-->
×

Warning

JUser: :_load: Unable to load user with ID: 29


Samsung က ကြော်ငြာမှာ iPhone ပုံ မှားသုံးမိကြောင်းဝန်ခံပြီး ပုံပြောင်းလဲ

Samsung က ကြော်ငြာမှာ iPhone ပုံ မှားသုံးမိကြောင်းဝန်ခံပြီး ပုံပြောင်းလဲ

 

287169798_5232330753471808_1528843746374569111_n.jpg

 

Samsung က  One UI Galaxy အပြင်အဆင်ကို လူသိများစေဖို့ Samsung Members အက်ပ်တွင် ပရိုမိုးရှင်းနဖူးစည်းတစ်ခုကို  တင်ပြခဲ့ပါတယ်။

ပရိုမိုးရှင်းနဖူးစည်းကို တွေ့မြင်ကြသူတွေ အံအားသင့်ကုန်တယ်။ 

ပရိုမိုးရှင်းနဖူးစည်းမှာ သုံးထားတဲ့ ဖုန်းပုံက ထိပ်ချိုင့်စခရင်သုံးထားတဲ့ iPhone notch ဖုန်းမော်ဒယ်နှင့် ဆင်ဆင်တူနေတယ်။

Samsung က ထိပ်ချိုင့် notch စခရင်ဒီဇိုင်းကို သုံးလေ့သုံးထ မရှိပါဘူး။ အဝိုင်းပေါက် punch hole ကိုသာ သုံးပါတယ်။

ဒီတော့ ထိပ်ချိုင့်စခရင် ဖုန်းပုံကုိ Samsung ရဲ့ နဖူးစည်းပုံမှာ ဖော်ပြထားတဲ့အတွက် Samsung Members အက်ပ်ကို သုံးစွဲသူများအနေဖြင့် အံ့အားသင့်မိကြတယ်။ Samsung က မူပြောင်းပြီး ထိပ်ချိုင့်ဒီဇိုင်းကို နောက်ထုတ်လုပ်မယ့် စမတ်ဖုန်းတွေမှာ သုံးတော့မှာလာလို့ သို့လောသို့လော တွေးဆမိကြတယ်။

 သို့လော သို့လော တွေးနေမိကြစဉ်မှာ  Samsung က ဒီဇိုင်းမှားသုံးမိကြောင်း ဝန်ခံပြီး ပုံအသစ် ပြောင်းလဲပေးမယ်လို့  အသိပေးကြေညာချက်တစ်စောင် ထုတ်ပြန်ပါတယ်။

 နဖူးစည်းကို တာဝန်ယူစီစဉ်ရတဲ့သူရဲ့ အမှားသာ ဖြစ်ကြောင်း ၊ ဒီဇိုင်းဖိုင် မှားယွင်းသုံးစွဲမိကြောင်း၊   ပုံကို ဆောလျင်စွာဖြင့် အသစ်လဲပေးမှာဖြစ်ကြောင်း အသိပေးပါတယ်။

Galaxy theme သုံးထားတဲ့ ဖုန်းပုံပါတဲ့ ဒီဇိုင်းဖြင့် အစားထိုးလဲလှယ်ပေးလိုက်ပါတယ်ယ ဖုန်းစခရင်ထိပ် အလယ်နေရာမှာ အဝိုင်းပေါက် punch-hole ပါတဲ့ ဖုန်းပုံကို မှန်ကန်စွာ သုံးစွဲထားတဲ့ နဖူးစည်းကို Samsung Members အက်ပ်ကို သုံးစွဲသူများ တွေ့မြင်ကြရပါတယ်။

#MyanmarAdvertisingGuide

 

286884479_5232332013471682_7324919965600736451_n.jpg

 

 

 

 

 

Additional Info

  • Sidebar Banner: 3042-samsung-iphone
Read times
Rate this item
(0 votes)