-->
×

Warning

JUser: :_load: Unable to load user with ID: 29


နာမည်ကြီး ကုမ္ပဏီများ အမှတ်တံဆိပ် Logoအပြောင်းအလဲ

နာမည်ကြီး ကုမ္ပဏီများ အမှတ်တံဆိပ် Logoအပြောင်းအလဲ Google

ဘ၀မှာ အရာအားလုံးက အချိန်နှင့်အမျှပြောင်းလဲနေပါတယ်။ အချိန်နေရာဒေသအလိုက် ပြောင်းလဲကြသလို ရည်ရွယ်ချက်ရှိရှိပြောင်းလဲမှုတွေလည်း ရှိပါတယ်။

 

ဒါ့ကြောင့် ကုမ္ပဏီတွေက သူတို့အမှတ်တံဆိပ် လိုဂိုကို ဒီဇိုင်းပြောင်းလဲကြတာက အထူးအဆန်းတော့မဟုတ်ပါဘူး။

 

စီးပွားရေးလုပ်ငန်းတွေက သူတို့ရဲ့ လိုဂိုကိုပြောင်းလဲရတဲ့ အကြောင်းရင်း အမျိုးမျိုးရှိပါတယ်။ ဥပမာ-

 

-ခေတ်ရေစီးကြောင်းကို အချိန်နှင့်တပြေးညီ အမှီလိုက်နိုင်ရန်


-နည်းပညာ သို့မဟုတ် အမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး social mediaဆက်နွယ်မှု ရှိနေစေရန်


-ကုမ္ပဏီရဲ့ ၀န်ဆောင်မှု၊ ရည်မှန်းချက်၊ လုပ်နိုင်စွမ်းအားကို သိရှိစေရန်

 

-စက်မှုလုပ်ငန်းခေတ်ရေစီးကြောင်းကို စီးမျောနိုင်ရန်


-စားသုံးသူ ဖောက်သည်တွေရဲ့ ခံစားချက်၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရန် စတာတွေဖြစ်ပါတယ်။

 

ကုမ္ပဏီကြီးအများစုက ၄င်းတို့ရဲ့ ကုန်အမှတ်တံဆိပ်ကို ပြန်လည်သုံးသပ်ဖို့အတွက် အချိန်များများ အကုန်ခံပြီး ပိုကောင်းအောင်နှင့် မွမ်းမံပြင်ဆင်ဖို့ နည်းလမ်းအသစ်တွေ ရှာဖွေကြပါတယ်။ ယခုအခါမှာတော့ ကမ္ဘာ့အထင်ရှားဆုံး ကုမ္ပဏီတံဆိပ်အပြောင်းအလဲများနှင့် ၎င်းကို ပြောင်းလဲဖို့ ဆုံးဖြတ်ရတဲ့ အကြောင်းရင်းများကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

Microsoft Office

 

Microsoft Office New Logo and Timeline - Airbnb Logo Changes - Flinnwest Solutions Marketing Agency - Logo and Branding Services Vancouver BC Canada

 

မိုက်ကရိုဆော့ဖ်ရုံးဒီဇိုင်းဌာနမှူး ဂျွန်ဖရီမန်းက ဒီဇိုင်းပုံစံအကြောင်းကို ရှင်းပြခဲ့ပါတယ်။

 

"Microsoft Officeရဲ့ ခမ်းနားတဲ့သမိုင်းကြောင်းကိုတွေးပြီး ဒီဇိုင်းအတွက် ဆုံးဖြတ်ချက်ချဖို့ စဉ်းစားခဲ့တယ်လို့ပြောပါတယ်။ Strong colorတွေက အမှတ်တံဆိပ်ရဲ့ အဓိကအချက်အချာဖြစ်ခဲ့ပြီး icon အသစ်က ကျွန်တော်တို့ရဲ့ palette ကိုပိုအဆင်ပြေစေပါတယ်။ အရောင်က အက်ပလီကေးရှင်းတွေကို ခွဲခြားရလွယ်ကူစေပြီး ကိုယ်ပိုင်ဟန်ကို ဖန်တီးပေးပါတယ်"လို့ ဂျွန်ကပြောကြားခဲ့ပါတယ်။

 

Slack

 

Slack New Logo - Review By Flinnwest

 

ကုမ္ပဏီက မူရင်းအမှတ်တံဆိပ်ရဲ့ အစိတ်အပိုင်းတွေကို ကြိုက်နှစ်သက်ကြောင်းပြောကြားသော်လည်း အရောင် ၁၁ မျိုးက မှားယွင်းနိုင်ကြောင်း ဘလော့ဂ်ပို့စ် တွင် ပြောကြားခဲ့ပါတယ်။

 

"ဗားရှင်းအသစ်က အရောင်နည်းတယ်၊ ဒါပေမယ့်မူရင်းနဲ့ ကွဲပြားပြီး smart ဖြစ်စေပါတယ်။ Partnerဖြစ်တဲ့ Michael Bierut ဦးဆောင်သော ဒီဇိုင်းအေဂျင်စီနှင့် ကျွန်တော်တို့ပူးပေါင်းခဲ့ပြီး logo အသစ်ကိုဖန်တီးတဲ့အခါ emojis၊ dots နှင့် hashtag (သို့မဟုတ်“ octothorp”) အမျိုးမျိုးကို အသုံးပြုဖို့စဉ်းစားခဲ့ကြပါတယ်” လို့ ဘလော့ဂ်ပို့စ်အရ သိရပါတယ်။

 

YouTube

 

Youtube New Logo Update - Airbnb Logo Changes - Flinnwest Solutions Marketing Agency - Logo and Branding Services Vancouver BC Canada

 

ကုမ္ပဏီ၏အဆိုအရ အမှတ်တံဆိပ်အသစ်က အလွန်သေးငယ်သောscreenတွေမှာတောင် သိသိသာသာမြင်ရနိုင်ပြီး ပိုကောင်းမွန်တဲ့ဒီဇိုင်းဖြစ်ပါတယ်။

 

ဥပမာအားဖြင့် စမတ်ဖုန်းတွေမှာ brightened iconကို အတိုကောက်လိုဂိုအဖြစ် အသုံးပြုနိုင်ပြီး ၎င်းကိုပိုမိုလွယ်ကူစွာတွေ့မြင်နိုင်မှာဖြစ်ပါတယ်။

 

Absolut

 

Absolut Vodka New Logo Change - Airbnb Logo Changes - Flinnwest Solutions Marketing Agency - Web & CRM Design

 

ယခင်ကရှုပ်ထွေးတဲ့ လိုဂိုဖြစ်ခဲ့ပြီး စာလိုင်း ၃ ခုပါ၀င်ခဲ့တာကြောင့် Absolutက အပိုစာသားတွေကို လိုဂိုထဲက ဖယ်ထုတ်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။

 

Absolutရဲ့ ဒီဇိုင်းဆိုင်ရာဒါရိုက်တာ Anna Kamjou က“ ဒီအမှတ်တံဆိပ်က အရင်ကထက် ထူးခြား ထင်ရှားလာပြီး စာ သုံးလိုင်းအမှတ်တံဆိပ် မဟုတ်တော့ပါဘူး။

 

'Country of Sweden' နှင့် 'Vodka' တို့ကိုဖယ်ရှားပြီး ကုန်အမှတ်တံဆိပ်ရဲ့ အရေးအကြီးဆုံးအပိုင်းဖြစ်တဲ့ Absolut ကိုပိုထင်ရှားအောင် ပုံဖော်ထားသည်။

 

Instagram

 

Instagram New Social Media Logo Icon - Airbnb Logo Changes - Flinnwest Solutions Marketing Agency - Logo and Branding Services Vancouver BC Canada

 

Instagramရဲ့ ဒီဇိုင်းအကြီးအကဲ Ian Spalterအဆိုအရ "ကုမ္ပဏီရဲ့ အရင်လိုဂိုဖြစ်တဲ့ ကင်မရာပုံစံက စားသုံးသူတွေအတွက် ရိုးရှင်းလာတယ်လို့ ခံစားလာရပါတယ်။

 

မလိုအပ်တဲ့ အဆင်တန်ဆာတွေကို ဖယ်ရှားလိုက်ပြီး အိုင်ကွန်ကိုကွဲပြားအောင် ပုံဖော်ထားပါတယ်။ ပြီးတော့ပိုပြီးတောက်ပတဲ့ ပိုကောင်းတဲ့ရွေးချယ်မှုတစ်ခုကို ကျွန်တော်တို့ ဖန်တီးခဲ့ကြပါတယ်" လို့သိရပါတယ်။

 

Visa

 

Visa New Logo, Updated For Online Purchases and Business branding improvement - Flinnwest Solutions

 

Visaသည် ၎င်း၏ကော်ပိုရေးရှင်းအမှတ်အသားအတွက် ဒီဇိုင်းသစ်ကိုထုတ်ဖော်ပြသခဲ့ပြီး၊ ရွှေရောင်ပုံစံကိုဒီဇိုင်းမှ ဖယ်ရှားခဲ့ပါသည်။

 

Starbucks

 

Starbucks Logo Changes Over Time - Flinnwest Solutions Marketing Agency - Logo and Branding Services Vancouver BC Canada

 

"လွန်ခဲ့သောဆယ်စုနှစ်လေးခု တစ်လျှောက်လုံးမှာ Sirenဒီဇိုင်းပုံစံဖြင့် ဖြတ်သန်းခဲ့ပြီး အခုတော့ အဓိပ္ပာယ်ပြည့်ဝတဲ့ နောက်ဆုံး လိုဂိုကို ထုတ်ဖော်ခဲ့ပါတယ်” လို့ ဥက္ကဌနှင့်အမှုဆောင်အရာရှိချုပ် Howard Schultz က ကုမ္ပဏီဝက်ဘ်ဆိုက်မှာ ရေးသားခဲ့ပါသည်။

 

“ဒီလိုဂိုဟာ ငါတို့ရဲ့အမွေအနှစ်ကို လေးစားတန်ဖိုးထားတာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ဟာ အနာဂတ်အတွက် ပိုပြီးသင့်တော်တယ်လို့ ခံစားရတဲ့အထိ ဖြစ်လာစေပါတယ်”လို့ Mr. Schultz ကဆိုပါတယ်။

 

Written By Omega

 

Source:FlinnwestSolutions

Read times
Rate this item
(0 votes)