-->
×
Warning
JUser: :_load: Unable to load user with ID: 29
အိမ်သုတ်ဆေးအမှတ်တံဆိပ် Valspar ကြော်ငြာများဖြင့် မဲပေးမည့်သူများအား အံ့သြစေခဲ့
အိမ်သုတ်ဆေးအမှတ်တံဆိပ် Valspar ကြော်ငြာများဖြင့် မဲပေးမည့်သူများအား အံ့သြစေခဲ့ google
Sale နဲ့ Marketing သမားတွေ အဓိက လိုအပ်တဲ့ “Communicating Skill” တိုးတက်လာဖို့ ဘယ်လိုပြင်ဆင်ကြမလဲ
<<<unicode>>>
အိမ်သုတ်ဆေး Brand Valspar က တီထွင်ဖန်တီးနိုင်သော ကြော်ငြာ အေဂျင်စီ တစ်ခု ဖြစ်တဲ့ FCN Inferno နဲ့ ပူးပေါင်းကာ ဆောင်းရာသီ နှင့် သက်ဆိုင်သော နိုင်ငံရေးဆိုင်ရာ ကြော်ငြာများကို ယာဉ်တန်းဖြင့် မြို့တွင်းလှည့်လည်ကာ မဲဆန္ဒရှင်များအား အံ့သြသွားအောင် လုပ်ခဲ့သည်။
=======================
တီထွင်ဖန်တီးစွမ်းကို ပြသချင်တဲ့ ကြော်ငြာအေဂျင်စီ FCN Inferno နဲ့ အိမ်သုတ်ဆေး Brand Valspar ကုမ္ပဏီတို့ ပူးပေါင်းပြီး ဆောင်းရာသီအထွေထွေ ရွေးကောက်ပွဲအတွက် နိုင်ငံရေးဆိုင်ရာ ကြော်ငြာများကို မဲဆန္ဒရှင်များ အံ့သြသွားအောင် ပြုလုပ်ခဲ့ပါတယ်။
FCN Inferno နဲ့ Valspar ကုမ္ပဏီက ဗင်ကားတွေပေါ်မှာ ရွေးကောက်ခံသူ သုံးဦးစလုံး၏ ရုပ်ပုံ နဲ့အတူ ထိုသူတို့ရဲ့ အားသာချက်များကို ရေးသားဖော်ပြပြီး လမ်းမများတွင် လှည့်လည်ပြသခဲ့ပါတယ်။ အဆိုပါ ဗင်ကားများတွင် ရွေးကောက်မယ့်သူတွေကို သက်ဆိုင်ရာအလိုက် အရောင်တွေကိုလည်း ခွဲခြားပြီးပြုလုပ်ခဲ့ပါတယ်။
Jeremy Corbyn ကို အနီရောင်ဖြင့် ကိုယ်စားပြုပြီး သူ၏ဆောင်ပုဒ်မှာ "Mad About and Faint at Heart" ဖော်ပြထားပြီး Boris Johnson ကို အပြာရောင်ဖြင့် ကိုယ်စားပြုထားပါတယ်။
Boris Johnson ၏ ဆောင်ပုဒ်မှာ ‘Utopia Beckons’ and a ‘Snake Charmer’ ဖြစ်ပါတယ်။ Jo Swinson ရဲ့ ဆောင်ပုဒ်ကတော့ ‘Light and Fluffy’ and ‘Simply Brilliant’ ဖြင့် ဖော်ပြခဲ့ပါတယ်။
Maurice Saatchi သည် သူတည်ထောင်ခဲ့သော ကြော်ငြာအေဂျင်စီမှ နှုတ်ထွက်
Valspar ကုမ္ပဏီ၏ Marketing Directory ဖြစ်သူ Jane Ryder က " ဒီလို ဖန်တီးရခြင်းက အရောင် နှင့် လူတွေအကြားမှ စိတ်ခံမှုတွေကို ဆက်သွယ်နိုင်ဖို့အတွက် အကောင်းဆုံးဖန်တီးခဲ့ခြင်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ လူတွေကို အမြင်ကျယ်လာဖို့အတွက် ရည်ရွယ် ခရီးသွားယာဉ်တန်းဖြစ် လှည့်လည်ပြသခဲ့ခြင်းဖြစ်တယ် လို့ ပြောကြားခဲ့ပါတယ်။"
" ရွေးကောက်ပွဲဆိုတာက လူတစ်ချို့က စိတ်ဝင်မှုနည်းကြပါတယ်။ ဒါကြောင် လူတွေအားလုံး စိတ်ဝင်စားဖို့နဲ့ ရဲရင့်လာစေဖို့အတွက် အခုလို အခွင့်အရေးကို အသုံးချခဲ့တာလည်း ဖြစ်ပါတယ်။ တကယ်လို့ ရွေးကောက်ပွဲကို စိတ်ဝင်စားမှုမရှိရင် ကျွနု်ပ်တို့နဲ့အတူ ကမ္ဘာ့ကြီးက မှောင်မိုက်နေအုံးမှာ ဖြစ်တယ်လို့ "Valspar ကုမ္ပဏီ၏ Marketing Directory ဖြစ်သူ Jane Ryder က ပြောကြားခဲ့ပါတယ်။
အခုလိုပြုလုပ်ရခြင်းကြောင့် များမကြာမီအချိန်မှာ ထွက်ပေါ်လာမယ့် ဝန်ကြီးချုပ်တစ်ယောက် အပေါ်ကို ဘယ်လောက် သက်ရောက်မှုရှိလည်းဆိုတာကို သက်သေပြသွားမှာ ဖြစ်ပါတယ်။
Myanmar Advertising Directory 
Read times
Rate this item
(0 votes)