-->
×

Warning

JUser: :_load: Unable to load user with ID: 29


FMCG တွေ Facebook ပေါ်မှ ကမ္ဘာတစ်လွှား မကြော်ငြာကြတော့ရင် .....

ဖေ့ဘုတ်ရဲ့ ပဲ့ကိုင်ရှင် မက် ဇူကာဘက် အနေနဲ့ ပြီးခဲ့တဲ့ဇွန်လ ၂၆ ရက်နေ့ ( သောကြာနေ့ ) က ပြောကြားချက်တွင် ဖေ့ဘုတ်အနေနဲ့ သူတို့ရဲ့ ဆိုက်ပေါ်မှာ သတင်းအချက်အလက်မပြည့်စုံတဲ့ အရာတွေနဲ့ ပတ်သက် ပြောကြားချက်တွင် မဲပေးရွေးချယ်တဲ့ ကိစ္စ ရပ်များနှင့်ပတ်သက် ရွေးကောက်ခံသူများကိုကာကွယ်ပေးမည်ဖြစ်ကြောင်း ကိုသာပြောကြားခဲ့ပြီးစီးပွားရေး ကြော်ငြာများနဲ့ပတ်သတ် ကြော်ငြာရှင်လုပ်ငန်းစုအတော်များများ မျှော်လင့်တဲ့ အဖြေကို မပေးနိုင်ခဲ့ပါဘူး။ထို့ကြောင့်ပင်လျှင် ၇.၂ ဘီလီယံလောက် ငွေအဝင်ကျဆင်းခဲ့ပါတယ်။

 

ယခုဆိုရင်တော့ ပြီးခဲ့တဲ့သောကြာနေ့ကတည်းက ဖေ့ဘုတ်ရဲ့ ကြော်ငြာကြောင့်ရတဲ့ ငွေကြေးက ရပ်တန့်သွားပြီမို့ ဈေးကွက် ရှယ်ယာ ၈.၃ ရာခိုင်နှုန်းဝေစု ကျဆင်းခဲ့ပါတယ်။တကယ်တန်းမှာ ကုန်ပစ္စည်းထုတ်လုပ်ရောင်းချတဲ့ Brand ကြီးဖြစ်တဲ့ Unilever ကလည်း နဂိုက ကမ္ဘာ မှာ ကြော်ငြာကြေးငွေ အဖြုန်းနိုင်ဆုံး Brand ဖြစ်သည့်တိုင် သူတို့အနေနဲ့ ဆန္ဒ ပြပညာပေးခြင်းမှာပါဝင်ခဲ့ပါတယ် Unilever အနေနဲ့ ဒီနှစ်အတွက် ဖေ့ဘုတ်မှာကြော်ငြာဖို့ငွေကြေးသုံးစွဲတာကိုရပ်တန့်လိုက်ပါပြီလို့ လည်းပြောကြားခဲ့တာတွေ့ရပါတယ်။

 

အခုလိုဖြစ်ပွားမှု့တွေက ဖေ့ဘုတ်ရဲ့ဈေးကွက်တန်ဖိုးကို ၅၆ ဘီလီယံလောက်ကျဆင်းစေပြီး Bloomberg ရဲ့ပြောဆိုပုံအရဆို ဇူကာဘက်ရဲ့ ငွေကြေးပိုင်ဆိုင်မူ့ထဲက ၈၂.၃ ဘီလီယံ ထိ လျော့ကျတယ်သိရပါိတယ်။ထိုသို့ဖြစ်ပွားခဲ့ခြင်းဟာ ဖေ့ဘုတ်ရဲ့ CEO ဖြစ်တဲ့ မတ်ဇူကာဘက်ကို ကမ္ဘာ့သူဌေးများ စာရင်းမှ တစ်ဆင့်နိမ့်သွားစေခဲ့ကာ စတုတ္ထ နေရာသို့ရောက်ရှိခဲ့စေခဲ့ပါတယ်။ နာမည်ကြီးဇိမ်ခံ Brand ဖြစ်တဲ့ Louis Vuitton ရဲ့သူဌေးဖြစ်သူ Bernard Arnault ဟာ မက်ဇူကာဘက်နေရာကိုယူခဲ့ပြီး Jeff Bezos နဲ့ Bill Gates ပြီးရင် အချမ်းသာဆုံးစာရင်းတွင်နေရာရလာပါတယ်။

 

အခုဆိုရင် လုပ်ငန်းစုတွေအနေနဲ့ Verizon ကနေစပြီး Hershey အထိ အကုန်လုံးလိုလို ဆိုရှယ်မီဒီယာ ကြော်ငြာထည့်ခြင်းကို ရပ်တန့်လိုက်ပြီသိရပါတယ် ဘာလို့ဆိုအကြောင်းပြချက်ကတော့ Facebook အနေနဲ့ ရဲများရဲ့ အမုန်းစကားများနဲ့ အချက်အလက်မရှိတဲ့ ကိစ္စရပ်တွေကို လုံလုံလောက်လောက်တားမြစ်ခြင်းမတွေ့ရလို့ပါ။Coca Cola လုပ်ငန်းစုရဲ့ပြောကြားချက်အရဆိုသူတို့အနေနဲ့ ဆိုရှယ်မီဒီယာများမှာ ကြော်ငြာခြင်းကို အနည်းဆုံး ရက် ၃၀ အထိ ရပ်တန့်ထားမယ်သိရပါတယ် သည့်ထက်လည်းပိုမိုကြာနိုင်ပါတယ်။

 

မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မားကတ်တင်းမှာ ဆိုလည်းပဲ တကယ်လို့ ကမ္ဘာတစ်လွှားကြော်ငြာများ ချုပ်ကိုင်ထားခြင်းကို Facebook လက်လွှတ်ရသောအခါ FMCG (Fast-moving consumer goods) တွေလို ကြော်ငြာအတွက် ငွေဖြုန်းအားကောင်းတဲ့ ဒစ်ဂျစ်တယ်‌ကြော်ငြာတွေ ဘယ်နေရာကို အပြောင်းအရွှေ့ ပြုနိုင်သလဲဆိုတာ ကြော်ငြာလုပ်ငန်းကဏ္ဍမှာ ကျင်လည်နေသူတချို့ကို မေးမြန်းတီးခေါက်ကြည့်ခဲ့ပါတယ်။

 

'' Facebook ပေါ်မှာ မကြော်ငြာ ဖြစ်တော့ဘူးဆိုရင် အခြားကြော်ငြာနည်းလမ်းများဖြင့် ဆွဲဆောင်မှုရှိတဲ့ ကြော်ငြာအဖြစ်ဖန်တီးကာ လူတွေအမြင်ကို ဖမ်းစားနိုင်ပါတယ်။ ကုန်အမှတ်တံဆိပ်တွေ အနေနဲ့ ဘယ်လိုကြော်ငြာမျိုးတွေ အဖြစ်ပုံဖော်မလဲဆိုရင် Google Display Network ( GDN ) အဖြစ်ဖန်တီးလို့ရတယ် ( ဥပမာ - သင် Website တစ်ခု ဖွင့်လိုက်တာနဲ့ အကွက်နဲ့ ပေါ်လာတဲ့ ကြော်ငြာများကို ဆိုလိုခြင်းပင်ဖြစ်ပြီး အဆိုပါကြော်ငြာ ကို တို့ထိတာနဲ့ သူ့ရဲ့ ပင်တိုင်Website ကို ရောက်သွားတာမျိုးပေါ့ ) Youtube မှာလည်းကြော်ငြာ လို့ရသလို , Application တွေမှာ လည်း ကြော်ငြာလို့ရပါတယ်'' လို့ Innity Myanmar မှ Key Executive Manager ကိုအောင်ပြည့်ဖြိုးက ‌ပြောပါတယ်။

 

သည့်အပြင် ထပ်မံပြောကြားချက်က Innity High Impact တွေ Interactive Ads တွေ အနေနဲ့ ကြော်ငြာ လို့ရသေးတယ် ဆိုပါတယ်။( High Impact Ads တွေကတော့ ရုပ်ထွက်ကောင်းမွန်တဲ့ အလှုပ်ကြော်ငြာ မျိုးဖြစ်ပြီး Interactive Ads ဆိုတာကတော့ ကြော်ငြာကိုပဲ ထုတ်ကုန်ပေါ်လွင်အောင် ဆော့လို့ရတဲ့ ဂိမ်းအဖြစ် ပြုလုပ်ထားတာမျိုးကို ဆိုလိုပါတယ် )

 

အဆိုပါ နည်းလမ်းများနှင့်ကြော်ငြာမယ်ဆိုရင် Facebook ထက်တောင် လူတွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်မှာပါ။ ဒီတော့ Facebook မှာ အကြောင်းကြောင်းကြောင့် မကြော်ငြာတော့တဲ့ FMCG တွေဟာ ဆိုရှယ်မီဒီယာအစား သတင်းမီဒီယာ အပါအဝင် အခြားမီဒီယာတွေမှာ ထိထိရောက်ရောက် ကြော်ငြာလို့ ရနေမယ်လို့ ကောက်ချက်ချနိုင်ပါတယ်။

 

FMCG ဖြစ်တဲ့ ကိုကာကိုလာ ကတော့ "ကမ္ဘာပေါ်မှာ လူမျိုးရေးခွဲခြားမှုအတွက် နေရာမရှိဘူး၊ ဆိုရှယ်မီဒီယာမှာ လူမျိုးရေးခွဲခြားမှု မရှိဘူး" လို့ ၎င်းရဲ့ အရာရှိချုပ် James Quincey က ကိုကာကိုလာရဲ့ဆိုဒ်မှာ ရေးခဲ့ပါတယ်။ "Coca-Cola ကုမ္ပဏီသည်အခကြေးငွေပေးသော ကြော်ငြာများကို တစ်ကမ္ဘာလုံးရှိ ဆိုရှယ်မီဒီယာ စာမျက်နှာအားလုံးတွင်အနည်းဆုံးရက်ပေါင်း ၃၀ ကြာအောင် ခေတ္တရပ်ဆိုင်းမည် ဖြစ်သည်။ ပြင်ဆင်မှုများပြုလုပ်ရန်လိုအပ်မလား ဆိုသည်ကို ဆုံးဖြတ်ရန် ကျွန်ုပ်တို့၏ ကြော်ငြာပေါ်လစီများကို ပြန်လည်သုံးသပ်ရန်အတွက် အချိန်ယူမည်။ ကျွန်ုပ်တို့၏ လက်တွဲဖော် လူမှုမီဒီယာများမှ ပိုမိုတာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုကိုလည်းမျှော်လင့်နိုင်သည်။"လို့ ဖော်ပြထားပါတယ်။

 

ထိုသို့ facebook တွင်ကြော်ငြာခြင်း ရပ်တန့်လိုက်တဲ့ ကြော်ငြာ ရှင်တွေထဲတွင် ဖေ့ဘုတ်တွင်ကြော်ငြာ အတွက် ငွေကြေးအများကြီး အသုံးပြု ကြော်ငြာ တဲ့ Unilever လည်းပါဝင်တယ်သိရပါတယ်။Unilever အနေနဲ့ကတော့ ပြီးခဲ့တဲ့ သောကြာနေ့က သူ့ရဲ့ Facebook စာမျက်နှာပေါ်တွင်ရေးသားခဲ့တာက ၎င်းတို့ အနေနဲ့ Facebook , Instagram နဲ့ Twitter တို့တွင် ၎င်းတို့ကြော်ငြာ တော့မှာ မဟုတ်ကြောင်း ကုန်အမှတ်တံဆိပ်များအနေဖြင့် ဒစ်ဂျစ်တယ်ဂေဟစနစ် နဲ့ ယုံကြည်ချက်ကို တည်ဆောက်ဖို့ တာဝန်ရှိကြောင်း ရေးသားခဲ့ပါတယ် ထို့အပြင် Unilever ဟာ သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ၁ ဘီလီယံ ယူရို ရင်းနှီးမြှပ်နှံထားကြောင်းကြော်ငြာရင်း တင်ထားတာတွေ့ရပါတယ်။

 

Facebook ရဲ့ အသားတင်တန်ဖိုးဟာ ၂၀၂၀ ခုနှစ် နှစ်ဆန်ပိုင်းမှာ စတော့ရှယ်ယာ စုစုပေါင်းဈေးကွက်တန်ဖိုးအရ အမေရိကန်ဒေါ်လာ ၅၂၇ ဘီလျံ ရှိတယ်လို့ celebritynetworth မှာ ဖော်ပြထားပါတယ်။ကြော်ငြာသည် Facebook ၏ ၀ င်ငွေ၏ ရာနှုန်းပြည့် နီးပါးသည် ကြော်ငြာများမှ ရရှိသော ဝင်ငွေ ဖြစ်ပြီး ယခုနှစ်ပထမသုံးလအတွင်း ကြော်ငြာအရောင်းဒေါ်လာ ၁၇.၄ ဘီလီယံ ရရှိခဲ့သည်။

 

<<< Zawgyi >>>

 

FMCG ေတြ Facebook ေပၚမွ ကမာၻတစ္လႊား မေၾကာ္ျငာၾကေတာ့ရင္ .....

----------------------------------------------------------------------------------------

 

ေဖ့ဘုတ္ရဲ႕ ပဲ့ကိုင္ရွင္ မက္ ဇူကာဘက္ အေနနဲ႔ ၿပီးခဲ့တဲ့ဇြန္လ ၂၆ ရက္ေန ႔ ( ေသာၾကာေန႔ ) က ေျပာၾကားခ်က္တြင္ ေဖ့ဘုတ္အေနနဲ႔ သူတို႔ရဲ႕ ဆိုက္ေပၚမွာ သတင္းအခ်က္အလက္မျပည့္စုံတဲ့ အရာေတြနဲ႔ ပတ္သက္ ေျပာၾကားခ်က္တြင္ မဲေပးေ႐ြးခ်ယ္တဲ့ ကိစၥ ရပ္မ်ားႏွင့္ပတ္သက္ ေ႐ြးေကာက္ခံသူမ်ားကိုကာကြယ္ေပးမည္ျဖစ္ေၾကာင္း ကိုသာေျပာၾကားခဲ့ၿပီးစီးပြားေရး ေၾကာ္ျငာမ်ားနဲ႔ပတ္သတ္ ေၾကာ္ျငာရွင္လုပ္ငန္းစုအေတာ္မ်ားမ်ား ေမွ်ာ္လင့္တဲ့ အေျဖကို မေပးႏိုင္ခဲ့ပါဘူး။ထို႔ေၾကာင့္ပင္လွ်င္ ၇.၂ ဘီလီယံေလာက္ ေငြအဝင္က်ဆင္းခဲ့ပါတယ္။

 

ယခုဆိုရင္ေတာ့ ၿပီးခဲ့တဲ့ေသာၾကာေန႔ကတည္းက ေဖ့ဘုတ္ရဲ႕ ေၾကာ္ျငာေၾကာင့္ရတဲ့ ေငြေၾကးက ရပ္တန႔္သြားၿပီမို႔ ေစ်းကြက္ ရွယ္ယာ ၈.၃ ရာခိုင္ႏႈန္းေဝစု က်ဆင္းခဲ့ပါတယ္။တကယ္တန္းမွာ ကုန္ပစၥည္းထုတ္လုပ္ေရာင္းခ်တဲ့ Brand ႀကီးျဖစ္တဲ့ Unilever ကလည္း နဂိုက ကမာၻ မွာ ေၾကာ္ျငာေၾကးေငြ အျဖဳန္းႏိုင္ဆုံး Brand ျဖစ္သည့္တိုင္ သူတို႔အေနနဲ႔ ဆႏၵ ျပပညာေပးျခင္းမွာပါဝင္ခဲ့ပါတယ္ Unilever အေနနဲ႔ ဒီႏွစ္အတြက္ ေဖ့ဘုတ္မွာေၾကာ္ျငာဖို႔ေငြေၾကးသုံးစြဲတာကိုရပ္တန႔္လိုက္ပါၿပီလို႔ လည္းေျပာၾကားခဲ့တာေတြ႕ရပါတယ္။

 

အခုလိုျဖစ္ပြားမႈ႕ေတြက ေဖ့ဘုတ္ရဲ႕ေဈးကြက္တန္ဖိုးကို ၅၆ ဘီလီယံေလာက္က်ဆင္းေစၿပီး Bloomberg ရဲ႕ေျပာဆိုပုံအရဆို ဇူကာဘက္ရဲ႕ ေငြေၾကးပိုင္ဆိုင္မူ႔ထဲက ၈၂.၃ ဘီလီယံ ထိ ေလ်ာ့က်တယ္သိရပါိတယ္။ထိုသို႔ျဖစ္ပြားခဲ့ျခင္းဟာ ေဖ့ဘုတ္ရဲ႕ CEO ျဖစ္တဲ့ မတ္ဇူကာဘက္ကို ကမာၻ႔သူေဌးမ်ား စာရင္းမွ တစ္ဆင့္နိမ့္သြားေစခဲ့ကာ စတုတၳ ေနရာသို႔ေရာက္ရွိခဲ့ေစခဲ့ပါတယ္။ နာမည္ႀကီးဇိမ္ခံ Brand ျဖစ္တဲ့ Louis Vuitton ရဲ႕သူေဌးျဖစ္သူ Bernard Arnault ဟာ မက္ဇူကာဘက္ေနရာကိုယူခဲ့ၿပီး Jeff Bezos နဲ႔ Bill Gates ၿပီးရင္ အခ်မ္းသာဆုံးစာရင္းတြင္ေနရာရလာပါတယ္။

 

အခုဆိုရင္ လုပ္ငန္းစုေတြအေနနဲ႔ Verizon ကေနစၿပီး Hershey အထိ အကုန္လုံးလိုလို ဆိုရွယ္မီဒီယာ ေၾကာ္ျငာထည့္ျခင္းကို ရပ္တန႔္လိုက္ၿပီသိရပါတယ္ ဘာလို႔ဆိုအေၾကာင္းျပခ်က္ကေတာ့ Facebook အေနနဲ႔ ရဲမ်ားရဲ႕ အမုန္းစကားမ်ားနဲ႔ အခ်က္အလက္မရွိတဲ့ ကိစၥရပ္ေတြကို လုံလုံေလာက္ေလာက္တားျမစ္ျခင္းမေတြ႕ရလို႔ပါ။Coca Cola လုပ္ငန္းစုရဲ႕ေျပာၾကားခ်က္အရဆိုသူတို႔အေနနဲ႔ ဆိုရွယ္မီဒီယာမ်ားမွာ ေၾကာ္ျငာျခင္းကို အနည္းဆုံး ရက္ ၃၀ အထိ ရပ္တန႔္ထားမယ္သိရပါတယ္ သည့္ထက္လည္းပိုမိုၾကာႏိုင္ပါတယ္။

 

ျမန္မာႏိုင္ငံ ဒစ္ဂ်စ္တယ္မားကတ္တင္းမွာ ဆိုလည္းပဲ တကယ္လို႔ ကမာၻတစ္လႊားေၾကာ္ျငာမ်ား ခ်ဳပ္ကိုင္ထားျခင္းကို Facebook လက္လႊတ္ရေသာအခါ FMCG (Fast-moving consumer goods) ေတြလို ေၾကာ္ျငာအတြက္ ေငြျဖဳန္းအားေကာင္းတဲ့ ဒစ္ဂ်စ္တယ္‌ေၾကာ္ျငာေတြ ဘယ္ေနရာကို အေျပာင္းအေ႐ႊ႕ ျပဳႏိုင္သလဲဆိုတာ ေၾကာ္ျငာလုပ္ငန္းက႑မွာ က်င္လည္ေနသူတခ်ိဳ႕ကို ေမးျမန္းတီးေခါက္ၾကည့္ခဲ့ပါတယ္။

 

'' Facebook ေပၚမွာ မေၾကာ္ျငာ ျဖစ္ေတာ့ဘူးဆိုရင္ အျခားေၾကာ္ျငာနည္းလမ္းမ်ားျဖင့္ ဆြဲေဆာင္မႈရွိတဲ့ ေၾကာ္ျငာအျဖစ္ဖန္တီးကာ လူေတြအျမင္ကို ဖမ္းစားႏိုင္ပါတယ္။ ကုန္အမွတ္တံဆိပ္ေတြ အေနနဲ႔ ဘယ္လိုေၾကာ္ျငာမ်ိဳးေတြ အျဖစ္ပုံေဖာ္မလဲဆိုရင္ Google Display Network ( GDN ) အျဖစ္ဖန္တီးလို႔ရတယ္ ( ဥပမာ - သင္ Website တစ္ခု ဖြင့္လိုက္တာနဲ႔ အကြက္နဲ႔ ေပၚလာတဲ့ ေၾကာ္ျငာမ်ားကို ဆိုလိုျခင္းပင္ျဖစ္ၿပီး အဆိုပါေၾကာ္ျငာ ကို တို႔ထိတာနဲ႔ သူ႔ရဲ႕ ပင္တိုင္Website ကို ေရာက္သြားတာမ်ိဳးေပါ့ ) Youtube မွာလည္းေၾကာ္ျငာ လို႔ရသလို , Application ေတြမွာ လည္း ေၾကာ္ျငာလို႔ရပါတယ္'' လို့ Innity Myanmar မွ Key Executive Manager ကိုေအာင္ျပည့္ၿဖိဳးက ‌ေျပာပါတယ္။

 

သည့္အျပင္ ထပ္မံေျပာၾကားခ်က္က Innity High Impact ေတြ Interactive Ads ေတြ အေနနဲ႔ ေၾကာ္ျငာ လို႔ရေသးတယ္ ဆိုပါတယ္။( Innity High Impact ေတြကေတာ့ ႐ုပ္ထြက္ေကာင္းမြန္တဲ့ အလႈပ္ေၾကာ္ျငာ မ်ိဳးျဖစ္ၿပီး Interactive Ads ဆိုတာကေတာ့ ေၾကာ္ျငာကိုပဲ ထုတ္ကုန္ေပၚလြင္ေအာင္ ေဆာ့လို႔ရတဲ့ ဂိမ္းအျဖစ္ ျပဳလုပ္ထားတာမ်ိဳးကို ဆိုလိုပါတယ္ )

 

အဆိုပါ နည္းလမ္းမ်ားႏွင့္ေၾကာ္ျငာမယ္ဆိုရင္ Facebook ထက္ေတာင္ လူေတြရဲ႕ စိတ္အာ႐ုံကို ဖမ္းစားႏိုင္မွာပါ။ ဒီေတာ့ Facebook မွာ အေၾကာင္းေၾကာင္းေၾကာင့္ မေၾကာ္ျငာေတာ့တဲ့ FMCG ေတြဟာ ဆိုရွယ္မီဒီယာအစား သတင္းမီဒီယာ အပါအဝင္ အျခားမီဒီယာေတြမွာ ထိထိေရာက္ေရာက္ ေၾကာ္ျငာလို႔ ရေနမယ္လို႔ ေကာက္ခ်က္ခ်ႏိုင္ပါတယ္။

 

FMCG ျဖစ္တဲ့ ကိုကာကိုလာ ကေတာ့ "ကမာၻေပၚမွာ လူမ်ိဳးေရးခြဲျခားမႈအတြက္ ေနရာမရွိဘူး၊ ဆိုရွယ္မီဒီယာမွာ လူမ်ိဳးေရးခြဲျခားမႈ မရွိဘူး" လို႔ ၎ရဲ႕ အရာရွိခ်ဳပ္ James Quincey က ကိုကာကိုလာရဲ႕ဆိုဒ္မွာ ေရးခဲ့ပါတယ္။ "Coca-Cola ကုမၸဏီသည္အခေၾကးေငြေပးေသာ ေၾကာ္ျငာမ်ားကို တစ္ကမာၻလုံးရွိ ဆိုရွယ္မီဒီယာ စာမ်က္ႏွာအားလုံးတြင္အနည္းဆုံးရက္ေပါင္း ၃၀ ၾကာေအာင္ ေခတၱရပ္ဆိုင္းမည္ ျဖစ္သည္။ ျပင္ဆင္မႈမ်ားျပဳလုပ္ရန္လိုအပ္မလား ဆိုသည္ကို ဆုံးျဖတ္ရန္ ကြၽႏ္ုပ္တို႔၏ ေၾကာ္ျငာေပၚလစီမ်ားကို ျပန္လည္သုံးသပ္ရန္အတြက္ အခ်ိန္ယူမည္။ ကြၽႏ္ုပ္တို႔၏ လက္တြဲေဖာ္ လူမႈမီဒီယာမ်ားမွ ပိုမိုတာဝန္ခံမႈႏွင့္ ပြင့္လင္းျမင္သာမႈကိုလည္းေမွ်ာ္လင့္ႏိုင္သည္။"လို႔ ေဖာ္ျပထားပါတယ္။

 

ထိုသို႔ facebook တြင္ေၾကာ္ျငာျခင္း ရပ္တန႔္လိုက္တဲ့ ေၾကာ္ျငာ ရွင္ေတြထဲတြင္ ေဖ့ဘုတ္တြင္ေၾကာ္ျငာ အတြက္ ေငြေၾကးအမ်ားႀကီး အသုံးျပဳ ေၾကာ္ျငာ တဲ့ Unilever လည္းပါဝင္တယ္သိရပါတယ္။Unilever အေနနဲ႔ကေတာ့ ၿပီးခဲ့တဲ့ ေသာၾကာေန႔က သူ႔ရဲ႕ Facebook စာမ်က္ႏွာေပၚတြင္ေရးသားခဲ့တာက ၎တို႔ အေနနဲ႔ Facebook , Instagram နဲ႔ Twitter တို႔တြင္ ၎တို႔ေၾကာ္ျငာ ေတာ့မွာ မဟုတ္ေၾကာင္း ကုန္အမွတ္တံဆိပ္မ်ားအေနျဖင့္ ဒစ္ဂ်စ္တယ္ေဂဟစနစ္ နဲ႕ ယံုၾကည္ခ်က္ကို တည္ေဆာက္ဖို႕ တာ၀န္ရွိေၾကာင္း ေရးသားခဲ့ပါတယ္ ထို႕အျပင္ Unilever ဟာ သူ႕ရဲ႕ ေဖ့ဘုတ္စာမ်က္နွာေပၚတြင္ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရးကို ၁ ဘီလီယံ ယူရို ရင္းနွီးျမွပ္နွံထားေၾကာင္းေၾကာ္ျငာရင္း တင္ထားတာေတြ႕ရပါတယ္။

 

Facebook ရဲ႕ အသားတင္တန္ဖိုးဟာ ၂၀၂၀ ခုႏွစ္ ႏွစ္ဆန္ပိုင္းမွာ စေတာ့ရွယ္ယာ စုစုေပါင္းေဈးကြက္တန္ဖိုးအရ အေမရိကန္ေဒၚလာ ၅၂၇ ဘီလ်ံ ရွိတယ္လို႔ celebritynetworth မွာ ေဖာ္ျပထားပါတယ္။ေၾကာ္ျငာသည္ Facebook ၏ ၀ င္ေငြ၏ ရာႏႈန္းျပည့္ နီးပါးသည္ ေၾကာ္ျငာမ်ားမွ ရရွိေသာ ဝင္ေငြ ျဖစ္ၿပီး ယခုႏွစ္ပထမသုံးလအတြင္း ေၾကာ္ျငာအေရာင္းေဒၚလာ ၁၇.၄ ဘီလီယံ ရရွိခဲ့သည္။

 

Ref : Bloomberg 

Read times
Rate this item
(0 votes)