-->
×

Warning

JUser: :_load: Unable to load user with ID: 29


မြန်မာနိုင်ငံခရီးသွားမြှင့်တင်ရေးအတွက် Influencer Marketing လုပ်ငန်းအတွက် Expression of Interest (EOI) ခေါ်ယူခြင်း

၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် COVID-19 ကာလအလွန်တွင်ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသနှင့် ခရီးသွားဆွဲဆောင်မှုဆိုင်ရာအကြောင်းအရာများကို Website များ၊ Online Channel များမှတဆင့် Digital Marketing နည်းလမ်းများဖြင့် မြှင့်တင်ကြော်ငြာပေးလျက်ရှိပါသည်။

 

၂။ ထိုသို့ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မှုရှိစေရန်အတွက်၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအသုံးစရိတ်များ ခေါင်းစဉ်ခွင့်ပြုချက်ဖြင့် Influencer Marketing လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ပြီး စိတ်ပါဝင်စားသည့်ပြည်တွင်း/ပြည်ပရှိ Influencer၊ Blogger၊ Vlogger၊ Digital Marketing Agency များ၊ ကုမ္ပဏီများအနေဖြင့် (EOI) အဆိုပြုလွှာတင်သွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

 

(က) EOI Form ရယူနိုင်သည့်နေရာ: ခရီးမြှင့်တင်ရေးဌာနခွဲ(Digital Marketing)

(ခ) ဆက်သွယ်ရန်လိပ်စာ: ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၃)၊နေပြည်တော်။

(ဂ) ဆက်သွယ်ရန်ဖုန်းနံပါတ်: ၀၆၇-၄၀၆၄၇၆

(ဃ) ပေးပို့ရမည့် Email:

This email address is being protected from spambots. You need JavaScript enabled to view it.;

This email address is being protected from spambots. You need JavaScript enabled to view it.

https://bit.ly/31LTKm2 တွင်လည်းကောင်း၊ အောက်ပါ QR Cod ကို Scan ဖတ်၍ လည်းကောင်းရယူနိုင်ပါသည်။

 

တင်ဒါကော်မတီ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန

Image may contain: text

Read times
Rate this item
(0 votes)