-->
×

Warning

JUser: :_load: Unable to load user with ID: 29


အေရာင္းသမားမ်ားႏွင့္ စိတ္ဖတ္စြမ္းရည္

အေရာင္းဆိုတဲ့ အလုပ္က နာမည္ေလးၾကားရင္ လြယ္ကူေနမယ္လို႕ ထင္ရတာ တကယ္တန္းမွာ ခက္ခဲတဲ့ ကိစၥ ရပ္ေတြအမ်ားသား အေရာင္းသမားရဲ႕ ရွိသင့္ ရွိထိုက္တဲ့ အရည္ အေသြး က ဆက္ဆံေရး ေကာင္းရမယ္ေပါ့ေနာ္ သည့္ အျပင္ ကိုယ့္ ဝယ္သူရဲ႕ စိတ္ကို ဖတ္ႏိုင္စြမ္းရွိရမယ္။

သင့္အေနနဲ႕ ဘာပစၥည္းပဲ ေရာင္းေရာင္း လူတစ္ေယာက္ကို ေရာင္းဖို႕ Process စတင္လုပ္ေဆာင္ၿပီ ဆို ဝါႏုလွတဲ့ အေရာင္းသမားေတြထဲမွာေတာင္ လူကဲခက္ေတာ္တဲ့သူ ျဖစ္ခဲ့ရင္ ကိုယ့္ဝယ္သူရဲ႕ စိတ္ကို ျမင္ႏိုင္တယ္။ေရာင္းေနရင္းနဲ႕ ကိုျမင္ႏိုင္ေနတာ တကယ့္ ဝါရင့္ အေရာင္း သမား ေတြရဲ႕စိတ္က် Powerful ျဖစ္လြန္းတယ္ သူတို႕ ေရာင္းသူက စကား အနည္းငယ္ ေျပာလိုက္တာနဲ႕ တင္ ထိုသူ ရဲ႕ အတြင္းစိတ္ထဲက Need & Want ကို သူတို႕ အေတာ္ေလးျမင္ၾကတာမ်ားတယ္။

 

အေရာင္းမွာလဲ ေရာင္းပုံ ေရာင္းနည္းေတြ ေတာ္ေတာ္မ်ား တယ္ လို႕ ေျပာရမယ္ One Off Selling ( လက္လီ ေရာင္းျခင္း ) , Relationship Selling ( ေျပာရရင္ေတာ့ Business to business အေရာင္းမ်ိဳးေပါ့ ) , System Selling ( အခ်က္အလက္က်က် ေရာင္းခ်ျခင္း ) , High Probability Selling ( တကယ့္ ကိုယ့္၀ယ္သူေတြကို အေလးထားၿပီး ေရာင္းခ်ျခင္း , Buying Facilitation ( ၀ယ္သူေတြကို အဆင္ေခ်ာေအာင္ပံ့ပိုးေပးျခင္း ) ႏွင့္ The Challenger Sale ( ေစ်းကြက္မွာ ၿပိဳင္ဘက္ေတြၾကား စိန္ေခၚရပ္တည္ႏိုင္ျခင္း ) စတာတို႕ ပါဝင္ပါတယ္။

 

တကယ္ေစ်းေရာင္းေတာ္တဲ့ သူကို ၾကည့္ လိုက္ပါ ကုန္စံုဆိုင္ေလး ေသးေသးေလးကေန လက္ကားဆိုင္ႀကီးေတြအထိ ၊ ဒါမွ မဟုတ္ လုပ္ငန္းစု တ္ိုင္းရဲ႕ အေရာင္း ဝန္ထမ္းေတြကိုၾကည့္ ဘာေရာင္းေရာင္း သူတို့က တစ္ဖက္လူကို နႈတ္ခ်ိဳၾကရတယ္ ဒါ့ထက္ အေရာင္း Process ႀကီးတစ္ခုလုံးကို စိတ္ဖတ္ၿပီး လုပ္ေဆာင္ၾကတာ မ်ားတယ္။

 

စတင္ေရာင္းၿပီ ဆိုပါေတာ့ အေရာင္းသမားက လူေတြ ရဲ႕ စိတ္ကို အတြင္းက်က် ရိပ္ကဲ မိတယ္ ၊ ဒီလူတစ္ေယာက္က တကယ္ဝယ္မွာလား ဝယ္ရင္ေရာ ေငြ ေၾကးပမာဏ ဘယ္ေလာက္သံုးစြဲႏိုင္မလဲ ၊ အျခား ပစၥည္းေတြ Extra ထက္ေရာင္းခ်လို႕ ရမွာလား စတာေတြ ကို၎တို႕ အေနနဲ႕ သိရွိၿပီးသားျဖစ္တယ္။

 

အေရာင္း Process ႀကီး တစ္ခု လုံးမွာ သြားတဲ့ ပုံက ေသသပ္ တယ္ အေရာင္းသမားေတြက ေရာင္းေနရင္း Service ေပးေနရင္း Process ကို စကားေအးေဆးေျပာကာ လုပ္ေဆာင္သြားတာ ေတြ႕ ရတယ္ စကားေျပာရင္းနဲ႕ မွ တစ္ျဖည္းျဖည္းသိလာရာတာက ထိုဝယ္သူရဲ႕ စိတ္ေပါ့ ဘယ္လိုလူမ်ိဳးကို ဘယ္လိုပုံစံ အေရာင္းသမားေတြက ခ်င္းကပ္ရမလဲ ဆိုတာမ်ိဳး စိတ္ဖတ္လာႏိုင္တယ္။

 

ထို႕အျပင္ တခ်ိဳ႕ အေရာင္းသမားေတြဆို ေစ်းဆစ္ေလာက္မယ့္ ဝယ္သူကို ေစ်းအနည္းငယ္ပိုေျပာထားၿပီး သူေစ်းစစ္ေတာ့ မွ ဝယ္သူစိတ္ေက်နပ္ေအာင္ ေစ်းကို ေလ်ာ့ေပး လိုက္တာမ်ိဳးေပါ့ ဒါေတြက ဝါရင့္ ၿပီး အထာနပ္တဲ့အေရာင္းသမားေတြ ရဲ႕ ပါးနပ္တဲ့ မာယာ ပရိရာယ္ေပါ့။

 

ထိုသို႕ စိတ္ဖတ္စြမ္းရည္ရေအာင္ဘယ္လ္ို လုပ္ရမလဲ အလုပ္က သင္ေပးသြားမယ္ဆိုေပမဲ့ တကယ္တန္းမွာ စိတ္ဖတ္စြမ္းရည္ရဖို႕ လူကဲ ခက္ ေလ့က်င့္ရမယ္ အေမရိကန္ရဲ႕ အေရာင္း နဲ႕ ေစ်းကြက္ စီးပြားေရး ဆိုင္ရာ တကၠသိုလ္တစ္ခုမွာဆို အဆိုပါ စိတ္ဖတ္ စြမ္းရည္အတြက္ တရားထိုင္တာ တို႕ ေရာဂါ က်င့္တာတို႕ပါ လုပ္ဖို႕ လိုေၾကာင္း ၫႊန္းဆိုထားတာေတြ႕ရပါတယ္။

 

 

<<< Unicode >>>

 

အရောင်းသမားများနှင့် စိတ်ဖတ်စွမ်းရည်

---------------

 

အရောင်းဆိုတဲ့ အလုပ်က နာမည်လေးကြားရင် လွယ်ကူနေမယ်လို့ ထင်ရတာ တကယ်တန်းမှာ ခက်ခဲတဲ့ ကိစ္စ ရပ်တွေအများသား အရောင်းသမားရဲ့ ရှိသင့် ရှိထိုက်တဲ့ အရည် အသွေး က ဆက်ဆံရေး ကောင်းရမယ်ပေါ့နော် သည့် အပြင် ကိုယ့် ဝယ်သူရဲ့ စိတ်ကို ဖတ်နိုင်စွမ်းရှိရမယ်။

 

သင့်အနေနဲ့ ဘာပစ္စည်းပဲ ရောင်းရောင်း လူတစ်ယောက်ကို ရောင်းဖို့ Process စတင်လုပ်ဆောင်ပြီ ဆို ဝါနုလှတဲ့ အရောင်းသမားတွေထဲမှာတောင် လူကဲခက်တော်တဲ့သူ ဖြစ်ခဲ့ရင် ကိုယ့်ဝယ်သူရဲ့ စိတ်ကို မြင်နိုင်တယ်။ရောင်းနေရင်းနဲ့ ကိုမြင်နိုင်နေတာ တကယ့် ဝါရင့် အရောင်း သမား တွေရဲ့စိတ်ကျ Powerful ဖြစ်လွန်းတယ် သူတို့ ရောင်းသူက စကား အနည်းငယ် ပြောလိုက်တာနဲ့ တင် ထိုသူ ရဲ့ အတွင်းစိတ်ထဲက Need & Want ကို သူတို့ အတော်လေးမြင်ကြတာများတယ်။

 

အရောင်းမှာလဲ ရောင်းပုံ ရောင်းနည်းတွေ တော်တော်များ တယ် လို့ ပြောရမယ် One Off Selling ( လက်လီ ရောင်းခြင်း ) , Relationship Selling ( ပြောရရင်တော့ Business to business အရောင်းမျိုးပေါ့ ) , System Selling ( အချက်အလက်ကျကျ ရောင်းချခြင်း ) , High Probability Selling ( တကယ့် ကိုယ့်ဝယ်သူတွေကို အလေးထားပြီး ရောင်းချခြင်း , Buying Facilitation ( ဝယ်သူတွေကို အဆင်ချောအောင်ပံ့ပိုးပေးခြင်း ) နှင့် The Challenger Sale ( ဈေးကွက်မှာ ပြိုင်ဘက်တွေကြား စိန်ခေါ်ရပ်တည်နိုင်ခြင်း ) စတာတို့ ပါဝင်ပါတယ်။

 

တကယ်ဈေးရောင်းတော်တဲ့ သူကို ကြည့် လိုက်ပါ ကုန်စုံဆိုင်လေး သေးသေးလေးကနေ လက်ကားဆိုင်ကြီးတွေအထိ ၊ ဒါမှ မဟုတ် လုပ်ငန်းစု တိုင်းရဲ့ အရောင်း ဝန်ထမ်းတွေကိုကြည့် ဘာရောင်းရောင်း သူတို့က တစ်ဖက်လူကို နှုတ်ချိုကြရတယ် ဒါ့ထက် အရောင်း Process ကြီးတစ်ခုလုံးကို စိတ်ဖတ်ပြီး လုပ်ဆောင်ကြတာ များတယ်။

 

စတင်ရောင်းပြီ ဆိုပါတော့ အရောင်းသမားက လူတွေ ရဲ့ စိတ်ကို အတွင်းကျကျ ရိပ်ကဲ မိတယ် ၊ ဒီလူတစ်ယောက်က တကယ်ဝယ်မှာလား ဝယ်ရင်ရော ငွေ ကြေးပမာဏ ဘယ်လောက်သုံးစွဲနိုင်မလဲ ၊ အခြား ပစ္စည်းတွေ Extra ထက်ရောင်းချလို့ ရမှာလား စတာတွေ ကို၎င်းတို့ အနေနဲ့ သိရှိပြီးသားဖြစ်တယ်။

 

အရောင်း Process ကြီး တစ်ခု လုံးမှာ သွားတဲ့ ပုံက သေသပ် တယ် အရောင်းသမားတွေက ရောင်းနေရင်း Service ပေးနေရင်း Process ကို စကားအေးဆေးပြောကာ လုပ်ဆောင်သွားတာ တွေ့ ရတယ် စကားပြောရင်းနဲ့ မှ တစ်ဖြည်းဖြည်းသိလာရာတာက ထိုဝယ်သူရဲ့ စိတ်ပေါ့ ဘယ်လိုလူမျိုးကို ဘယ်လိုပုံစံ အရောင်းသမားတွေက ချင်းကပ်ရမလဲ ဆိုတာမျိုး စိတ်ဖတ်လာနိုင်တယ်။

 

ထို့အပြင် တချို့ အရောင်းသမားတွေဆို ဈေးဆစ်လောက်မယ့် ဝယ်သူကို ဈေးအနည်းငယ်ပိုပြောထားပြီး သူဈေးစစ်တော့ မှ ဝယ်သူစိတ်ကျေနပ်အောင် ဈေးကို လျော့ပေး လိုက်တာမျိုးပေါ့ ဒါတွေက ဝါရင့် ပြီး အထာနပ်တဲ့အရောင်းသမားတွေ ရဲ့ ပါးနပ်တဲ့ မာယာ ပရိရာယ်ပေါ့။

 

ထိုသို့ စိတ်ဖတ်စွမ်းရည်ရအောင်ဘယ်လို လုပ်ရမလဲ အလုပ်က သင်ပေးသွားမယ်ဆိုပေမဲ့ တကယ်တန်းမှာ စိတ်ဖတ်စွမ်းရည်ရဖို့ လူကဲ ခက် လေ့ကျင့်ရမယ် အမေရိကန်ရဲ့ အရောင်း နဲ့ ဈေးကွက် စီးပွားရေး ဆိုင်ရာ တက္ကသိုလ်တစ်ခုမှာဆို အဆိုပါ စိတ်ဖတ် စွမ်းရည်အတွက် တရားထိုင်တာ တို့ ရောဂါ ကျင့်တာတို့ပါ လုပ်ဖို့ လိုကြောင်း ညွှန်းဆိုထားတာတွေ့ရပါတယ်။

 

 

Myanmar Advertising Directory 

 

 

Read times
Rate this item
(0 votes)