-->
×
Warning
JUser: :_load: Unable to load user with ID: 29
Sales & Marketing မှာ ဘယ် level ကိုပဲရောက်ရောက် အဓိကရှိရမဲ့ အရည်အချင်း google
Superman နဲ့ Batman တို့ ခေါင်းချင်းဆိုင်စေခဲ့တဲ့ အမေရိကန် NFL ပွဲ ကြော်ငြာ
<<<Unicode>>>>
Sales & Marketing မှာ ဘယ် level ကိုပဲရောက်ရောက် အဓိကရှိရမဲ့ အရည်အချင်းကတော့ Tactfulness = အကင်းပါးမှုပါ
ဘယ်လိုအကင်းပါးမှုလဲမေးရင်တော့ အလွှာပေါင်းများစွာရှိပါတယ်။
၁။ sales call တခုဝင်ပြီး ဖုန်းစခေါ်ပြီဆိုတာနဲ့ ကိုယ်တွေ့ရမှာ executive လား supervisor လား manager လား boss လား သွယ်ဝိုက်စုံစမ်းပါ။
၂။ ကိုယ်တွေ့မဲ့သူရဲ့ အခြေအနေအမူအရာပေါ်မူတည်ပြီး ပါးစပ်နားရွက်ချိတ်အောင်ပြုံးပြရမလား ငါးခူပြုံးလေးပဲပြုံးရင်ကောင်းမလား ပုံမှန်လေးပဲလားဆုံးဖြတ်ရာမှာလည်း အကင်းပါးမှုလိုအပ်ပါတယ်။
၃။ သူနဲ့လိုက်ဖက်ညီမယ့်ပစ္စည်းကိုရွေးချယ်တင်ပြဆွေးနွေးရင်လည်း အကင်းပါးမှုလိုအပ်ပါတယ်။
၄။ နောက် follow up လေးလုပ်ရင်လည်း မှန်ကန်တဲ့အချိန်မှာ သင့်လျော်မယ့်ပစ္စည်းကို နှစ်ဦးနှစ်ဖက်အတွက်အဆင်ပြေတဲ့ဈေးလေး offer ပေးရင်းလုပ်ဖို့။ အလုပ်များတဲ့အချိန်သွားမခေါ်ဖို့။ မနက်အစောကြီးအကြွေးမတောင်းဖို့စတာတွေမှာလည်း အကင်းပါးရပါတယ်။
၅။ ဈေးညှိတဲ့နေရာမှာ terms တွေညှိတဲ့နေရာမှာလည်း သူလည်းဝမ်းသာငါလည်းရွှင်ပြုံးဖြစ်ရလေအောင် အကင်းပါးပါးနဲ့လုပ်ဆောင်တတ်ရပါတယ်။
၆။ Complaint တက်လာရင်လည်း ဇွတ်ငြင်းဆိုခြင်းမပြုဘဲ
ဲသူပြောတာကိုလက်ခံသယောင် မခံသယောင်ပြုကာ ကျေနပ်အောင်စကားဆိုပြီး အလွန်အကျွံကတိတွေမပေးမိစေအောင်လည်း အကင်းပါးရပါတယ်။
အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။
Credit to Original Owner
Myanmar Advertising Directory 
Read times
Rate this item
(0 votes)