-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဒစ်ဂျစ်တယ် ကြော်ငြာ ဖြစ်တည်မှု

ဒီနှစ်အစောပိုင်းက သုတေသနပြု လေ့လာတွေ့ရှိချက်များအရ Consumers/Customers အများစုတွေက ကုန်ပစ္စည်းတွေရဲ့ Safe လုံခြုံမှု နဲ့ယုံကြည်ရမှုကို ပိုပြီး အရေးကြီးတယ်လို့သတ်မှတ်ထားကြကြောင်း သိရပါတယ်။

 

ကုန်ပစ္စည်းက ကြော်ငြာမှာတော့ အပျံစား အလန်းစားတွေ ဘယ်လိုတွေ ကောင်းပါတယ် ကြေညာပေမဲ့ တကယ်တမ်း ထိတွေ့ အသုံးချ အသုံးပြုကြည့်တဲ့အခါ ကုန်ပစ္စည်း ပြောထားသလို မဟုတ်ပဲ တခုခုလွဲနေတယ် မှားယွင်းနေတယ် ဗန်းစကားနဲ့ပြောရရင် ဂျင်းဖြစ်နေတယ်ဆို လူတွေက ဒီပစ္စည်းအပေါ်မှာ ယုံကြည်မှုရှိတော့မှာမဟုတ်ပါဘူး ။ အဲ့ဒီ့အခါ ကုန်ပစ္စည်းဟာ ဆိုရင်လည်း ဘယ်လောက်ပဲ အရည်အသွေး ပို ကောင်းလာပါစေ လူတွေ ကတော့ အဲ့ဒီ့ကုန်ပစ္စည်းရဲ့အရင်က မကောင်းခဲ့တာကိုပဲ ပြန်လည်တွေးတောပြီး ထပ်ဝယ်ဖို့တွန့်ဆုတ်သွားမှာ အသေအချာပါပဲ။

 

အဲ့ဒီ့တော့ ကြော်ငြာရှင်တွေ အတွက် အဓိက ကျတဲ့အချက်ကတော့ ယုံကြည်ရမှု နဲ့ လုံခြုံစေမှု ပါပဲ။ ယုံကြည်ရမှု ကတော့ အပြောနဲ့အလုပ် ညီပြီး လူတွေစီက ယုံကြည်မှုကို ရယူဖို့ပဲ ဖြစ်ပါတယ်။ ကြော်ငြာမှာ ကြေညာထားတဲ့အတိုင်း အပြင်မှာလည်း အရည်အသွေး ပြည့်ဖို့လိုပါတယ်။ လုံခြုံစေမှု ဆိုတာ ကိုယ့်ကုန်ပစ္စည်း ထုတ်ကုန် ရဲ့ အာမခံချက် ပေးနိုင်မှု ကိုယ့်ပစ္စည်း ထုတ်ကုန်ရဲ့ စိတ်ချရမှု ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

 

ယခုခေတ်က နည်းပညာ ဒစ်ဂျစ်တယ်ခေတ်

--------------------------------------------------

 

ခေတ်မှီလာတာနဲ့အမျှ လူသားတွေတစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက်တွေ ဆိုရှယ်မီဒီယာပေါ်မှာ အမှားအမှန်တွေ အားလုံး အလွယ်တကူ ပျံ့နှံ့သွားပြီး စက္ကန့်ပိုင်းနဲ့ ကမ္ဘာတစ်ဝှမ်းက အဖြစ်အပျက်တွေ ကို သိရှိနိုင်ပါတယ်။ အဲ့တော့ မီဒီယာက တော်တော်လေးတွင်ကျယ် ကျယ်ပြန့်လာပြီး မီဒီယာ အရည်အသွေးကလည်း တော်တော် မြင့်မားပါတယ်။

 

မီဒီယာကြောင့် နေ့တွင်းချင်း ညတွင်းချင်း အောင်မြင်ကျော်ကြားသွားနိုင်သလို မီဒီယာ ကြောင့် အဆိုးဆုံး ပျက်သုန်းတဲ့ အခြေအနေကိုလည်း ရောက်ရှိသွားနိုင်ပါတယ်။ မီဒီယာက တော်တော်လေး အရေးပါ လွှမ်းမိုးထားပါတယ်။အဲ့လို အရေးပါဆုံး မီဒီယာ မှာ အရည်အသွေးကောင်းရဖို့ က အပေါ်က အချက်ကလေးတွေ ကို ဂရုစိုက် သေချာ အရေးထားလုပ်ဖို့ လိုအပ်ပါတယ်။

 

ကဲ အားလုံးလည်း အချိန်ပေးဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...

 

 Myanmar Advertising Guide 
Read times
Rate this item
(0 votes)