-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဒီလိုအန္တရာယ်ရှိတဲ့အချက်တွေကို ရင်ဆိုင်နိုင်တယ်ဆိုမှဖေ့ဘွတ်ခ်မှာကြော်ငြာပြုလုပ်ပါ

ဒီလိုအန္တရာယ်ရှိတဲ့အချက်တွေကို ရင်ဆိုင်နိုင်တယ်ဆိုမှဖေ့ဘွတ်ခ်မှာကြော်ငြာပြုလုပ်ပါ Google

Facebook Marketing ပြုလုပ်နေသူတွေအတွက် Facebook မှာ ကြော်ငြာမယ်ဆိုရင် သတိထားရမယ့်အချက်တွေရှိပါတယ်။

ဒီအချက်တွေကိုသတိထားနိုင်မှသာ အန္တရာယ်ရှိနိုင်တဲ့အခြေအနေကနေ လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီအချက်တွေကတော့...

(၁) အနာဂါတ်မှာ ကြော်ငြာစရိတ်တွေ ပိုတက်လာနိုင်တယ်။

အခုခေတ်မှာ VISA Card ဒါမှမဟုတ် Mastercard ရှိယုံနဲ့ Facebook ပေါ်မှာ လူတိုင်း Page ထောင်ပြီး လွယ်လွယ်ကူကူ boost လို့ရနေပါပြီ။ ကျွန်တော်တို့အခုသိရသလောက်လည်း Facebook ပေါ်မှာကြော်ငြာနေတဲ့သူ တော်တော်များများက Audience ကို Myanmar 18+ လို့ရွေးပြီး ကြော်ငြာနေကြတုန်းပါပဲ။ ဒီလိုမျိုး Facebook ပေါ်မှာ ကြော်ငြာတဲ့သူတွေ ပိုများလာခြင်းနဲ့ တူညီတဲ့ Audience ကို လူတွေအများကြီး ဝိုင်းပြီးကြော်ငြာနေကြခြင်းတွေကြောင့် နောက်ပိုင်းမှာ Facebook ရဲ့ ကြော်ငြာစရိတ်တွေ တက်လာနိုင်တယ်။

(၂) ကျွမ်းကျင်သူများက မသိနားမလည်သူများအပေါ် အမြတ်ထုတ်လာနိုင်တယ်။

Facebook ပေါ်မှာ ကြော်ငြာတတ်သူတွေက ဒီကြော်ငြာနည်းလမ်းတွေကို အသုံးချပြီး တကယ်ပစ္စည်းအရည်အသွေးမကောင်းတဲ့ ထုတ်ကုန်ပစ္စည်းတွေ၊ Service တွေနဲ့ တစ်ခြားသော ပစ္စည်းတွေကို Marketing ကောင်းကောင်းနဲ့ကြော်ငြာကာ မသိနားမလည်တဲ့သူတွေအပေါ် အမြတ်ထုတ်လာနိုင်တယ်။ ဒါကတော့ ပစ္စည်းရောင်းချခြင်းနဲ့ပတ်သက်ပြီး အမြတ်ထုတ်ခြင်းပါ။ ကျွမ်းကျင်တဲ့လူနည်းစုက Social Media ကိုအသုံးချပြီး ကောင်းမွန်တဲ့ Marketing မလုပ်ပဲ Manipulation (လှည့်စားခြင်း) လုပ်လာခဲ့ရင် မသိနားမလည်တဲ့သုံးစွဲသူတွေအတွက်အန္တရာယ်ရှိလာနိုင်ပါတယ်။

နောက်တစ်ခုက ယနေ့ခေတ်မှာ Digital Marketing Agency တွေလည်း မှိုလိုပေါလာပါပြီ။ တကယ်ကောင်းပြီး တကယ်အရည်အသွေးပြည့် ရလာဒ်တွေကိုပေးနိုင်တဲ့ Agency တွေ၊ နောက်ပြီး နိုင်ငံတကာနဲ့ ချိတ်ဆက်ထားတဲ့ Agency ကြီးတွေရှိသလို မတောက်တခေါက်နဲ့ (အသုံးအနှုန်းရိုင်းသွားရင်သည်းခံပေးပါ။) Facebook Page တစ်ခုဖွင့်ပြီး Digital Marketing Service တွေ၊ Page Boost Service တွေ ပြန်ပေးနေတဲ့သူတွေလည်း အများကြီးရှိလာပါတယ်။ ကျွန်တော်တို့ ပြန်ကြားရသလောက် ဈေးကွက်ထဲမှာ အဲ့ဒီလိုမျိုး သေချာမလုပ်ပေးနိုင်ပဲ Service ဈေးကိုတော့ တစ်လကို (၃)သိန်းကနေ (၆)သိန်းလောက်ထိယူနေတဲ့ လုပ်ငန်းတွေလည်း အများကြီှးရှိနေပါတယ်။ အကယ်၍ မိတ်ဆွေကသင့်ရဲ့လုပ်ငန်းကို DM Agency အပ်ဖို့ စဉ်းစားနေတယ်ဆိုရင်လည်း ဒီအချက်လေးကို သေချာထည့်စဉ်းစားပြီး ကိုယ်အလုပ်အပ်မယ့်လုပ်ငန်းက ဘယ်လောက်အာမခံချက်ရှိလဲ၊ လက်ရှိမှာ ဘယ်လို Page တွေ ကိုင်ပေးနေလဲ စတာတွေကို သေချာစုံစမ်းဖို့လိုပါလိမ့်မယ်။

Read More>>> ကြော်ငြာအတွက် Video Editing ပြုလုပ်မယ်ဆိုရင် ရှောင်ရှားရမယ့်အချက်များ

(၃) ကြော်ငြာတွေဖောင်းပွပြီး ထိရောက်မှုအားနည်းလာနိုင်တယ်။

ဒါက ပထမအချက်ရဲ့ နောက်ဆက်တွဲအကျိုးရလာဒ်လို့ပြောနိုင်ပါတယ်။ ကြော်ငြာတဲ့သူတွေ ပိုမိုများပြားလာတာကြောင့် ရှေ့လျှောက်မှာ ကြော်ငြာတွေ နေရာတိုင်းတွေ့လာနိုင်သလို ဒီလိုမျိုးနေရာတိုင်း ကြော်ငြာတွေတွေ့လာရတာကြောင့် လူတွေက Information overload ဖြစ်သွားပြီး သာမန်ကြော်ငြာဆိုရင် သိပ်မထိရောက်နိုင်တော့ပါဘူး။ ကြော်ငြာတွေ မြင်ရတာများလာလို့ Inattentional blindness လို့ခေါ်တဲ့ မျက်စိရှေ့မှာ ကြော်ငြာတွေမြင်နေရတာတောင် ဘာကြော်ငြာမှန်းသတိမထားမိတတ်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာရင် ကြော်ငြာတဲ့သူတွေအတွက် ထိရောက်မှုနည်းလာတတ်ပါတယ်။

ဒါကြောင့် အရင်ခေတ်ကဆို တီဗီမှာ ကြော်ငြာလိုက်တာနဲ့ အလွယ်တကူပေါက်နိုင်ပေမယ့် အခုဆိုရင် Facebook ပေါ်မှာ ကြော်ငြာစရိတ်တွေအများကြီးသုံးပြီး ကြော်ငြာတာတောင်မှ ကိုယ့်ကြော်ငြာက တမူထူးခြားမှုမရှိနေရင် ပေါက်ဖို့ အင်မတန်ခဲယဉ်းလာပါတယ်။

(၄) Customer ကို စနှိုက်ကျော်တက်ကြတယ်။

ဒါကတော့ Online Shopping လုပ်ငန်းတွေမှာ အတွေ့များတဲ့ပြဿနာပါ။ ကိုယ်က ကြော်ငြာကောင်းကောင်းလေးဖန်တီးပြီး Customer တွေရှာထားတယ်။ အဲ့ဒီကြော်ငြာအောက်မှာ Comment ပေးထားတဲ့ Customer တွေကို ပြိုင်ဖက်တွေ၊ လုပ်ငန်းတူတွေက messenger ကဖြစ်စေ တိုက်ရိုက်ဆက်သွယ်ပြီး Customer တွေ ယူသွားတတ်ကြတယ်။ ဒါကလည်း ဟိုအရင်တည်းကဖြစ်လာခဲ့တာ အခုချိန်ထိဖြစ်နေတဲ့ ပြဿနာတစ်ခုပါ။ Social Media ခေတ်မှာတော့ ဒီလိုမျိုးပြဿနာတွေက လုံးဝဖျောက်ပစ်လိုက်လို့မရနိုင်သေးပါဘူး။

(၅) ပြိုင်ဖက်များက မကောင်းတဲ့ Review တွေ လာပေးတယ်။

အပေါ်ကပြဿနာလိုမျိုးပါပဲ။ ကိုယ့်မှာ အကျင့်မကောင်းတဲ့ ပြိုင်ဖက်လုပ်ငန်းတွေရှိတယ်ဆိုရင် အဲ့ဒီလုပ်ငန်းတွေက ကိုယ့်ရဲ့လုပ်ငန်း Page ကို အကောင့်တုတွေဖွင့်ပြီး မကောင်းတဲ့ Review တွေ လာပေးတာမျိုး လုပ်သွားတတ်ပါတယ်။ Customer တွေရဲ့ Review တွေကို ကိုယ့်ဖက်ကဖျက်ပစ်လို့မရတာကြောင့် ဒီလိုမျိုးပြဿနာဖြစ်လာခဲ့ရင်တော့ ကိုယ့်လုပ်ငန်းကို သိပ်မသိသေးတဲ့ ပရိတ်သတ်အသစ်တွေ ကိုယ့်အပေါ်အမြင်မစောင်းအောင် Public မှာ သေသေချာချာ ဖြေရှင်းပေးနိုင်ဖို့တော့ လိုအပ်ပါတယ်။

အခုပြောပြခဲ့တဲ့အချက်လေးတွေကတော့ Facebook Marketing နဲ့ပတ်သက်ပြီး သတိထားသင့်တဲ့ အချက်တွေဖြစ်ပါတယ်။

Credit; MOE

 

Read times
Rate this item
(1 Vote)