-->
×

Warning

JUser: :_load: Unable to load user with ID: 29


လက်ဝယ်ရှိပြီးသား ဖောက်သည်တွေကို ဘယ်လိုထိန်းသိမ်းမလဲ????

လုပ်ငန်းတစ်ခုအနေနဲ့ customer အသစ်တွေတိုးလာဖို့ ကြိုးစားကြတာက လက်ရှိရှိပြီးသား customer တွေကို ဆက်ပြီး ထိန်းသိမ်းဖို့လောက် မခက်ခဲဘူးလို့ လုပ်ငန်းတော်တော်များများက လက်ခံထားကြပါတယ်။

လုပ်ငန်းမှာ ရှိထားပြီးသား customer တွေလျော့သွားတာက လုပ်ငန်းရဲ့ ဝန်ဆောင်မှု မကောင်းတဲ့အချက်ကို ကိုယ်စားပြုတယ်လို့လည်း သတ်မှတ်ကြသေးတာကြောင့် ကိုယ့်လုပ်ငန်းရဲ့ နာမည်ရော၊ ဝန်ဆောင်မှုပါ ကောင်းတယ်ဆိုပြီး ဖြစ်စေဖို့ လက်ရှိ customer တွေ ဆက်ပြီးထိန်းသိမ်းနိုင်မယ့် အချက် ၅ချက်ကို လေ့လာကြည့်ရအောင်ပါ။

အသုံးပြုသူ (customer) တွေရဲ့ အသံကို နားထောင်ပါ

အသုံးပြုနေသူတွေရဲ့ အသံကို နားထောင်တာက သူတို့ရဲ့ လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ဖို့ အရေးကြီးဆုံး အချက်ပါပဲ။ ဒီလိုအသံတွေကို ရရှိဖို့ကတော့ ဆိုရှယ်မီဒီယာကို အသုံးပြုဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ Twitter Facebook Instagram အစရှိတဲ့ ဆိုရှယ်မီဒီယာတွေမှာ လုပ်ငန်းဆိုင်ရာ အကောင့်ဖွင့်ထားရုံနဲ့ သုံးစွဲသူတွေရဲ့ အဆင်မပြေမှုတွေ၊ ပြဿနာတွေနဲ့ feedback တွေကို အလွယ်တကူ သိရှိပြုပြင်နိုင်သလို ချက်ချင်း တုန့်ပြန်နိုင် မှာလည်း ဖြစ်ပါတယ်။ ဒါကလည်း လက်ရှိ အသုံးပြုသူတွေကို ဆက်ပြီး ထိန်းသိမ်းနိုင်မယ့် အချက်ပါပဲ။

အသုံးပြုသူတွေအပေါ်ရိုးသားပါ

ဝန်ဆောင်မှုကို အသုံးပြုနေတဲ့ customer တွေကို မလိမ်ညာပါနဲ့၊ ဒါကလည်း customer တည်မြဲဖို့ အရေးကြီးအချက်တစ်ခုပါပဲ။ အွန်လိုင်းမှာပဲဖြစ်ဖြစ်၊ ပြင်ပမှာတိုက်ရိုက်တွေ့ဆုံတာပဲဖြစ်ဖြစ် ဝန်ဆောင်မှု၊ product နဲ့ ပတ်သက်ပြီး တစ်မျိုးတည်းပဲ ပြောဆိုမိတာမျိုးဖြစ်ပါစေ။ အကယ်၍ အသုံးပြုသူက product နဲ့ ပတ်သက်ပြီး complain ရှိလာပြီဆိုရင် ရိုးသားတဲ့ အဖြေကိုပဲပြန်ပေးမိပါစေ၊ မဖြစ်နိုင်တာမျိုးကို အာမခံတာမျိုး မရှိပါစေနဲ့။ customer တွေ ဆုံးရှုံးသွားစေတဲ့ အချက်က လုပ်ငန်းဘက်ကပေးနိုင်တာထက် ကတိတွေ ပေးမိတာမျိုးပါပဲ။

ဖုန်းဆက်ပါ

အသုံးပြုနေသူတွေဆီ အီးမေးလ်ပို့တာက ဖွင့်ကြည့်မယ်ဆိုတာ မသေချာပေမယ့် ၊ ဖုန်းခေါ်ဆိုလိုက်ရင်တော့ ကိုင်ဖို့ ရာခိုင်နှုန်းများတာကြောင့် အခါအားလျော်စွာ ဖုန်းဆက်ပြီး သုံးစွဲသူတွေရဲ့ လိုအပ်ချက်နဲ့ အဆင်မပြေမှုတွေကို မေးမြန်းပါ။ တိုက်ရိုက် ရင်းနှီးစေတဲ့ အားသာချက်အပြင် အသုံးပြုသူတွေရဲ့ အသံမှာ ခံစားချက်တွေပါလို့ ကိုယ့်ရဲ့ ထုတ်ကုန်အပေါ် တကယ်နှစ်သက်လား ဆိုတာကို သိရှိခံစားစေမယ့် အချက်တစ်ခုလည်းဖြစ်ပါတယ်။

Surveys ကောက်ခံပါ

အသုံးပြုသူတွေရဲ့ ကုန်ပစ္စည်းအပေါ်အမြင်ကို မကြာခဏ စစ်တမ်းကောက်ယူပေးပါ။ ပြပွဲတွေမှာပဲဖြစ်ဖြစ်၊ ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲလိုမျိုးမှာ ဖြစ်ဖြစ် စစ်တမ်းကောက်ယူပေးခြင်းအားဖြင့် ဝန်ဆောင်မှုနဲ့ ကုန်ပစ္စည်းအပေါ်မှာ ပြင်ဆင်စေလိုတဲ့အချက်တွေနဲ့ ကုန်ပစ္စည်းရဲ့ အဆင့်ကို အသုံးပြုသူတွေဆီကတဆင့် သိရှိနိုင်မှာ ဖြစ်ပါတယ်။

အသုံးပြုသူတွေနဲ့ ရင်းရင်းနှီးနှီးဆက်ဆံပြီး အဆက်မပြတ်ပါစေနဲ့

Customer တွေနဲ့ လုပ်ငန်းပါတနာတွေရဲ့ မွေးနေ့၊ အားလပ်ရက်၊ လုပ်ငန်းနှစ်ပတ်လည် လိုမျိုးမှာ ဂုဏ်ပြုမှတ်တမ်း၊ လက်ဆောင်ပို့ပေးဖို့ မမေ့သင့်ပါဘူး။ အနည်းဆုံး အီးမေးလ်ကနေဖြစ်ဖြစ် လှမ်းပြီး ဂုဏ်ပြုသင့်ပါတယ်တဲ့။ သူတို့လိုအပ်တိုင်းမှာလည်း လုပ်ငန်းဘက်က အမြဲရှိပေးနေပြီး လုပ်ငန်းရဲ့ နာမည်က သူတို့ရဲ့ စိတ်ထဲမှာ အမြဲလိုထိပ်ဆုံးမှာ ရှိနေဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ ဒါမှသာ လက်ရှိအသုံးပြုနေသူတွေက ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် သင့်ရဲ့ ထုတ်ကုန်ကို စွန့်ခွာမသွားမှာပဲ ဖြစ်ပါတယ်တဲ့။

Red Dot Myanmar

Read times
Rate this item
(2 votes)