-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငာနယ်ပယ်သစ်ဖြစ်လာတဲ့ TikTok (၂)

ကြော်ငာနယ်ပယ်သစ်ဖြစ်လာတဲ့ TikTok (၂) Google

TikTok ပလက်ဖောင်းတွင် ဗီဒီယိုအတိုaကြာ်ငြာစရိတ်သုံးစွဲမှုသည် တရုတ်နှင့်အာရှပစိဖိတ်ဒေသတွင် တိုးလာနေသည်။

အာရှပစိတ်ဖိတ်ဒေသမှ သြစတေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့တွင် ဗီဒီယိုအတို ကြော်ငြာစရိတ်သုံးစွဲမှု Ad Spend သည် ယခုနှစ်၌ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ သန်း ဘီလျံ ရှိမည်ဟု ခန့်မှန်းသည်။ ဆိုရှယ်မီဒီယာများအတွက် Ad Spend စုစုပေါင်းမှာ တိုးလာဖွယ်ရာ မရှိ။ သို့ဖြစ်ရာ အခြား ဆိုရှယ်မီဒီယာများအတွက် Ad Spend ကို လျှော့ချပြီး TikTok အတွက် သုံးစွဲကြလိမ့်မည်ဟု Forrester Research, Inc က တင်ကြိုမှန်းဆထားသည်။ TikTok အရှိန်အဝါသည် အိန္ဒိယတွင် ကြီးမားခဲ့ပြီး ယဉ်ကျေးမှုဓလေ့ကို တန်ဖိုး ယုတ်လျော့စေသည့် ဗီဒီယိုများ တင်ကြသည်ဟု ဝေဖန်ပြီး ပိတ်ပင်ခဲ့သည်မှာ ၂၀၁၉ ခုနှစ် ဧပြီလတွင် ဖြစ်သည်။

သို့သော် တစ်ပတ်သာတည်တံ့သည်။ ပိတ်ပင်မှုကို ဖယ်ရှားပြီး ပြန်လည်ခွင့်ပြုခဲ့ကြရသည်။ TikTok ကို Download ရယူခွင့် မပေးဖို့ကိုသာ တားမြစ်ပိတ်ပင်ခြင်းကိုသာ TikTok လုပ်ပေး၍ရသည်။ ဖုန်းများထဲ ရှိနေနှင့်ပြီးသား TikTok App များကို တားဆီးဖို့ မဖြစ်နိုင်ချေ။ ဖုန်းပေါင်း သန်း ၂၀၀ ဝန်းကျင်တွင် ရှိနေသည့်  TikTok ကို ဖယ်ရှားဖို့ ဆိုသည်မှာ မဖြစ်နိုင်သောအရာ ဖြစ်နေသည်။ သို့ဖြစ်ရာ တားမြစ်ချက်မှာ အဓိပ္ပာယ်ကင်းမဲ့နေသည့်အပြင် TikTok အမာခံ ပရိသတ်၏ ဆန့်ကျင်ဝေဖန်မှုကိုလည်း ရင်ဆိုင်ရသဖြင့် တားမြစ်ချက်ကို တစ်ပတ်အကြာတွင် ပြန်ရုပ်သိမ်းခဲ့သည်။ 

TikTok သည် အိန္ဒိယတွင်သာမက အခြားအာရှနိုင်ငံများတွင်လည်း ပေါက်သွားသည်။ တရုတ်နိုင်ငံတွင် TikTok သုံးစွဲသူဦးရေ တစ်စထက်တစ်စ ပိုများလာနေသည်မှာ ယခုအထိ အရှိန်ကောင်းနေဆဲ ဖြစ်သည်။ TikTok ကို မွေးဖွားပေးသည့် ByteDance သည် တရုတ်နိုင်ငံမှ နည်းပညာ မဟာလုပ်ငန်းကြီး ဖြစ်သည်။ တရုတ်နိုင်ငံမှာ ရှိနှင့်ပြီးသား ဆိုရှယ်မီဒီယာ လုပ်ငန်းကြီးများ ဖြစ်ကြသည့် Tencent ၊ Alibaba နှင့်  Baidu တို့ကလည်း အပြိုင်အဆိုင်ပြုကာ ဗီဒီယိုအတို အက်ပ်များ ထုတ်လုပ်ကြသည်။ Tencent က Weishi ကို ထုတ်သည်။ Alibaba က Lu Ke ကို ထုတ်သည်။ Baidu က Nani ကို ထုတ်သည်။ 

Read More>>> ကြော်ငာနယ်ပယ်သစ်ဖြစ်လာတဲ့ TikTok (၁)

ထိုသို့ နောက်ကျကျန်ခြင်း မဖြစ်ရအောင်လုပ်ကြရသည်မှာ ဆိုရှယ်မီဒီယာသုံးစွဲသူတို့သည် ဗီဒီယိုအတိုများကို ကြည့်ရှုမှုပိုများလာနေခြင်းကြောင့် ဖြစ်သည်။ ကြော်ငာလိုသူတို့အနေဖြင့်လည်း သုံးစွဲသူတို့၏ စခရင်ပေါ်သို့ မိမိ၏ ကြော်ငြာဗီဒီယိုအတိုကို တင်ဆက်ခွင့် ရနေစေသည်။ ပေါက်သွားသည့် ဗီဒီယိုအတို ကြော်ငြာလည်း ရှိနေသည်။ အိန္ဒိယမှ အာမခံလုပ်ငန်း SBI Life က ၎င်း၏ အက်ပ် ဖြစ်သော YONO အကြောင်း ဗီဒီယိုအတို ကြော်ငြာကို TikTok မှာ တင်သည်။

TikTok သုံးသူ အများစုမှာ  မြို့ငယ်ကျေးရွာများမှ လူငယ်လူရွယ်များ ဖြစ်ကြသဖြင့် လူငယ်များကို ပစ်မှတ်ထားသော ဗီဒီယိုကြော်ငြာ ဖန်တီးပြီး တင်လိုက်ခြင်း ဖြစ်သည်။ တစ်ပတ်အတွင်း ကြည့်ရှုမှုကြိမ်ရေ ၇ သန်း ကျော် ရရှိခဲ့သည်။ ဂျပန်မှ Softbank က ‘Brand Takeovers’ ကြော်ငြာကို TikTok မှာ တင်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့သည်။ brand takeovers ဖြင့် TikTok တွင် ကြော်ငြာပါက full-screen vertical display ကို ဗီဒီယိုထဲတွင် ကြော်ငြာဗီဒီယိုအဖြစ် ပြသပေးသည်။ အက်ပ်ကို စဖွင့်လိုက်ချိန်တွင် ၅ စက္ကန့် ကြာသည်အထိ ကြော်ငြာဗီဒီယိုကို ပြသပေးသည်။ ရုပ်သေ ထိုးပြစေလိုပါကလည်း ရသည်။ 

in-feed native video ad အမျိုးအစားမှာ သာမန် ဗီဒီယိုတစ်ခုအဖြစ် တင်ပေးခြင်းဖြစ်ပြီး “For You” feed တွင် ဖော်ပြပေးသည်။ Louis Vuitton နှင့်  Michael Kors တို့လည်း TikTok တွင် တရုတ်ဈေးကွက်အတွက် ကြော်ငြာကြသည်။ Uniqlo က TikTok နှင့်လက်တွဲပြီး တစ်ကမ္ဘာလုံးအတွက်ကြော်ငြာခြင်းကို ပထမဆုံးအကြိမ်ဆောင်ရွက်ခဲ့သည်။ 

Source: Campaign Asia-Pacific

 

Read times
Rate this item
(1 Vote)