-->
×

Warning

JUser: :_load: Unable to load user with ID: 29


Burger King ကဘာကြောင့် မှိုတက်နေတဲ့ ဘာဂါ ကြီးကို ကြော်ငြာ ရတာလဲ


 

ပြီးခဲ့ တဲ့ ဗုဒ္ဓဟူး နေ့ က Burger King ကနေပြီး ၎င်းတို့ ရဲ့ Whopper ဘာဂါ ကြီးကို Time-lapse နဲ့ ရက် ၃၄ ရက်တာမှာ ဘာဂါ မှိုတက်သွားတာကို ရိုက်ပြထားပါတယ်။

 





 

၎င်း တို့ Fast-food ဆိုင်ကြီး အနေနဲ့ မပုပ်မသိုးဆေး အသုံးမပြုတော့တဲ့ ဘာဂါကို ရောင်းချတော့ မည်ဖြစ် ကြောင်း စားသုံးသူတွေကို လက်တွေ့ ချပြလိုက်တဲ့ သဘောပဲ။

 


 





 


 

ဓာတ်ပုံရိုက်လို့ ရတဲ့ ဘတ်စ်ကားမှတ်တိုင်ကြော်ငြာ

 

 




 


 


 

Market Research (ဈေးကွက်ရှာဖွေသုတေသနလုပ်ငန်းများ(၂၁)ခုကို ရှာဖွေရန်နှိပ်ပါ)

 

>>> Unicode <<<

 

Burger King ကဘာကြောင့် မှိုတက်နေတဲ့ ဘာကာ ကြီးကို ကြော်ငြာ ရတာလဲ

-------------------------------------

 

Fast-food ကြော်ငြာ တစ်ခုက သဘာဝ တရားရဲ့ အလှ အပ ကို ပြသသွားတယ်ဆို သင်တို့ ယုံနိုင်မလား ?

 

ပြီးခဲ့ တဲ့ ဗုဒ္ဓဟူး နေ့ က Burger King ကနေပြီး ၎င်းတို့ ရဲ့ Whopper ဘာကာ ကြီးကို Time-lapse နဲ့ ရက် ၃၄ ရက်တာမှာ ဘာကာ မှိုတက်သွားတာကို ရိုက်ပြထားပါတယ်။

 

Whopper ဆိုတာကတော့ နူးညံအိစက်နေတဲ့ အသားတုံးကြီးပေါ့ လူအများ Burger Kings မှ Burger Kings ဖြစ်နေရတဲ့ သူတို့ရဲ့ အားသာချက်ကြီးပေါ့။



ပြောရရင် ထိုကြော်ငြာ Campaign နဲ့ ပတ်သက် ရှင်းလင်းပွဲ မှာပြောခဲ့တာက ယခုလိုမျိုး Burger King က မှိုတက်နေတာ ကို ရိုက်ပြခြင်းက

 

၎င်း တို့ Fast-food ဆိုင်ကြီး အနေနဲ့ မပုပ်မသိုးဆေး အသုံးမပြုတော့တဲ့ ဘာကာကို ရောင်းချတော့ မည်ဖြစ် ကြောင်း စားသုံးသူတွေကို လက်တွေ့ ချပြလိုက်တဲ့ သဘောပဲ။

 

KFC နဲ့ Crocs ပူးပေါင်းပြီး ကြက်ကြော်ပုံးပုံ ဖိနပ်ထုတ်လုပ်

 

အချို့ စားသောက်ကုန်တွေက မပုပ်မသိုး ကယ်မီကယ်တွေ သုံးကြတယ်ဆိုတာကို မျက်မြင်ကိုယ်တွေ့ ချပြလိုက်တာပါ။

 

သူတို့ အနေနဲ့ ထို အရာကိုဥရောပ ဈေးကွက်နဲ့ အမေရိက ဈေးကွက်မှာ အစားအစာများတွင် မပုပ်မသိုးဆေးသုံးခြင်းကို တိုက်ဖြတ်တော့မှာပါ။



Burger King ရဲ့ ဈေးကွက်မြှင့် တင်ရေး ဆိုင်ရာ အကြီ်းအကဲ ဖြစ်သူ Fernando Machado ရဲ့ ပြောကြား ချက်ကတော့ “ ကျွန်တော်တို့ Burger King မှာဆိုရင် ဓာတုဆေးဝါးကင်းလွတ်တဲ့ အစားအသောက်တွေက ပိုပြီး စားရတာ အရသာရှိပါတယ် “

 

'' ကျွန်တော်တို့ က ကမ္ဘာ့နိုင်ငံအသီးသီးကို အစားအစာ ပြု လုပ်ရောင်းချနေတာ ဖြစ်တော့ ထို ကြာရှည်ခံဓာတုဆေးဝါးနဲ့ ဆိုးဆေးတွေကိုဖယ်ထုတ်ပြစ်ရင်တော့ အကောင်းဆုံးပေါ့ '' ဆိုကာ ပြောကြား သ ွားခဲ့ပါတယ်။

 

Burger King ဟာ ဓာတုဆေးဝါးကင်းလွှတ်ဘာကာ တွေကို ၂၀၂၀ နှစ်ကုန်မှာ အမေရိက က စားသောက်ဆိုင်တွေမှာ စတင်ရောင်းချတော့ မှာပါ။



ထိုအပြောင်းအလဲကို ရေရှည်မှာတည်မြဲ စေဖို့ မျှော်လင့်ရပြီး သဘာဝ ဆန်တဲ့ လက်ဆတ်သော အသားတွေရလာဖို့ ရည်ရွယ်ပါတယ်။

 

McDonald’s ကတော့ မနက်ထဲက လက်ဆတ်တဲ့ အမဲသားတွေကို ခဲထားပြီး ရောင်းချခဲ့ပါတယ်။ပြီးခဲ့ တဲ့ ဂျန်နဝါရီလက Popeyes ကနေပြီး ကြက်သားကို လက်ဆတ်တဲ့ ကြက်ဖြစ်အောင် လုပ်ခဲ့ပါတယ်။

 

Iceland မှာဆိုရင်တော့ အဆိုပါ ဓာတုဆေးဝါးအသုံး ပြု ခြင်းကို အရင်ကတည်း က အသုံးပြု ထားတာပါ။McDonald’s ဘာကာနဲ့ အာလူးချောင်းကြော်တွေက မပုပ်မသိုးနေလို့ ၂၀၀၉ ခုနှစ်လောက်က McDonald အပိတ်ခံခဲ့ရပါသေးတယ်။

 

မည်သို့ ပင်ဆိုစေကာမှု Burger King က ထိုကြော်ငြာ မှာ သဘာဝရဲ့ အလှ တရားကို ဖော်ဆောင်သွားခဲ့တာပါပဲ။

 

Source From BusinessInsider 

Myanmar Advertising Directory 

Read times
Rate this item
(1 Vote)