-->
×

Warning

JUser: :_load: Unable to load user with ID: 29


Elon Musk အကြောင်း သိကောင်းစရာ

Elon Musk က သူကိုယ်တိုင်က Influencer တစ်ယောက်လို့ပြောလို့ရနိုင်သလို Tesla ကားလုပ်ငန်းစုဆိုလည်း အခြား ကား လုပ်ငန်းစုတွေလို ကြော်ငြာ ငွေ အများအပြား သုံးစွဲတာ မတွေ့ရဘူး ဒီတော့ သူကိုယ်တိုင်က Brand awareness ကို ဖန်တီးသူပေါ့။ကဲ စိတ်ဝင်စားဖို့ကောင်းတဲ့ Elon Musk အကြောင်းဖတ်ကြည့်ကြရအောင် ...

 

Elon Musk ကို ၁၉၇၁ ခုနှစ် ဇွန်လ ၂၈ တွင်မွေးဖွားခဲ့ပါသည်။ Elon Musk က စွန့်ဦးတီထွင်သူနှင့် ရင်းနှီးမြုပ်နှံသူတစ်ဦးပါ။သူသည် တောင်အာဖရိကနှင့် ကနေဒါနှင့် အမေရိကန်နိုင်ငံသားဖြစ်ပြီး SpaceX ကုမ္ပဏီ၏ အမှုဆောင်အရာရှိနှင့် ခေါင်းဆောင်ဒီဇိုင်နာဖြစ်ပြီး Tesla ကုမ္ပဏီ၏ ထုတ်ကုန် ဗိသုကာပညာရှင်လည်းဖြစ်ကာ Paypal နှင့် Neuralink ၏ ပူးတွဲတည်ထောင်သူလည်းဖြစ်သည်။

 

Elon Musk ဟာ ၂၀၁၆ ခုနှစ်တွင် Forbes မဂ္ဂဇင်း၏စာရင်းတွင် ၂၁ ယောက်မြောက် ကမ္ဘာ့ဩဇာအရှိဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရသည်။ ၂၀၂၀ခုနှစ် ဇူလှိုင်လ ၂၀ရက်နေ့တွင်ဖော်ပြသော Forbes မဂ္ဂဇင်း အရ ပျမ်းမျှဝင်ငွေ အမေရိကန်ဒေါ်လာ ၇၄.၂ ဘီလီယံ ကျော်ဖြင့် ကမ္ဘာ အချမ်းသားဆုံး စာရင်းတွင် ၅ နေရာမြောက်တွင် ရပ်တည်နေသည်။ ၂၀၁၈ခုနှစ်တွင် အဆင့် ၅၄ နေရာတွင် ရှိနေရာမှ ယခုလို အဆင့်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

 

Elon Musk ကို ကနေဒါသူ မိခင်နှင့် တောင်အာဖရိကသား ဖခင် တို့မှ ၁၉၇၁ ဇွန် ၂၈ တွင် ဖွားမြင်ခဲ့သည်။ မက်စ် သည် သူ၏ ငယ်စဉ်ဘဝကို တောင်အာဖရိကနိုင်ငံ ၊ ပရီတိုးရီးယားဒေသ တွင် ကုန်ဆုံးခဲ့သည်။အသက် ၁၇ နှစ်အရွယ်တွင် ကနေဒါနိုင်ငံသို့ ရွေ့ပြောင်းခဲ့ကာ Queen's University သို့ တက်ရောက်ခဲ့ကာ ၂ နှစ်ကြာသော် ပင်နဆင်ဗေးနီးယားတက္ကသိုလ်သို့ ပြောင်းခဲ့သည်။ စတန်းဖို့တက္ကသိုလ်တွင် အသုံးချရူပဗေဒနှင့်သိပ္ပံဘာသာရပ်ဖြင့် ပါရဂူဘွဲ့ကို တက်ရောက်ခဲ့သော်လည်း စီးပွားရေးလုပ်ငန်းအတွက် ကျောင်းထွက်ခဲ့လိုက်သည်။

 

Musk သည် X.com ဟူသော အွန်လိုင်းဘဏ်ကို လုပ်ဆောင်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ယင်းအား eBay မှ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံဖြင့် ဝယ်ယူလိုက်သည်။ ယင်းသည် နောင်တွင် နာမည်ကြီး အွန်လိုင်း ဘဏ်ဝန်ဆောင်မှု လုပ်ငန်း PayPal ဖြစ်လာခဲ့သည်။ ၂၀၀၂ ခုနှစ် မေလတွင် SpaceX ဟူသော လေကြောင်းဆိုင်ရာ ထုတ်လုပ်ရေးနှင့် အာကာသ ယာဉ်ပျံ နှင့် အာကသဆိုင်ရာ ကုမ္ပဏီအား ထူထောင်လိုက်သည်။

 

သူသည် လျှပ်စစ်ကားများ ထုတ်လုပ်သော Tesla ကုမ္ပဏီအားလည်း ထောက်ပံ့ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ၎င်း၏ ထုတ်ကုန်ဗိသုကာရှင် ဖြစ်လာခဲ့ပြီး ၂၀၀၈ အောက်တိုဘာလတွင် CEO ဖြစ်လာခဲ့သည်။၂၀၀၆ ခုနှစ်တွင် မက်စ်သည် SolarCity ဟူသည့် နေရောင်ခြည်စွမ်းအင်သုံး ဝန်ဆောင်မှုပေးသော ကုမ္ပဏီ (ယခုတက်စလာ၏လက်အောက်ခံကုမ္ပဏီ)အား ထူထောင်ခဲ့သည်။ ၂၀၁၅ တွင် မက်စ် သည်အကျိုးအမြတ်မယူသည့်သုတေသနကုမ္ပဏီဖြစ်သော OpenAI ကိုပူးတွဲတည်ထောင်ခဲ့ပြီး ပိုမိုကောင်းမွန်သောဉာဏ်ရည်တုကို မြှင့်တင်နိုင်ရန် ရည်ရွယ်သည်။

 

၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင် သူသည် ဉာဏ်ရေးတု နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးပြုလုပ်ဆောင်နေသော Neuralink ကုမ္ပဏီ ကိုပူးတွဲတည်ထောင်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် အဆောက်အဦနှင့် လှိုဏ်ခေါင်းဖောက် ကုမ္ပဏီ ဘိုရင်းကုမ္ပဏီအားလည်း ထူထောင်လိုက်သေးသည်။

 

Musk သည် သူ၏ ပင်မစီပွားရေး လုပ်ငန်းများ အပြင် Hyperloop ဟု ခေါ်သော မြန်နှုန်းမြင့် သယ်သူပို့ဆောင်ရေး စနစ် ကို အောင်မြင်ဖို့ရာ မျှော်လင့်နေသည်။ Hpyerloop သည် တစ်ဖြောင့်တည်း ရှိနေသော (သို့မဟုတ်) အထူးပြုထားသော ပြွန်ခေါ် အထူးကြီးမားသော ပိုက်ကြီးမှ အတွင်းမှ ဖိအား တစ်ခုကို အသုံးချကာ လူလိုက်ပါနိုင်သော ယာဉ်ကို အထူးမြန်နှုန်းဖြင့် တွန်းပို့နိုင်သော ခေတ်သစ် သယ်ယူပို့ဆောင်ရေး စနစ် တစ်မျိုးဖြစ်သည်။

 

သူသည် ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချရန် လိုလားသူဖြစ်ပြီး လူသားမျိုးနွယ်များ မျိုးသုဉ်းပျောက်ကွယ်ခြင်းမှာ ရှောင်လွဲနိုင်ရန်အတွက် အင်္ဂါဂြိုဟ်တွင် ကိုလိုနီနယ်ချဲထွင်ရန် ရည်မှန်းထားသူတစ်ဦးပင်ဖြစ်သည်။

 

Myanmar Advertising Guide 

Read times
Rate this item
(0 votes)