-->
×

Warning

JUser: :_load: Unable to load user with ID: 29




 


 


 


 


 


 


 


 


 


 


 

McDonald's လုပ်ငန်းစုရဲ့ ပဲ့ကိုင်ရှင် Ray Kroc ရဲ့ ကြော်ငြာ ရေး နည်းလမ်း

 


 


 


 


 


 


 


 


 

>>> Unicode <<<

 

ခန္ဓာကိုယ် ချို့ယွင်းချက်ကို အားသာချက်အဖြစ်ပြောင်းလဲခဲ့တဲ့ Model လေး

--------------

 


အခုတစ်ခါမှာတောခန္ဓာကိုယ်မှာချို့ယွင်းချက်တွေရှိပေမဲ့ အားသာချက်အဖြစ်ပြောင်းလဲခဲ့တဲ့အရည်အချင်းရှိတဲ့ model လေးတစ်ယောက်အကြောင်းကိုဖော်ပြပေးချင်ပါတယ်။

သူလေးကတော့ Canadian model လေး Winnie Harlow ပါ။ သူမရဲ့အမည်အရင်းကတော့ Chantelle Brown-Young ပဲဖြစ်ပါတယ်။

သူမကို 1995,July 27 မှာ Toronyo,Ontario,Canada မှာ Windsor Youngနဲ့ Lisa Brown တို့ကနေမွေးဖွားခဲ့ပါတယ်ခင်ဗျ။

Winnieရဲ့နာမည်ပြောင်ကတော့ Chantelle Winnie, Zebra တို့ဖြစ်ပါတယ်။

သူမဟာငယ်စဉ်ထဲကသူမအသားအရေပေါ်လှောင်ပြောင်မှု့တွေကြောင့်တစ်ကျောင်းပြီးတစ်ကျောင်းပြောင်းခဲ့ရသူပါ။

သူမဟာအသက် 4 နှစ်ထဲက Vitiligo ရောဂါကိုခံစားခဲ့ရတာပါ။

သူမဟာလှောင်ပြောင်မှု့တွေကြောင့်အသက် 16 နှစ်မှာကျောင်းထွက်ခဲ့ပြီးသက်သေဖို့အထိတောင်ကြိုးစားခဲ့ပါတယ်တဲ့။

Winnie ကို America's Next Top Model ရဲ့ hostဖြစ်တဲ့ Tyra Banks ကနေ Instagram ပေါ်ကနေရှာဖွေတွေ့ရှိတာပါတဲ့။

သူမ America's Next Top Model မှာပါဝင်ခဲ့တဲ့ ပထမဆုံး Canadian တစ်ဦးပါတဲ့။

သူမဟာ BBC's 100 Women မှာ No.1 နေရာကနေပါဝင်ခဲ့ပါတယ်တဲ့။

 

Outdoor Advertising Specialist (ပြင်ပရိုက်ကူးရေးကြော်ငြာလုပ်ငန်းများ(၄၀)ကိုရှာရန်နှိပ်ပါ။)

 

သူမရဲ့အရပ်ကတော့ 5 ပေ 9 လက်မရှိပြီးကိုယ်ခန္ဓာအလေးချိန်ကတော့ 55 kg ရှိပါတယ်။

ခန္ဓာကိုယ်အချိုးအစားကတော့ 34-25-36 စီရှိပြီး ဆံပင်နဲ့မျက်လုံးအရောင်ကတော့အနက်ရောင်ပါ။

သူမဟာသူမလို Vitiligo ရောဂါခံစားရတဲ့ဘဝတူတွေအတွက် public speaker လဲလုပ်ပါတယ်တဲ့။

သူမဟာ popular vitiligo model from Canada ဆိုပြီးတော့လဲနာမည်ကြီးပါတယ်တဲ့။

သူမရဲ့ Vitiligo ဖြစ်တဲ့အသားအရည်ကသူမကိုပိုပြီးထူးခြားစေပြီးနာမည်ပိုပြီးကြီးစေခဲ့ပါတဲ့။

သူမဟာ 2015 London Fashion Week ပါပထမဆုံးအနေနဲ့ပါဝင်ခဲ့ပြီး Media တွေသူမကိုပိုပြီးသတိထားပြီးအာရုံစိုက်ခဲ့ကြတာပါတဲ့။

သူမဟာ model မလုပ်ခင်ကတည်းက Vitiligo ဘဝတူတွေအတွက်သူမရဲ့အခက်အခဲ စတာတွေကိုဝေမျှရင်းနာမည်ကြီးပါတယ်တဲ့။

Winnie ဟာ 2018 မှာ Victoria's Secret Fashion Show ရဲ့ Model အဖြစ်ပါဝင်ခဲ့ပါတယ်။

Winnie ဟာဆိုရင်တော့ Diesel ၊ H & M စတဲ့ Brand တွေရဲ့ ကြော်ငြာ များတွင်ပါဝင်ခဲ့တဲ့ ကြော်ငြာ Influencer တစ်ဦးပါ။

 

Myanmar Advertising Directory 

Read times
Rate this item
(0 votes)