-->
×

Warning

JUser: :_load: Unable to load user with ID: 29




 


 


 


 


 


 


 


 


 


 


 


 

Apple ရဲ့ ဈေးကွက် မြှင့်တင်ရေး ဗျူဟာ ၇ ချက်

 


 


 

>>> Unicode <<<

 

ဓာတ်ပုံရိုက်လို့ ရတဲ့ ဘတ်စ်ကားမှတ်တိုင်ကြော်ငြာ

-----------

 

အတော်ထူးထူး ဆန်းဆန်းကို မှ ဘတ်စ် ကား မှတ်တိုင် ကြော်ငြာ ကနေ မှ ထို Watchmen ဇာတ်ကား ရဲ့ ဇာတ်ဝင်ခန်းထဲကို အော်တိုရောက်သွားမှာပါ။

DC စူပါ ဟီးရိုး ရုပ်ရှင်ဖြစ်တဲ့ Watchmen (TV series) ရဲ့ ဘတ်စ်ကား မှတ်တိုင် မှ ကြော်ငြာ သည် နည်းပညာ ဆန်းသစ်ထားတာမို့ ကားမှတ်တိုင်အပြင်ဘက် က ရပ်နေတဲ့ သူအား ကားမှတ်တိုင် အထဲမှ သူက ရုပ်ရှင်၏ ဇာတ်ဝင်ခန်းရောက်သွား သလိုမြင်ရသည်။

ထို့ ကြောင့် အထဲ မှ လူက အပြင်မှာရပ်နေသူအား ဓာတ်ပုံရိုက်ပေးကြခြင်း ဖြင့် ထိုရုပ်ရှင် ဇာတ်ဝင်ခန်းထဲရောက်သွား သလို ပုံ အလန်းစားတွေဘတ်စ်ကားစောင့် ရင်းဖြင့်ရိုက်နိုင်ပါသည်။

 

Market Research (ဈေးကွက်ရှာဖွေသုတေသနလုပ်ငန်းများ(၂၁)ခုကို ရှာဖွေရန်နှိပ်ပါ)

 

HBO ရုပ်သံမှ ထို ဘတ်စ်ကားမှတ်တိုင်ကြော်ငြာအား Jcdecaux ( OOH advertising လုပ်ငန်းစု ) နှင့် လက်တွဲ လုပ်ကိုင်ကာ နည်းပညာ နှင့်တီထွင်ဆန်းသစ်မှု့ အသစ် တွေ အသုံးပြု အဆိုပါ ဘတ်စ်ကားမှတ်တိုင်ကြော်ငြာ ကို ပြု လုပ်ခဲ့ ခြင်း ဖြစ်သည်။

ထိုကြော်ငြာ ခြင်းကို Digital Out Of Home ကြော်ငြာ ခြင်းဟုခေါ်သည်။

သမားရိုးကျ ကြော်ငြာ ရေး နည်းလမ်းတွေထဲမှာ Out Of Home ကြော်ငြာ ခြင်းက တစ်ခုတည်းသော လူအများ ရဲ့ အာရုံ စိုက်မှု့ကို ရသော ကြော်ငြာ ရေး နည်းလမ်းသာ ဖြစ်ပါတယ် အခြား တီဗီကြော်ငြာ များ ၊ ရေဒီယို ကြော်ငြာ များ ၊ သတင်းစာ ကြော်ငြာ များ ၊ မဂ္ဂဇင်း မှ ကြော်ငြာ များ က လုပ်ငန်းရှင်တိုင်းနီးပါးကကြော်ငြာ နေကျတာမို့ သိပ်မထူးဆန်းတော့ ဘူးပေါ့

လူအများအာရုံစိုက်တဲ့ Out Of Home ကြော်ငြာ ခြင်းကို မှ နည်းပညာ နဲ့ ပေါင်းစပ်ထားတဲ့ Digital OOH တွေဆိုလူတွေက ပိုလို့ တောင်မျက်စိကျသေးတယ်။Outdoor ကြော်ငြာ ရေးရာ အသင်းချုပ်ရဲ့ ပြောဆိုချက်အရ အဆိုပါ ကြော်ငြာ ရေး နည်းလမ်းတွေအားလုံးရဲ့ ကြော်ငြာ ကြေး အသုံးပြု ငွေက ၈ ဘီလီယံတောင်ရှိပါသတဲ့။

ဥပမာအားဖြင့်ပြောရရင်တော့ -

Vistar Media ( digital OOH လုပ်ငန်းစု ) ဆိုရင် Foursquare နှင့်ပူးပေါင်းပြီး ပရိသတ် ကြည့်ရှု မှုကို တိုင်းတာခြင်းမျိုး ရှိသည်ဟုသိရသည်။ထို့ အတူပဲ Clear Channel နဲ့ JCDecaux တို့ ကလည်း တိုင်းတာချက်တစ်ခုသတ်မှတ်ထားဟန်တူသည်။

Vistar မှ CEO ဖြစ်သူ Michael Provenzano ပြောကြားချက်အရ ထိုကဲ့သို့ Digital Out Of Home ကြော်ငြာ ခြင်းမှ အမြတ် ၁၅၀ မီလီယံ မနှစ်က ရရှိထားတယ်သိရပြီး သည့်အပြင် ၇၀ ရာခိုင်နှုန်း တစ်နှစ်ထက် တစ်နှစ် ၁ ဘီလီယံ တိုးလာမယ်လို့industry forecasts မှ ခန့်မှန်းထားတယ်သိရပါတယ်။

Out Of Home နဲ့ တက်ကစီကြော်ငြာ = တီထွင်ဖန်တီးမှုရှိသော အတွဲအဖက်

ဒီ OOH ကြော်ငြာတွေက သင့်ရဲ့ Brand ကို အွန်လိုင်းက ကြော်ငြာ တွေထက်ပိုပြီး တော့ ပို Safe ဖြစ်တာပေါ့။ကားပေါ်မှာ ကြော်ငြာ တယ်ဆိုပါတော့ ကားပေါ်ကြော်ငြာ ခြင်းက နေရာ များစွာကို ကား လှည့် လည်သွားလာနေတဲ့အတွက် သင့်တီထွင်ဖန်တီးထားတဲ့ကြော်ငြာ ကို လူ ပိုမြင်တာပေါ့။

အချိန်တိုတိုနဲ့ ထိရောက်မှု့ရှိသလား

Neilsen ရဲ့ အဆိုအရ ၎င်း ကြော်ငြာ ကို မြင်ပြီးတာနဲ့ အရွယ်ရောက်ပြီး သူတွေကို မေးမြန်းကြည့်တဲ့ အခါမှာ US မှာ ရှိတဲ့ အရွယ်ရောက်ပြီး သူ ၃၈ ရာခိုင်နှုန်းဟာ ထိုကြော်ငြာ များအား Facebook Page ကို ဝင်ရှာကြည့်ကြပါတယ်တဲ့။OOH ဟာ အခြား ကြော်ငြာ ရေး နည်းလမ်းတွေထက် Millennials တွေတစ်ချို့နဲ့ Gen Z က လူတစ်ချို့ ထံ ပိုမိုထိရောက်ပါတယ်တဲ့။

Myanmar Advertising Directory 

Read times
Rate this item
(2 votes)