-->
×

Warning

JUser: :_load: Unable to load user with ID: 29


ရိုက်တာ စစ်တမ်းအဆိုအရ သတင်းများကို ရှောင်တဲ့လူ ပိုများလာပြီး အယုံအကြည်နည်းလာ

ရိုက်တာ စစ်တမ်းအဆိုအရ သတင်းများကို ရှောင်တဲ့လူ ပိုများလာပြီး  အယုံအကြည်နည်းလာ

 

 ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါ၊ ယူကရိန်းကို ရုရှား၏ကျူးကျော်ဝင်ရောက်မှုနှင့် လူနေမှုစရိတ်အကျပ်အတည်းကဲ့သို့သော အရေးကြီးသတင်းများကို လူအများအပြာ:တို့က မဖတ်ရှုလိုကြဘဲ  တမင်ရှောင်ရှားနေကြကြောင်း အင်္ဂါနေ့ (ဇွန် ၁၄ ရက်)မှာ ထုတ်ပြန်တဲ့အစီရင်ခံစာအရ သိရပါတယ်။

 

စစ်တမ်းကောက်ယူမှုမှာ ပါဝင်သူအများစုသည် သတင်းကို ပုံမှန်အားဖြင့် ဖတ်ရှုနေကြသော်လည်း ၃၈ ရာခိုင်နှုန်းက ၎င်းတို့သည် မကြာခဏ သို့မဟုတ် တစ်ခါတစ်ရံတွင် သတင်းများကို ရှောင်ကြဉ်ကြတယ်လို့ ဖြေဆိုပါတယ်။၂၀၁၇ ခုနှစ်တွင် ၂၉ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခု ၃၈ ရာခိုင်နှုန်းသို့ များလာတာ ဖြစ်ပါတယ်လို့  Reuters Institute for the Study of Journalism မှ ထုတ်ပြန်တဲ့ နှစ်စဉ်ဒစ်ဂျစ်တယ်သတင်းအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်တမ်းဖြေသူတို့တွင် ၃၆ ရာခိုင်နှုန်းဝန်းကျင် အထူးသဖြင့် အသက် ၃၅ နှစ်အောက်ရှိသူ မျာက  သတင်းတွေက ၎င်းတို့၏ စိတ်ခံစားချက်ကို ကျဆင်းစေတယ်လို့ ဆိုပါတယ်။

 

သတင်းအပေါ်ယုံကြည်မှုလည်း ကျဆင်းလာပြီး အထူးသဖြင့် အမေရိကန်ပြည်ထောင်စုတွင် အနိမ့်ဆုံးစံချိန် ဖြစ်နေပါတယ်။  ပျမ်းမျှအားဖြင့် လူ ၄၂ ရာခိုင်နှုန်းက သတင်းအများစုကို အချိန်အများစုတွင် ယုံကြည်ကြတယ်လို့  ဖြေဆိုကြပါတယ်။  အဆိုပါ ရာခိုင်နှုန်းကိန်းဂဏန်းဟာ စစ်တမ်းမှာ အကျုံးဝင်တဲ့နိုင်ငံများရဲ့ ထက်ဝက်နီးပါးတွင် ကျဆင်းခဲ့ပြီး ခုနစ်နိုင်ငံတွင် မြင့်တက်လာခဲ့ပါတယ်။ 

 

လူအများအပြားက မီဒီယာကို နိုင်ငံရေးအရ လွှမ်းမိုးမှု လွန်ကဲနေတယ်လို့ ရှုမြင်ကြပါတယ်။ လူနည်းစုကသာ သတင်းအဖွဲ့ အစည်းအများစုသည် လူ့အဖွဲ့အစည်းအတွက် အကောင်းဆုံးအရာများ ပေးအပ်ဖို့ကို ၎င်းတို့၏ စီးပွားရေးအပေါ် စိတ်ဝင်စားမှုထက် ဦးစားပေးကြတယ်လို့ ယုံကြည်ကြပါတယ်။လို့  Reuters Institute ဒါရိုက်တာ Rasmus Kleis Nielsen က အစီရင်ခံစာတွင် ရေးသားထားပါတယ်။

 

စျေးကွက် ၄၆ ခုတွင်  လူပေါင်း ၉၃,၄၃၂ ဦးကို အွန်လိုင်းစစ်တမ်း ကောက်ယူထားတဲ့အပေါ်မှာ အခြေခံပြီး ထုတ်ပြန်တဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။  

 

ငယ်ရွယ်သော ပရိသတ်များသည် လူမှုမီဒီယာ ပလက်ဖောင်းများမှတစ်ဆင့် သတင်းများကို သိရှိကြတာ ပိုများလာတဲ့အတွက် သတင်းမီဒီယာများမှ တင်ပြတဲ့သတင်းတွေ ဖတ်ရှုတာ နည်းလာနေတယ်လို့ ဆိုပါတယ်။

 

အပတ်စဉ်  အသက် ၁၈ နှစ်မှ ၂၄ နှစ်ကြားရှိသူများအနက် ၇၈ ရာခိုင်နှုန်းသည် သတင်းမီဒီယာများရဲ့ သတင်းများကို တစ်နေရာတည်းမှာ စုစည်းပေးထားတဲ့ နေရာများမှာ သတင်းကို ရယူကြတယ်။ ရှာဖွေရေးအင်ဂျင်များနှင့် ဆိုရှယ်မီဒီယာများမှတစ်ဆင့်လည်း သတင်းရယူကြတယ်။  အဲဒီအသက်အပိုင်းအခြား အုပ်စုမှာ ၄၀ ရာခိုင်နှုန်းက TikTok ကို အပတ်စဉ် ပုံမှန်သုံးစွဲနေကြသူများ ဖြစ်ပါတယ်။ ၁၅ ရာခိုင်နှုန်းကသာ သတင်းတွေကို ရှာဖွေဖတ်ရှုတယ်။ ပြောဆိုဆွေးနွေးတယ်။ တခြားသူတွေကို ဝေမျှတယ်လို့ ဖြေကြားပါတယ်။ 

 

သတင်းတွေကို လစဉ်ကြေး နှစ်စဉ်ကြေး စသဖြင့် အခကြေးပေးပြီး ဖတ်ရှုသူ အရေအတွက် ကြီးထွားမှုက မှန်တန်းမှာ ရှိနေပြီး ပြည်တွင်းသတင်းဌာနများကိုသာ လစဉ်ကြေး ပေးသွင်းပြီး ဖတ်ရှုကြသူက အများစု ဖြစ်ပါတယ်။ 

 

 သတင်းကို အခကြေးပေးပြီး ဖတ်ရှုမှု ကျယ်ပြန့်တဲ့ နိုင်ငံ ၂၀ မှ စစ်တမ်းဖြေဆိုသူများရဲ့ ၁၇ ရာခိုင်နှုန်းက အွန်လိုင်းသတင်းကို အခကြေးပေးပြီး ရယူကြတယ်။ အတိုးအလျော့ မရှိဘဲ ယခင်နှစ်က ရာခိုင်နှုန်းအတိုင်း ဖြစ်ပါတယ်။ 

ပြည်တွင်းသတင်းအတွက် အခကြေးနှုန်းထားတွေက ဈေးကွက်တွေအကြား နှုန်းထားများ ကွဲပြားကြပါတယ်။ 

 

 စစ်တမ်းရလဒ်များ မှားယွင်းမှု အနည်းအများ ၂ - ၃ ရာခိုင်နှုန်း  ရှိနိုင်ပါတယ်။ 

 

Reuters Institute for the Study of Journalism ကို Thomson Reuters ရဲ့ ပရဟိတ္တ လက်တံတစ်ဖြစ်တဲ့ Thomson Reuters Foundation က ရန်ပုံငွေ ထောက်ပံ့ပေးပါတယ်။ 

 

#MyanmarAdvertisingGuide

Additional Info

  • Sidebar Banner: 3043-reuters-institute
Read times
Rate this item
(0 votes)