-->
×

Warning

JUser: :_load: Unable to load user with ID: 29


Digital Marketing ရဲ့ သိမှတ်ဖွယ်ရာများ

Digital Marketing နယ်ပယ်ကို လေးနက်စွာ ကြည့်မယ်ဆိုရင် မြန်မာ နိုင်ငံရဲ့ လူတိုင်းလိုလိုက ဆိုရှယ်မီဒီယာ တွေထဲမှာတောင် Facebook ကို ပိုပြီး သုံးစွဲ ကြတဲ့လူဦးရေ ပိုများပါတယ်။ဒါ့ထက် ပိုစ့်မတင်ခင် သိထားရမှာက မြန်မာစကားအရပုံဆိုအခုရေတွင်းတူး၊အခုရေကြည် သောက်လို့ကတော့မရပါဘူးတစ်ချို့တွေက အခုကြော်ငြာ အခု အကျိုးအမြတ်လက်ဝယ်ပိုက်နိုင်မယ်ထင်ကြပါတယ်တကယ်တန်းက အချိန်ယူရပါတယ်။

 

ကြော်ငြာတွေကနေရင်းနှီးမြှပ်နှံပြီးယုံကြည်မူ့ တည်ဆောက်ရတယ်။တကယ်တန်းက ဘယ်အရာမဆိုအခက်အခဲရှိစမြဲပဲ ထိုနည်းတူစွာ ကြော်ငြာခြင်းကသင့်လုပ်ငန်းရဲ့အနာဂတ်အတွက် ရင်းနှီးမြှပ်နှံမူပါပဲ။ သိထားရမှာက သင့် Product က မကောင်းဘူးဆိုပါတော့ သင့်အနေနဲ့ ဘယ်လိုပဲ ကြော်ငြာနေနေ လူတွေက သုံးကြည့်မယ် ယုံကြည်မူမရဘူး ဆိုရင် ကြော်ငြာပေးသူတွေကို အပြစ်တင်လို့ မရပါဘူး သင့်အနေနဲ့ သင့် Product ရဲ့ Quality ကို ထိန်းရမှာ သင့်တာဝန်ပါ။ ဘယ်လိုကြော်ငြာနည်းပဲ ဖြစ်ဖြစ် ဆန်းသစ်တီထွင်ဖန်တီးချင်ပြီဆိုပါစို့ သင့်အနေနဲ့ အလျင်လို လို့မရသလို ငွေကြေး ခပ်ပေါပေါသုံးလို့မရပါဘူး။

 

အဆင်မပြေမူ့ကိုလက်ခံဖို့လိုအပ်သလို သင့် Product အတွက် သင့်တော်တဲ့ ကြော်ငြာတစ်ခုကို ဖန်တီးဖို့ လိုအပ်ပါတယ်။ပထမ ဦးစားပေးနဲ့အရေးအပါဆုံးက သင့် Products ရဲ့ ပရိသတ်ပါ။သူတို့အတွက်သင်အမြဲခေါင်းထဲထည့်သင့်ပါတယ်။ သင် နဲ့ ကြော်ငြာဖန်တီးသူ တို့ရဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မူ့လိုအပ်ပါတယ် ကြော်ငြာ ကိုမြင်ပြီး စိတ်ဝင်စားစရာကောင်းမှသာလျင်စာကို ဆက်လက်ဖတ်ရူကြတာပါ။

 

ခေါင်းစဉ်ကို တိုတိုလေးနဲ့ ထိမိစွာရေးသင့်ပါတယ် content တစ်ခုမှာ ခေါင်းစဉ်က အသက်ပါပဲ။ ဖတ်ရူသူတွေကို စဉ်းစားစရာလေးတွေပေးပါ။ကြော်ငြာစာရေးတော့မယ်.. ပို့စ်တစ်ခုရေးတော့မယ်ဆို.. အရေးပါဆုံး စဉ်းစားရမှာက သင့်ရဲ့ Audience ပါ။ကိုယ့်ကုန်ပစ္စည်းက ဘယ်သူတွေအတွက်လဲ..ဝယ်မယ့်သူတွေက ဘယ်သူတွေလဲ ဆိုတာ သင်သိရပါ့မယ်။

 

ဥပမာ..ကိုယ်က ဂုဏ်သရေရှိလူကြီးတွေအတွက် စီးပွားရေးလုပ်ငန်းဆိုင်ရာ ကုန်ပစ္စည်း/ ဝန်ဆောင်မှုတစ်ခုကို ရောင်းချင်တယ်ဆိုရင်..ကြော်ငြာစာမှာ.."ကွီး"တို့အတွက်.."ညေး"တို့အတွက်လို့ရေးလို့ ရပါဘူး။"လူကြီးမင်းတို့အတွက်"..ဆိုတာမျိုး.. "လုပ်ငန်းရှင်ကြီးများအတွက်" ဆိုတဲ့ အသုံးအနှုန်းကို သုံးပေးရပါ့မယ်။ဒါကြောင့်ကိုယ့် Audience ကို သိအောင်လုပ်ထားမှသာ ကြော်ငြာစာရေးတဲ့နေရာမှာ အဆင်ပြေပါလိမ့်မယ်။

Read times
Rate this item
(1 Vote)