-->
×

Warning

JUser: :_load: Unable to load user with ID: 29


ခေတ်စမ်း ဒီဂျစ်တယ်ဂျာနယ် ထုတ်ဝေ

မြန်မာ့အရွေ့လူငယ်အဖွဲ့အစည်းမှ လွန်ခဲ့သော နှစ်ငါးဆယ်ခန့်က ပေါ်ပေါက်ခဲ့တဲ့ စာပေလှုပ်ရှားမှုများကဲ့သို့ ယနေ့ခေတ်လူငယ်တွေရဲ့ ဆန်းသစ်ပြီး စုံလင်ကွဲပြားတဲ့ အတွေးအမြင်တွေ၊ ထက်မြက်တဲ့ ကလောင်စွမ်းနဲ့

ဖန်တီးထားတဲ့ အကြောင်းအရာအခြေခဲ ဆောင်းပါးတွေကို လူအများထံ တင်ပြနိုင်မယ့် ဒီဂျစ်တယ်ပလက်ဖောင်းတစ်ခု ဖန်တီးပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ ခေတ်စမ်းဒီဂျစ်တယ်ဂျာနယ်ကို စီစဉ်ထုတ်ဝေခဲ့တယ်လို့ သိရပါတယ်။

ခေတ်စမ်းဒီဂျစ်တယ်ဂျာနယ်မှာ မျက်မှောက်ခေတ်မှာ ဖြစ်ပွားလျက်ရှိတဲ့ အကြောင်းအရာတွေအပေါ် လူငယ်တို့ရဲ့ အမြင်များကို ပွင့်လင်းစွာ ထုတ်ဖော်ဖွင့်ဟနိုင်မယ့် ရပ်ဝန်းတစ်ခုအဖြစ်သာမက အဆိုပါ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကိုးကားယုံကြည်အားထားရတဲ့ အရင်းအမြင်တစ်ခုဖြစ်ရန် ရည်ရွယ်တယ်လို့သိရပါတယ်။

ခေတ်စမ်းတွင် မြန်မာ့အရွေ့လူငယ် အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက် သုံးခုဖြစ်တဲ့ စီမံအုပ်ချုပ်မှု သဘာဝပတ်ဝန်းကျင်နှင့် ကျား၊ မ တန်းတူညီမျှမှု စတဲ့ ခေါင်းစဉ်သုံးခုနဲ့ စပ်လျဉ်းတဲ့ ဆောင်းပါးတွေကို ထည့်သွင်းထုတ်ဝေမှာဖြစ်တယ်လို့ သိရပါတယ်။ခေတ်စမ်းဆောင်းပါးတွေကို လူအများဖတ်ရှုနိုင်ရန် မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာနဲ့ ထုတ်ဝေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ခေတ်စမ်းမှာ ၁၉၃၀ ပြည့်နှစ်ဝန်းကျင်က ပေါ်ပေါက်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေရဲ့စာပေလှုပ်ရှားမှု တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ The Movement – မြန်မာ့အရွေ့ နဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို https://web.facebook.com/themovementmm မှတစ်ဆင့် ဝင်ရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ်။

အောင်သူ

Read times
Rate this item
(0 votes)