-->
×

Warning

JUser: :_load: Unable to load user with ID: 29


Startup လုပ်ကိုင်မယ့်လူငယ်တွေ အခက်အခဲတွေရှိလာတဲ့အခါ ဘယ်လိုဖြေရှင်းသင့်လဲ

Startup လုပ်ကိုင်မယ့်လူငယ်တွေ အခက်အခဲတွေရှိလာတဲ့အခါ ဘယ်လိုဖြေရှင်းသင့်လဲ Google

ကိုယ်ပိုင်လုပ်ငန်း (သို့) Startup ဆိုတဲ့စကားလုံးဟာ အခုခေတ်ကျွန်တော်တို့လူငယ်တွေကြားမှာ တော်တော်ခေတ်စားနေပါတယ်။ ဒါဟာသတင်းကောင်းပါ။

ကျွန်တော်တို့လုပ်ချင်စိတ်ရှိတယ်။ Inspiration ရှိတယ်ဆိုတာကိုပြနေတာပါ။ ဒါပေမယ့် သတင်းဆိုးကတော့ Startup တော်တော်များများ မအောင်မြင်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် တစ်ချို့ဆိုမစခင်က တန်းဖြုတ်ခဲ့ရတာအများကြီးပါ။ အဲထဲမှာသူငယ်ချင်းတို့မပါစေဖို့ ကိုယ်ပိုင်စီးပွားရေးလုပ်ရာမှာအကျိုးရှိစေမယ့် လိုအပ်တဲ့အချက်တွေကို မျှဝေပေးလိုက်ပါတယ်။


၁။ ကိုယ့်ကိုယ်ကိုစိန်ခေါ်ပါ

ကိုယ့်အနေနဲ့ ပထမဆုံးကိုယ်ပိုင်စီးပွားရေး စတင်လုပ်ကိုင်တော့မယ်ဆိုရင် အနည်းနဲ့အများတော့ အကျိုးအမြတ်ကိုတွက်တတ်ကြပါတယ်။ ဒါပေမဲ့ ဒီလိုတွက်ချက်နေမဲ့အစား ယုံကြည်မှုရှိရှိနဲ့ ကိုယ်ဝါသနာပါရာလုပ်ငန်းတစ်ခုခုကို စတင်လိုက်မယ်ဆိုရင် အကျိုးအမြတ်ဆိုတာ ကိုယ်နဲ့လက်တစ်ကမ်းအကွာမှာပါ။ ဒါကြောင့် မိမိကိုယ်ကိုယ် ရဲရဲဝံ့ဝံ့ စိန်ခေါ်ပြီး လုပ်ငန်းတစ်ခုကိုစတင်လိုက်ပါ။


၂။ အသင့်တော်ဆုံး လုပ်ငန်းကိုရွေးချယ်ပါ

ကိုယ်ပိုင်စီးပွားရေးလုပ်ချင်နေတဲ့ လူငယ်တွေအတွက် ရင်ဆိုင်ကြုံတွေ့လာနိုင်တဲ့ယေဘုယျ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုကိုရွေးချယ်တဲ့အခါမှာ မိမိစိတ်ဝင်စားတဲ့အလုပ်ဟုတ်မဟုတ်၊ ကိုယ့်ရဲ့ အရင်းအနှီး၊ လုပ်ငန်းရဲ့သဘောသဘာဝ၊ ဈေးကွက်အတွင်းထိုးဖောက် ဝင်ရောက်နိုင်မှုအနေအထားစတဲ့ အခြေခံများကိုမူတည်ပြီး သင့်လျော်တဲ့လုပ်ငန်းတစ်ခုကို ရွေးချယ်သင့်ပါတယ်။


၃။ ကိုယ့်ကိုယ်ကိုယုံကြည်ပါ

လုပ်ငန်းတစ်ခုခုကို ရွေးချယ်ပြီးပြီဆိုရင်တော့ စတင်လုပ်ကိုင်ဖို့အတွက် အသင့်ပြင်ရပါတော့မယ်။ ဒီအခါမှာ အရေးကြီးဆုံးက ကိုယ့်ကိုယ်ကိုယုံကြည်ဖို့ပါ။ လုပ်ငန်းမစရသေးခင်မှာပဲ “ဖြစ်နိုင်ပါ့မလား ၊ ငါနဲ့မကိုက်သေးဘူးထင်တယ်” စတဲ့အတွေးတွေကို ရုပ်သိမ်းပြီး တတ်နိုင်သမျှမိမိကိုယ်ကိုယ် ယုံကြည်မှုပြင်းထန်နေတဲ့အချိန်မှာ လုပ်ကိုင်သင့်ပါတယ်။ ဒီလိုအချိန်မှာလုပ်ကိုင်ခြင်းဟာ မိမိရဲ့လုပ်ငန်းကိုအကောင်းဆုံးအကြံဉာဏ်တွေနဲ့ စတင်နိုင်သလို ဟာကွက်မရှိဂရုစိုက်နိုင်မှာလည်းဖြစ်ပါတယ်။

Twitter မှာ Follow လုပ်ထားသင့်တဲ့ ကြော်ငြာလောကရဲ့ နာမည်ကြီး (၆)ယောက်
၎။ အမြင်ကျယ်ပါ

လုပ်ငန်းစတင်ပြီဆိုတော့ မိမိအရင်ကနေခဲ့တဲ့ Comfort Zone ကနဲ့တူမှာ မဟုတ်တော့ပါဘူး။ ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့အတွက် အမြတ်နဲ့အရှုံးဟာ ကိုယ်နဲ့ပဲ တိုက်ရိုက်သက်ဆိုင်နေမှာပါ။ ဒါကြောင့် အမြင်ကျယ်ကျယ်ထားဖို့လိုပါတယ်။ ဥပမာ- ခေတ်စားနေတဲ့လုပ်ငန်းကို လုပ်မလား၊ သူများနဲ့မတူတဲ့ လုပ်ငန်းအသစ်တစ်ခုကိုပဲ စွန့်စားကြည့်မလား စသဖြင့်ဆုံးဖြတ်ချက်များကို ကိုယ်တိုင်ချမှတ်ရမှာဖြစ်ပြီး အကျိုးရှိတဲ့ဆုံးဖြတ်ချက်များ ချမှတ်နိုင်ဖို့အတွက် အမြင်ကျယ်ကျယ်ရှိဖို့လိုအပ်ပါတယ်။


၅။ အကူအညီပေးနိုင်တဲ့သူများနဲ့တွေ့ဆုံပါ

တစ်ခါတစ်လေမှာ မိမိရဲ့လုပ်ငန်းကို ဘယ်ကစလုပ်ရမှန်းမသိတဲ့အခါမျိုးမှာ ကိုယ့်ကိုအကောင်းဆုံး အကြံပေးနိုင်မဲ့သူမျိုးတွေနဲ့ တွေ့ဆုံသင့်ပါတယ်။ ဥပမာ- ကိုယ့်ရှေ့ကအောင်မြင်သွားတဲ့သူတွေနဲ့ တွေ့ဆုံခြင်း ဒါမှမဟုတ် သူတို့ပြုလုပ်တဲ့ Seminar များတက်ရောက်ဆွေးနွေးခြင်း၊ အကြံဉာဏ်တောင်းခံခြင်းဖြင့် ပိုမိုစနစ်ကျတဲ့နည်းစနစ်တွေနဲ့ မိမိရဲ့လုပ်ငန်းကိုစတင်နိုင်မှာဖြစ်ပါတယ်။


၆။ အကြောက်တရားတွေကို ရင်ဆိုင်ဖြေရှင်းပါ

လုပ်ငန်းမစခင် ကိုယ်ကြောက်တဲ့အရာတွေကို စာရင်းလုပ်ပြီး တစ်ခုချင်းရှင်းထားသင့်ပါတယ်။ ဒီနေရာမှာ အကြောက်တရား Fear ဟာ အန္တာရယ် Risk နဲ့ မတူတာကို သတိပြုဖို့လိုပါတယ်။ Risk ဟာ ပြင်ပသက်ရောက်မှုပေါ်မူတည်ပြီး Fear ကတော့ ကိုယ်နဲ့ပဲဆိုင်ပါတယ်။ အကြောက်တရားမှာလဲ ကိုယ်တိုင် Personal နဲ့ လုပ်ငန်းခွင် Work-related ဆိုပြီးရှိလို့ ကြိုသိလို့ကြိုပြင်ဆင်မှ တော်ကာကျပါမယ်။ ဥပမာ – ဆရာဝန် ဆို သွေးကြောက်တာမျိုးက Personal ဖြစ်ပြီး ဆေးများမှားလားဆိုတဲ့အတွေးမျိုးက Work-related ဖြစ်ပါတယ်။


၇။ လုပ်ငန်းခွင်မှာရင်းနှီးမှုတည်ဆောက်ပါ

သူဌေးဘဲဆိုပြီးအလုပ်ကို ပြစ်ထားတာမျိုးလုံးဝမလုပ်ပါနဲ့။ အောက်ခြေအလုပ်ထိ မကျွမ်းကျင်တောင်သိနေပါစေ။ ကိုယ့်လုပ်ငန်းခွင်ကို ကိုယ်ကိုယ်တိုင်လှည့်လည်ကြည့်ရှူစစ်ဆေးခြင်း၊ ဝန်ထမ်းများနဲ့ ရင်းနှီး ယုံကြည်မှုတည်ဆောက်ခြင်းများ ပြမူဆောင်ရွက်ပါ။ အခြားစီးပွားရေးလုပ်ငန်းများနှင့်လည်း သင့်တော်သလို အဆက်အသွယ်ပြုလုပ်ထားပါ။ ကိုယ့်လုပ်ငန်းအတွက် အကျိုးရှိစေပါတယ်။

Credit; live The Dream
Myanmar Advertising Directory

Read times
Rate this item
(1 Vote)