-->
×

Warning

JUser: :_load: Unable to load user with ID: 29


2020 ရဲ့အကောင်းဆုံး Jeans တံဆိပ်များ

Jeans တွေက ပုဂ္ဂလိကဆန်တဲ့ ခံစားချက်ပေးပါတယ်။ တစ်ယောက်နဲ့တစ်ယောက် Jeans စတိုင်မှာ အကြိုက်မတူကြလို့ ဖြစ်ပါတယ်။ တချို့က Jeans ဆိုရင် တည့်ပွလို့ ခေါ်တဲ့ Straight Leg တွေ ကြိုက်ကြပြီး တချို့က အသားကပ် Skinny Type ကို သဘောကျပါတယ်။ တချို့လည်း ဝတ်ရတာ ပိုပြီး Well-Fitting ကျတဲ့ Skinny Jeans စတိုင်တွေ နှစ်သက်ကြတာပါပဲ။ ဘယ်လိုပုံစံပဲ သဘောကျကျသည်ဖြစ်စေ Jeans တွေကတော့ ယောင်္ကျားလေးတွေ နှစ်သက်တဲ့ ဖက်ရှင်တစ်မျိုးအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ ဒီနှစ်အတွက်ရော ဘယ်လို Jeans Brands တွေက အကောင်းဆုံး စာရင်းဝင်သလဲဆိုတာလေး ရွေးချယ်ပေးချင်ပါတယ်။

(၁) Levi’s

၁၈၅၃ ကတည်းက Levi’s တံဆိပ် Jeans ဖက်ရှင် စပြီး တည်ထောင်ခဲ့တာပါ။ သက်တမ်းနှစ်ပေါင်း ၁၆၀ ကျော်ကြာမြင့်ပြီ ဖြစ်တဲ့ Jeans ကုမ္ပဏီတစ်ခုဟာ သမိုင်းတွင်တဲ့ Jeans ဖက်ရှင်တွေ ဆက်လက်ရက်လုပ်ရောင်းချနေဆဲ ဖြစ်ပါတယ်။ Levi’s က ထွက်တဲ့ 501 ၊ 510 Skinny Jean ၊ 511 Slim Jeans ၊ 512 Tapered Jeans နဲ့ 541 Athletic Jeans တွေက ထင်ရှားတဲ့ ထုတ်ကုန်တွေ ဖြစ်ပါတယ်။

(၂) Everlane

Everlane က ထွက်ထားတာ မကြာသေးပါဘူး။ ၂၀၁၀ ကမှ မိုက်ကယ်ပရက်စ်မန်းနဲ့ ဂျက်ဆီဖားမားတို့ ထောင်ခဲ့တဲ့ ဖက်ရှင်အမှတ်တံဆိပ်ဖြစ်ပါတယ်။ တာရှည်ခံဖို့ ဦးစားပေးပြီး ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ ထွက်ပါတယ်။ Everlance Slim Fit Jeans တွေဟာ ဝတ်ရတာ သက်တောင့်သက်သာရှိပြီး အထိုင်အထ/လှုပ်ရှားလို့ ကောင်းတယ်လို့ နာမည်ကျော်ပါတယ်။

(၃) American Eagle Outfitters

American Eagle Outfitters (AEO) ကို ဂျယ်ရီနဲ့ မာ့ခ် ‌ဆေးလ်ဗားမင်း ညီအစ်ကိုနှစ်ဦးက ပင်န်ဆီဗေးနီးယားမှာ စပြီး တည်ထောင်ခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်က တည်ထောင်ခဲ့တာ ဖြစ်ပြီး အမျိုးသားဝတ်ရော အမျိုးသမီးဝတ်ပါ ထွက်ပါတယ်။ အသက် ၁၅ နှစ်ကနေ ၂၅ နှစ်တန်း လူငယ်တွေအတွက် အဓိကထားပြီး ထုတ်တာပါ။

AOE က ထွက်တဲ့ ဆွဲသားဒီဇိုင်း Flex Design ဖက်ရှင်ဟာ နာမည်ကျော်ပါတယ်။ ဖီလာဒီဖီးယား အထည်အလိပ်နဲ့ သိပ္ပံကျောင်းထွက် ကလင့်ဂရွမ်းဆိုသူက ဖန်တီးခဲ့တဲ့ ဖက်ရှင် ဖြစ်ပါတယ်။၂၀၂၀ မှာ American Eagle ဟာ အမေရိကန်နဲ့ ကနေဒါတို့မှာ စတိုးဆိုင်ပေါင်း ၇၀၀ ကျော် လည်ပတ်နေပြီ ဖြစ်ပါတယ်။

(၄) Mott & Bow

ပရီမီယံ Jeans တွေကို သင့်တင့်တဲ့ဈေးနဲ့ ဝယ်နိုင်အောင် ထုတ်လို့ ရမလားဆိုတဲ့ မေးခွန်းကနေ Mott & Bow ဆိုတာ ဖြစ်လာတာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကမှ အယ်လီဂျန်ဒရို ချာဟင်ဆိုသူက တည်ထောင်ခဲ့တာပါ။ သူ့မိသားစုက ဟွန်ဒူးရပ်စ်မှာ Denim စက်ရုံတစ်ခု ထောင်ခဲ့တာပါ။

ကလေးဘဝကလည်းက ချာဟင်ဟာ Denim ထည်တွေအကြားမှာ အချိန်ကုန်ခဲ့ရတာ ဖြစ်လို့ သူကြီးလာတဲ့အခါ Jeans ဖက်ရှင်လုပ်ငန်းထောင်တာ သိပ်တော့ အဆန်းမဟုတ်ပါ။ Mott & Bow က ထုတ်တဲ့ Jeans တွေထဲမှာ Skinny ၊ Slim နဲ့ Straight Fit အမျိုးမျိုးရှိပါတယ်။ အရောင်အနေနဲ့ Dark Blue ၊ Medium Blue ၊ Black နဲ့ Gray ကာလာတွေ ထွက်ပါတယ်။

(၅) UNIQLO

 

ဒီတစ်ခုက ဂျပန်အမှတ်တံဆိပ်ဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်က ဖွင့်ခဲ့တာပါ။ ရိုးရှင်းပြီး High-Quality ဆန်တဲ့ ဖက်ရှင်တွေ ထုတ်ပါတယ်။ UNIQLO ဆိုတာ Unique Clothing ဆိုတဲ့ စကားလုံးနှစ်လုံးပေါင်းထားတာပါ။ လုပ်ငန်းမှတ်ပုံတင်ချိန်မှာ C တစ်လုံး ပြုတ်သွားတာ ဖြစ်ပေမယ့် ဒီနာမည်အတိုင်းပဲ ဆက်ပြီး လုပ်ငန်းလည်ပတ်ခဲ့ပါတယ်။

အခုဆို UNIQLO ဟာ ကမ္ဘာအရပ်ရပ် ၁၈ နိုင်ငံမှာ စတိုးဆိုင်ပေါင်း ၁၃၀၀ ကျော် ဖွင့်လှစ်လည်ပတ်ထားပါတယ်။ UNIQLO က အောင်မြင်မှု ရတာ မြန်ဆန်တဲ့ Brand တစ်ခုဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ သူတို့ဆိုင်က Jeans နဲ့ Chinos တွေ မကိုက်ရင်လည်း ဆိုင်မှာရော/အွန်လိုင်းမှာပါ လာလဲလို့ရအောင် လုပ်ပေးထားတာပါ။

 

Crd  ; Kwee 

Read times
Rate this item
(0 votes)