ လူငယ္ပိုင္း ကို ရည္ၫႊန္းကာ မိခင္ႏွင့္ သားသမီးၾကားမွ သံေယာဇဥ္ဖြဲ႕ ေၾကာ္ျငာေလးကို အေတြးအေခၚဆန္းသစ္စြာနဲ႔ ဖန္တီးခဲ့ျပန္ပါတယ္။

ထိုေၾကာ္ျငာေလးက Christmas ေနာက္ခံ theme ေလးပါထည့္သြင္းထားၿပီး ေၾကာ္ျငာဇာတ္လမ္းသြားသဖြယ္႐ိုက္ျပထားပါတယ္။

ေၾကာ္ျငာေလးနာမည္ကေတာ့ The Hoodie ပါ။ေခါင္းစြပ္အက်ီ ၤကေလးလို႕အမည္ရပါတယ္။

ေၾကာ္ျငာထဲတြင္ လူငယ္ေလးတစ္ေယာက္ သူရဲ႕ မိခင္ႏွင့္ အတူ Gap အေႏြးထည္ အနီေလးဝတ္ၿပီး သူ႔ရဲ႕ ကေလးဘဝ ကို မိခင္ရဲ႕ ေစာင့္ေရွာက္မႈ႕ အျပည့္နဲ႔ ကုန္ဆုံးေစတယ္။

ထို ေကာင္ေလးမွာ ဆယ္ေက်ာ္သက္အ႐ြယ္ေရာက္သြားတယ္ ခ်စ္သူရသြားတယ္ ခ်စ္သူကို ထို Gap ေလးေပးဝတ္ေစတယ္။ထိုခ်စ္သူေလးက ေကာင္ေလးဆီက ထြက္သြားတယ္။ထို Gap အေႏြးထည္ေလးနဲ႔ သူ႔ရဲ႕ မိခင္သာ ေကာင္ေလးအနားက်န္ခဲ့တယ္။

​ဆယ္ေက်ာ္သက္အ႐ြယ္ေကာင္ေလးဟာအိမ္ေပၚက ဆင္းၿပီးေက်ာင္းသြားတက္တယ္
ေကာင္ေလး လူႀကီးပိုင္းအ႐ြယ္ေရာက္လာတယ္ ခရစ္စမတ္ရက္မွာ အိမ္ကိုျပန္လာတယ္
ေကာင္ေလးရဲ႕မိခင္မွ ေကာင္ေလးကို ခရစ္စမတ္လက္ေဆာင္ အျဖစ္ ထို အနီေရာင္ Gap ေလးတစ္ထည္ေပးခဲ့တယ္။

ေၾကာ္ျငာေလးကို ႐ိုး႐ိုးရွင္းရွင္းနဲ႔ မိခင္နဲ႔ သား ၾကားက bond ေလး တစ္ခုပိုမိုေပၚလြင္ေအာင္ သူတို႔ ရဲ႕ brand ကို မသိမသာေလးသာျပသထားတာေတြ႕ရတယ္။ဒါေပမဲ့ ထုံးစံ အတိုင္း Gap ရဲ႕ေၾကာ္ျငာ Campaign က ေအာင္ျမင္သင့္သေလာက္ေအာင္ျမင္ေနအုံးမွာပါပဲ။

 

Unicode >>>

 

Gap မှ အသစ်ထပ်မံရိုက်ကူးထွက်ရှိထားတဲ့ ကြော်ငြာလေးဟာ မိခင်တစ်ယောက်နဲ့ သားတစ်ယောက်ကြားက ရူ့ထောင့်လေးကနေရိုက်ပြထားတာတွေ့ရပါတယ်။

Gap က နိုင်ငံအသီးသီးမှ လက်ခံထားတဲ့ အဝတ်အစား နှင့် Fashion အသုံးအဆောင်
များ ထုတ်လုပ်တဲ့ နာမည်ရ အမေရိကန် Brand တစ်ခုပါ။

1969 ထဲက ဆန်ဖရန်စစ်စကိုတွင် စတင် တည်ထောင်ခဲ့တာဖြစ်ပြီး ယခုဆို နှစ် ၅၀ ရှိပြီသိရပါတယ်။

Gap က brand ကြီး တစ်ခုအနေနဲ့ ဖြစ်လာရခြင်း အကြောင်း အရင်းက Gap Inc ရဲ့ founder ဖြစ်သူ Donald Fisher ဟာ Levi ရဲ့ ပဲ့ကိုင်ရှင် Walter Haas Jr နှင့် အသိမိတ်ဆွေတွေပါ။ထို့ကြောင့် Walter ဆီမှ ခွင့်ပြုချက်နဲ့ အကြံဉာဏ်ရခဲ့တယ်ထင်ပါတယ်။

Donald Fisher ဟာ သူ့ရဲ့ စီးပွားရေးလုပ်ငန်း အသေးလေးကို စတင်ကြော်ငြာပါတော့တယ်။

" သင့် brand က နာမည်မရှိရင်တောင်မှ ကြော်ငြာခြင်းကသင့် brand ကို အကျိုးပြုစေမှာပါ "

Donald Fisher

သူ့ရဲ့ ကြော်ငြာက အဆင်ပြေခဲ့တယ်ပြောရမယ်
ဆန်ဖရန်စစ်စကိုမှာ ပထမဆုံး ဖွင့်တဲ့ သူတို့ရဲ့ ဆိုင်လေးကို ဆယ်ကျော်သက် လူငယ်လေးတွေ အရမ်းကိုမျက်စိကျခဲ့တယ်လို့သိရပါတယ်။

ထိုစဉ်ကတည်းက Gap ဟာ ကြော်ငြာကို လူငယ်တွေ အတွက် အလေးထားလာခဲ့တာ ယခုချိန်ထိပဲဆိုပါတော့။

 

Starbucks ရဲ့ ခရစ်စမတ် theme နဲ့ ကြော်ငြာ

 

ယခုအခါမှာ ဒီဇင်ဘာလက နီးကပ်လာပြီမို့
Gap ကနေပြီး Sweet Holiday Campaign ဆိုကာ လူငယ်ပိုင်း ကို ရည်ညွှန်းကာ မိခင်နှင့် သားသမီးကြားမှ သံယောဇဉ်ဖွဲ့ ကြော်ငြာလေးကို အတွေးအခေါ်ဆန်းသစ်စွာနဲ့ ဖန်တီးခဲ့ပြန်ပါတယ်။

ထိုကြော်ငြာလေးက Christmas နောက်ခံ theme လေးပါထည့်သွင်းထားပြီး ကြော်ငြာဇာတ်လမ်းသွားသဖွယ်ရိုက်ပြထားပါတယ်။

ကြော်ငြာလေးနာမည်ကတော့ The Hoodie ပါ။ခေါင်းစွပ်အကျီ ၤကလေးလို့အမည်ရပါတယ်။

ကြော်ငြာထဲတွင် လူငယ်လေးတစ်ယောက် သူရဲ့ မိခင်နှင့် အတူ Gap အနွေးထည် အနီလေးဝတ်ပြီး သူ့ရဲ့ ကလေးဘဝ ကို မိခင်ရဲ့ စောင့်ရှောက်မှု့ အပြည့်နဲ့ ကုန်ဆုံးစေတယ်။

ထို ကောင်လေးမှာ ဆယ်ကျော်သက်အရွယ်ရောက်သွားတယ် ချစ်သူရသွားတယ် ချစ်သူကို ထို Gap လေးပေးဝတ်စေတယ်။ထိုချစ်သူလေးက ကောင်လေးဆီက ထွက်သွားတယ်။ထို Gap အနွေးထည်လေးနဲ့ သူ့ရဲ့ မိခင်သာ ကောင်လေးအနားကျန်ခဲ့တယ်။

ဆယ်ကျော်သက်အရွယ်ကောင်လေးဟာအိမ်ပေါ်က ဆင်းပြီးကျောင်းသွားတက်တယ်
ကောင်လေး လူကြီးပိုင်းအရွယ်ရောက်လာတယ် ခရစ်စမတ်ရက်မှာ အိမ်ကိုပြန်လာတယ်
ကောင်လေးရဲ့မိခင်မှ ကောင်လေးကို ခရစ်စမတ်လက်ဆောင် အဖြစ် ထို အနီရောင် Gap လေးတစ်ထည်ပေးခဲ့တယ်။

ကြော်ငြာလေးကို ရိုးရိုးရှင်းရှင်းနဲ့ မိခင်နဲ့ သား ကြားက bond လေး တစ်ခုပိုမိုပေါ်လွင်အောင် သူတို့ ရဲ့ brand ကို မသိမသာလေးသာပြသထားတာတွေ့ရတယ်။ဒါပေမဲ့ ထုံးစံ အတိုင်း Gap ရဲ့ကြော်ငြာ Campaign က အောင်မြင်သင့်သလောက်အောင်မြင်နေအုံးမှာပါပဲ။

 

Source from Adweek , Wiki

 

Myanmar Advertising Directory

 

Read times
Rate this item
(0 votes)