-->
×

Warning

JUser: :_load: Unable to load user with ID: 29


အသက္႐ူသံမ်ားပါဝင္ေသာ Billboard

His Dark Materails ဆိုင္းဘုတ္ဟာ လႈပ္ရွားႏိုင္ ပါသည္ ထို႔ျပင္ အသက္႐ူသံမ်ား , ဝက္ဝံေအာ္သံမ်ားပါဝင္တယ္ သိရပါတယ္။

BBC Creative အဖြဲ႕သားမ်ားကေတာ့ လုပ္ခ်လိုက္ျပန္ပါၿပီ။His Dark Materials Billboard ကို သာမန္ထက္ေငြေၾကးပိုမို အကုန္က် ခံထားတယ္သိရၿပီး အသံပိုင္းဆိုင္ရာပါ Billboard တြင္ထည့္သြင္းထားတယ္သိရွိရပါတယ္။

ကေလးငယ္ရဲ႕ အသက္႐ူသံ ၊ ႏွင္းက်သံ ၊ ဝက္ဝံေအာ္သံမ်ား ပါပါဝင္ၿပီး ႐ုပ္ပုံမ်ားလႈပ္ရွားႏိုင္ပါတယ္။ေတာ္ေတာ္ေလး ခက္ခဲစြာ ျပဳလုပ္ထားေသာ Billboard ေၾကာ္ျငာ ဖန္တီးသူတို႔ရဲ႕ အႏုပညာလက္ရာတစ္ခုပါ။

BBC ရဲ႕ Creative Director ျဖစ္သူ Olly Harnett ေျပာၾကားခ်က္ကေတာ့ " ကြၽန္ေတာ္တို႔က His Dark Materials Billboard ႀကီးကို လုံးဝ epic ျဖစ္ေစခ်င္တဲ့ ရည္႐ြယ္ခ်က္ရွိပါတယ္ ဒါေၾကာင့္လဲ မိသားစုဝင္ေတြ အတူတူသြားတဲ့ ေနရာေလာက္မွာ Billboard ေထာင္ထားျဖစ္တာပါ " ဆိုကာေျပာၾကားသြားခဲ့ပါတယ္။

 

Fedex မွ ေၾကာ္ျငာအသစ္

 

BBC One မွ ေစ်းကြက္ျမင့္တင္ေရး အႀကီးအကဲ အရာရွိျဖစ္သူ Chris Hopper ရဲ႕ ေျပာၾကား ခ်က္ကေတာ့ " ဒီ His Dark Materials ဇာတ္လမ္းတြဲက ကြၽန္ေတာ္တို႔ အေမွ်ာ္လင့္ ဆုံး ဇာတ္လမ္းတြဲဗ် ဒါေၾကာင့္ creative အဖြဲ႕သားေတြကို ​​ေျပာျပၿပီး အျခား Billboard ေတြထက္အကုန္အက်ခံထားတာပါ" ဟုေျပာပါတယ္။

His Dark Materials ဟာ 2019 ခုႏွစ္ရဲ႕ ပထမဆုံး အပိုင္း ကို ႏိုဝင္ဘာ ၃ ရက္ေန႔က ျပသထားၿပီျဖစ္ၿပီး Logan ဇာတ္ကားမွ ကေလး သ႐ုပ္ေဆာင္ Dafne Keen ပါဝင္ထားတယ္သိရပါတယ္။HBO နဲ႔ BBC One တြင္ ၾကည့္႐ူ႕ႏိုင္ပါတယ္။

His Dark Materials ဆိုင္းဘုတ္ကိုေတာ့ လန္ဒန္ၿမိဳ႕ရွိ White City မွ Westfield ေရွာ့ပင္း စင္တာမွာထားရွိထားပါတယ္။ေန႔အခ်ိန္မ်ား ဆိုထို Billboard ေငးၾကည့္ေသာ လူအမ်ားေတာင္ရွိပါသတဲ့။

Unicode >>>

 

His Dark Materails ဆိုင်းဘုတ်ဟာ လှုပ်ရှားနိုင် ပါသည် ထို့ပြင် အသက်ရူသံများ , ဝက်ဝံအော်သံများပါဝင်တယ် သိရပါတယ်။

BBC Creative အဖွဲ့သားများကတော့ လုပ်ချလိုက်ပြန်ပါပြီ။His Dark Materials Billboard ကို သာမန်ထက်ငွေကြေးပိုမို အကုန်ကျ ခံထားတယ်သိရပြီး အသံပိုင်းဆိုင်ရာပါ Billboard တွင်ထည့်သွင်းထားတယ်သိရှိရပါတယ်။

ကလေးငယ်ရဲ့ အသက်ရူသံ ၊ နှင်းကျသံ ၊ ဝက်ဝံအော်သံများ ပါပါဝင်ပြီး ရုပ်ပုံများလှုပ်ရှားနိုင်ပါတယ်။တော်တော်လေး ခက်ခဲစွာ ပြုလုပ်ထားသော Billboard ကြော်ငြာ ဖန်တီးသူတို့ရဲ့ အနုပညာလက်ရာတစ်ခုပါ။

BBC ရဲ့ Creative Director ဖြစ်သူ Olly Harnett ပြောကြားချက်ကတော့ " ကျွန်တော်တို့က His Dark Materials Billboard ကြီးကို လုံးဝ epic ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်ရှိပါတယ် ဒါကြောင့်လဲ မိသားစုဝင်တွေ အတူတူသွားတဲ့ နေရာလောက်မှာ Billboard ထောင်ထားဖြစ်တာပါ " ဆိုကာပြောကြားသွားခဲ့ပါတယ်။

BBC One မှ စျေးကွက်မြင့်တင်ရေး အကြီးအကဲ အရာရှိဖြစ်သူ Chris Hopper ရဲ့ ပြောကြား ချက်ကတော့ " ဒီ His Dark Materials ဇာတ်လမ်းတွဲက ကျွန်တော်တို့ အမျှော်လင့် ဆုံး ဇာတ်လမ်းတွဲဗျ ဒါကြောင့် creative အဖွဲ့သားတွေကို ​​ပြောပြပြီး အခြား Billboard တွေထက်အကုန်အကျခံထားတာပါ" ဟုပြောပါတယ်။

 

Fedex မှ ကြော်ငြာအသစ်

 

His Dark Materials ဟာ 2019 ခုနှစ်ရဲ့ ပထမဆုံး အပိုင်း ကို နိုဝင်ဘာ ၃ ရက်နေ့က ပြသထားပြီဖြစ်ပြီး Logan ဇာတ်ကားမှ ကလေး သရုပ်ဆောင် Dafne Keen ပါဝင်ထားတယ်သိရပါတယ်။HBO နဲ့ BBC One တွင် ကြည့်ရူ့နိုင်ပါတယ်။

His Dark Materials ဆိုင်းဘုတ်ကိုတော့ လန်ဒန်မြို့ရှိ White City မှ Westfield ရှော့ပင်း စင်တာမှာထားရှိထားပါတယ်။နေ့အချိန်များ ဆိုထို Billboard ငေးကြည့်သော လူအများတောင်ရှိပါသတဲ့။

 

Source from Adweek

 

Myanmar Advertising Directory

Read times
Rate this item
(0 votes)