-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုရိုနာကပ်ရောဂါကြောင့် စျေးဝယ်စင်တာများ အင်တာနက်မှ ဝန်ဆောင်မှုပေးမှုများနေ

ကိုရိုနာကပ်ရောဂါကြောင့် စျေးဝယ်စင်တာများ အင်တာနက်မှ ဝန်ဆောင်မှုပေးမှုများနေ Google

ဂျပန်နိုင်ငံရှိ စျေးဝယ်စင်တာများသည် ကိုရိုနာကပ်ရောဂါပြန့်ပွားနေချိန်အတွင်း နေအိမ်အင်တာနက်မှတစ်ဆင့်စျေးဝယ်ကြသည့် စားသုံးသူများ၏ စိတ်ချယုံကြည်မှုကို ခိုင်မာစေရန်နှင့် အမျိုးမျိုးသောဝန်ဆောင်မှုများ ပံ့ပိုးပေး နိုင်ရန်ရည်ရွယ်၍ အင်တာနက်ဝန်ဆောင်မှုကို ပိုမိုမြှင့်တင်ဆောင် ရွက်နေကြကြောင်းသိရပါသည်။

 

လက်ရှိပြန့်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်သည် မည်သည့်အချိန်တွင် အဆုံးသတ်မည်ကို မည်သူမျှမခန့်မှန်းနိုင်သဖြင့် ပြည်တွင်းရှိ စားသုံးသူများ အဆင်ပြေကျေနပ်မှုရရှိစေရန် ဂျပန်နိုင်ငံမှ စျေးဝယ်စင်တာများက အအေးခန်း နှင့်ရေခဲသေတ္တာများ အသုံးပြုကာ စားသောက်ကုန်ပစ္စည်း များ ဖြန့်ဝေပေးပို့သည့် စနစ်ကို စတင်ဆောင်ရွက်နေပါသည်။

 

Life Corporation က ယခင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာတွင် ဂျပန်၏ အကြီးမားဆုံးသော e-commerce Website ဖြစ်သည့် Amazon မှတစ်ဆင့် ဟင်းသီးဟင်းရွက်များ ရောင်းချကာ အိမ်တိုင်ရာရောက် ဖြန့်ဝေပေးပို့မှု လုပ်ငန်းကို စတင်ခဲ့ပြီး ယခု ၂၀၂၀ ပြည့်နှစ်တွင် Amazon မှ တစ်ဆင့် အိမ်တိုင်ရာရောက် အစားအသောက် ဖြန့်ဝေပေးပို့မည့်လုပ်ငန်းကို တိုးချဲ့ရန် ပြင်ဆင်ဆောင်ရွက်ခဲ့ပါသည်။

 

ပြီးခဲ့ ဇူလိုင်လကုန်၎င်း၏ ကနဦးလုပ်ငန်းတိုးချဲ့မှုတစ်ရပ်အနေဖြင့် Life က တိုကျိုမြို့တော်၏ ရပ်ကွက် ၂၃ ခုနှင့် အိုဆာကာကဲ့သို့သော အခြားစီရင်စုများ၏ မြို့တော် ၄ ခုအပါအဝင် အစား အသောက် ဖြန့်ဝေပေးပို့ပေးသည့် ဝန်ဆောင်မှုကို စတင်ခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။

 

e-commerce အသုံးပြုကာ Amazon မှတစ်ဆင့် ဟင်းသီးဟင်းရွက်များ အိမ်တိုင်ရာ ရောက်ပေးပို့ရောင်းချခြင်းအားဖြင့် Life သည် ယခင်က စျေးကွက်အဆက်အစပ်မရှိခဲ့သည့် ဒေသများ၌ ကုန်ပစ္စည်းရောင်းချရမှုမှ အမြတ် အစွန်းများရရှိရန် ဖန်တီးနိုင်မည်ဖြစ်ပါသည်။ အိမ်တိုင်ရာရောက် ပေးပို့ဖြန့်ဝေရာတွင် ၂ နာရီအတွင်း ရောက်ရှိနိုင်သည့် နေရာဒေသများအတွက် အသက်သာဆုံးသော သယ်ယူပို့ဆောင်ခနှုန်းထားဖြင့် စားသုံးသူ များကို ဝန်ဆောင်မှုပေးရန် Life Corporation က စီမံထားကြောင်း သိရပါသည်။

 

ပြီးခဲ့သည့် မေလအတွင်း Aeon Co.Ltd., က စားသုံးသူများကို လိုအပ်သည့် ကုန်ပစ္စည်းများအားလုံး အင်တာနက်မှ မှာယူစေပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုကို စတင်ခဲ့ပါသည်။

 

အဆိုပါဝန်ဆောင်မှုကို ပြည်တွင်းရှိ စားသုံးသူဖောက်သည်အများအပြားက စိတ်ကျေနပ်မှု ရှိသည်ဟု ချီးမွမ်းပြောဆိုခဲ့ကြကြောင်း၊ အင်တာနက်မှစျေးဝယ်ခြင်းသည် စားသုံးသူများအနေဖြင့် လိုအပ်သည့် ကုန်ပစ္စည်းအားလုံးကို သက်တောင့်သက်သာ ဖြင့်နေအိမ်မှနေ၍ မှာယူကာအချိန်တိုအတွင်း အိမ်တိုင်ရာရောက် ရရှိနိုင်ခြင်းကြောင့် ၎င်းတို့အတွက်များစွာအဆင်ပြေ ကြောင်းဆိုပါသည်။ ဇူလိုင်လကုန်အထိ Aeon အနေဖြင့် အဆိုပါဝန်ဆောင်မှုကို ဂျပန်နိုင်ငံအနှံ့အပြားရှိ ဆိုင်ခွဲပေါင်း ၁၈၀ ကျော်တွင် ဆောင်ရွက် အောင်မြင်နေကြောင်း သိရပါသည်။

 

အလားတူ ဂျပန်နိုင်ငံ၏ အစားအသောက်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် Cookpad Inc., သည်လည်း အင်တာနက်မှတစ်ဆင့် မှာယူကြသည့် အသင့်စားစားသောက်ကုန်များကို အသုံးပြုကာ မီးရထားဘူတာရုံများ၊ ဆေးဆိုင် များနှင့် အခြားသောနေရာများတွင် အအးခန်းများ၊ ရေခဲသေတ္တာ များထားရှိပြီး ဖြန့်ဝေရောင်းချပေးနေပါသည်။ အဆိုပါကုမ္ပဏီအနေဖြင့် အစားအသောက်ဝန်ဆောင်မှုကို တစ်ကြိမ်တည်း အနည်းဆုံး လူ ၅၀ စာ အထိ စီမံပံ့ပိုးပေး နိုင်ကြောင်းသိရပါသည်။

 

ပြီးခဲ့သည့် ဇူလိုင်လကုန်အထိ Cookpad Mart များမှ လတ်ဆတ်သော စားသောက်ကုန်များ ဝန်ဆောင်မှုပေးနေပြီး တိုကျိုမြို့တော်တဝိုက်ရှိ နေရာပေါင်း ၁၅၀ ခန့်အထိနှင့် ကာနာဂါဝါစီရင်စုဒေသရှိ နေရာများသို့ ပို့ဆောင် ပေးနေပါသည်။ အဆိုပါဝန်ဆောင်မှုနှင့်ပတ်သက်၍ မှာယူကြ သည့် စားသုံးသူများတိုးပွားလာပြီး နေအိမ်တိုက်ခန်းများ၌ပင် အအေးခန်းနှင့် ရေခဲသေတတ္တာများတိုးချဲ့တပ်ဆင်ထားပေးခြင်းဖြင့် ဝန်ဆောင်မှု တိုးမြှင့်ရန် စားသုံးသူများ ကတောင်းဆိုနေကြကြောင်း သိရပါသည်။

 

Myan Trade (မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Post By Myanmar Advertising Guide

Read times
Rate this item
(0 votes)