-->
×

Warning

JUser: :_load: Unable to load user with ID: 29


အရောင်တွေရဲ့အခြေခံသဘောတရား

Color Wheel ထဲမှာ Primary Color ရယ် Secondary Color ရယ် Tertiary Color ရယ် ဆိုပြီး အမျိုးအစား (၃) မျိုးခွဲလို့ရတယ်။

Primary Color ကတော့ Red ရယ် Yellow ရယ် Blue တို့ ဖြစ်ပါတယ်။ Primary Color ၂ ရောင်ကို ပေါင်းလိုက်ရင် Secondary Color ရပြီး တော့ အဲ့ Secondary Color နဲ့ ဘေးချင်းကပ်မှာရှိတဲ့ Primary Color နဲ့ ရောလိုက်ရင် Tertiary Color ကို ရပါတယ်။

 

Match ဖြစ်တဲ့ ကာလာတွေ အကြောင်းပြောရင် ကာလာတွေ အချင်းချင်းဆက်စပ်မှု (Basic Relationship) ဖြစ်တဲ့ Analogous Color နဲ့ Complementary Color ဆိုပြီး 2 မျိုးရှိတယ်။ Analogous Color ကတော့ သူ့ဘေးချင်းကပ်မှာ ရှိတဲ့ အရောင်အချင်းချင်းတွေကို ဆိုလိုပြီး အဲဒီအရောင်တွေအချင်းချင်း တွဲဖက် ဝတ်ဆင်ရင် အလွန်လိုက်ဖက်မှုရှိတယ်လို့ ပြောထားပါတယ်။

 

Complementary Color ကတော့ ဆန့်ကျင်ဘက်အရောင်တွေအချင်းချင်းလိုက်ဖက်မှု လို့ ပြောထားပါတယ်။ ဥပမာ- ခရမ်းရောင်နဲ့ အဝါရောင်၊ အပြာရောင်နဲ့ လိ‌ေမ္မာ်ရောင်၊ အနီရောင်နဲ့ အစိမ်းရောင်တို့က လိုက်ဖက်မှုရှိတဲ့ ဆန့်ကျင်ဘက်အရောင်တွေဖြစ်ပါတယ်။

 

Color Wheel ထဲကအတိုင်း အရောင်တွေကို ဆက်စပ်ပြီး Fashion တွဲဖက်ရွေးချယ်မယ်ဆိုရင် ခေါင်းစားသက်သာပြီး သက်သောင့်သာ ရှိမယ်လို့ မျှော်လင့်ပါတယ်။

 

အရောင်ကွဲအများကြီးပေါင်းစပ်တာထက် လိုက်ဖက်မှုရှိတဲ့ အရောင် အများဆုံး (၃) ရောင်လောက်သာ ပါဝင်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရောင်အများကြီး ရောစပ်မှုဟာ အင်မတန်မှ မျက်စိရှုပ်ထွေးစေပါတယ်။

 

Myanmar Advertising Directory 

Read times
Rate this item
(1 Vote)