-->


စပွန်ဆာကြေးအတွက် လေယာဉ် တမင်ပျက်ကျသည့် YouTuber ထောင်ဒဏ် နှစ် ၂၀ အထိ ကျနိုင်

စပွန်ဆာကြေးအတွက် လေယာဉ် တမင်ပျက်ကျသည့် YouTuber ထောင်ဒဏ် နှစ် ၂၀ အထိ ကျနိုင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ချန်နယ်တွင် ကြည့်ရှုမှုအရေအတွက် များစေရန် လေယာဉ်ကို တမင်ပျက်ကျစေခဲ့သည့် YouTuber လေယာဉ်မှူးအား ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်နိုင်ကြောင်း အမေရိကန် အာဏာပိုင်များက ကြာသပတေးနေ့(မေ ၁၁)တွင် ပြောကြားခဲ့သည်။ Jacob က အပြစ်ရှိကြောင်း ဝန်ခံရန် သဘောတူခဲ့သည်။

"I crashed my airplane" ခေါင်းစဉ်ဖြင့် Trevor Jacob က ၂၀၂၁ နိုတင်ဘာလတွင် အင်ဂျင်ပျက်သဖြင့် လေယာဉ်ပျက်ကျသည်ကို YouTube တွင် ဗီဒီယို တင်ပြခဲ့သည်။

အခင်းဖြစ်ပွားပြီး သီတင်းပတ် အနည်းငယ်အတွင်း  National Transportation Safety Board နှင့် the Federal Aviation Administration (FAA) တို့မှ စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပြီး Jacob ကို လေယာဉ်ပျက်ကို ထိန်းသိမ်းထားရန် အမိန့်ထုတ်ခဲ့သည်။

အခင်းဖြစ်ပွားပြီး ၂ ပတ်အကြာတွင် Jacob နှင့် အပေါင်းပါ ၁ ဦးတို့သည် ရဟတ်ယာဉ်ဖြင့် လေယာဉ်ပျက်ကို သယ်ယူခဲ့ကြသည်။ လေယာဉ်ပေါ်မှ ကင်မရာဒေတာများကို ရယူခဲ့သည်။

ပိုက်ဆံအိတ်ကုမ္ပဏီတစ်ခုထံမှ စပွန်ဆာကြေးဖြင့် ငွေရှာရန် ဗီဒီယိုကို ဖန်တီးပြီး YouTube မှာ တင်ခဲ့သည်။

 လေယာဉ်ကို အပိုင်းပိုင်းအစစ ဖြတ်တောက်ပြီး အမှိုက်ပုံးများတွင် လိုက်လံစွန့်ပစ်ကာ အစဖျောက်လိုက်ကြသည်။

.

FAA က  Jacob ၏ လေယာဉ်မှူးလိုင်စင်ကို ၂၀၂၂  ဧပြီလတွင် ဖျက်သိမ်းခဲ့သည်။

 .


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)