-->
×

Warning

JUser: :_load: Unable to load user with ID: 29

စီးပွားရေးလောကထဲဝင်တော့မယ်ဆိုရင် လိုက်နာရမယ့်အချက် (၅)ချက်


စီးပွားရေးလုပ်တယ်ဆိုတာ ထင်သလောက်မလွယ်ပါဘူး ခေတ်ကာလအခြေနေ ပြောင်းလဲမှုနဲ့အစိုးရပေါ်လစီတွေကြား ကျွမ်းကျင်စွာကူးခတ်နိင်မှ အောင်မြင်နိင်မှာပါ။ ဆိုင်လေးတစ်ဆိုင်ဖွင့် ဆိုင်ဘုတ်လေးတင် ကုန်ပစ္စည်းတွေရောင်းရုံနဲ့ စီးပွားရေးလုပ်တတ်ပြီ၊ ကျွမ်းကျင်ပြီလို့ပြောလို့မရပါဘူး။ စီးပွားရေးလောကထဲ ဝင်တော့မယ်ဆိုရင် လိုက်နာကျင့်သုံးရမယ့် အချက် (၅)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ business Network

မိတ်ဆွေကောင်းတွေ များလာအောင်ကြိုးစားပါ။ ဒါမှကိုယ့် network ကျယ်ပြန့်ပြီး စီးပွားရေးလုပ်တဲ့အခါ အဆက်သွယ်ကောင်းတွေ ရမှာပါ။ စီးပွားရေးလောကမှာ မိတ်ဆွေကောင်းရှိဖို့အရေးကြီးပါတယ်။ မိတ်ဆွေဆိုးနဲ့တွေ့
ရင်တော့ ဘဝပါပျက်နိင်ပါတယ်။

၂။ business management

business management အကြောင်းသေချာလေ့လာပါ။ ထဲထဲဝင်ဝင်သိလေ လုပ်ငန်းလုပ်ရတာလွယ်ကူလေပါပဲ။ လုပ်ငန်းကြီးလာရင် လုပ်ငန်းချဲ့လာရင် ပိုလိုအပ်ပါတယ်။ လူခွဲမရှိလို့ လုပ်ငန်းခွဲတွေမချဲ့နိင်ဘူးလို့ ပြောနေတဲ့သူတွေဟာ Business management ဆိုတဲ့ လုပ်ငန်းစီမံခန့်ခွဲမှုကို မလုပ်တတ်သူတွေသာ ဖြစ်ပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ်လိုချင်တဲ့ လုပ်ငန်းလည်ပတ်မှု ပုံစံမျိုးရရှိအောင်

၃။ business Knowledge

ကိုယ်လုပ်နေတဲ့လုပ်ငန်း ကကြီးကနေအ ထိသိထားဖို့လိုပါတယ်။ ဒါမှ တပည့်တွေ လုပ်ဖော်ကိုင်ဘက်တွေရဲ့အလိမ်မခံရမှာပါ။ လုပ်ငန်းတခုထောင်တော့မယ်ဆိုရင် အဲဒီလုပ်ငန်းအကြောင်း သိအောင်အရင်ကြိုးစားပါ။

၎။ business eyes

စီးပွားရေးလောကထဲ ဝင်မယ်ဆိုရင် စီးပွားရေးအမြင်ရှိဖို့လိုပါတယ်။ ဘယ်ပစ္စည်းကို ဘယ်ဈေးနဲ့ဘယ်မှာဝယ်ပြီး ဘယ်လောက်နဲ့ဘယ်နေရာ တွေမှာပြန်ရောင်းမလဲဆိုတာ သိထားရပါ့မယ်။ Market Circle ကိုနားလည်ထားရပါ့မယ်။ Market trend ကိုကြည့်တတ်ရပါမယ်။

 ၅။ Busines idea

Business idea ဆိုတာ ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုလုပ်ငန်း တခုခုအပေါ်ကနေ ဝင်ငွေကောင်းအောင်ရှာနိင်ပြီး ကိုယ့်ရဲ့ရင်းနှီးမြုပ်နှံမှုတွေ တိုးပွားသထက်တိုးပွားအောင် လုပ်နိုင်မယ့်အယူအဆအတွေးခေါ်ကိုခေါ်ပါတယ်။ Business idea ကောင်းကောင်းရှိတဲ့သူဟာ အကျိုးမြတ်များပြီး ပြိုင်ဘက်မရှိတဲ့ Blue Oceans market တွေကို ဖန်တီးနိင်လေ့ရှိပါတယ်။

အပေါ်မှာဖော်ပြခဲ့တာတွေကတော့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်မယ်ဆိုရင် လိုအပ်တဲ့အချက်အလက်တွေပဲ ဖြစ်ပါတယ်။


Source; မောင်သူရ
Myanmar Advertising Directory

Published in Tips