-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာလောကမှာ Art Director တစ်ယောက်ဖြစ်ဖို့ဆိုရင်

ကြော်ငြာလောကမှာ Art Director တစ်ယောက်ဖြစ်ဖို့ဆိုရင် Google

Art Director တစ်ယောက်ဖြစ်လာဖို့ဆိုရင် Design Portfolio နဲ့ Creative resume ရှိနေရုံနဲ့ မရတော့ပါဘူး။

ပြောရမယ်ဆိုရင် Art Director role မှာ အဓိကအခန်းကဏ္ဍဖြစ်တဲ့ thoughts and experiences ကို အရင်ဆုံးမေးခံရမှာပဲဖြစ်ပါတယ်။ Art Director တစ်ယောက်အနေနဲ့ သင်ဟာခေါင်းဆောင်တစ်ယောက်ဖြစ်ကိုဖြစ်ရပြီး design team တစ်ခုလုံးကို လှုံဆော်ဦးဆောင်နိုင်တဲ့သူလည်းဖြစ်ရပါမယ်။ Art Director ဆိုတာနဲ့ visual experience ထပ် နားလည်ဖို့ခက်တဲ့ Art Direction ကို နားလည်ဖို့ကလည်းအရမ်းအရေးကြီးပါတယ်။ Art Director တစ်ယောက်ရဲ့အခြေခံလုပ်ဆောင်ရမယ့် အရာတစ်ခုဖြစ်တဲ့ Audience ကို ကြော်ငြာတဲ့အချက်အလက်တွေကနေ လမ်းကြောင်းပေးရတာကလည်း အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ Art Director တစ်ယောက်ဖြစ်လာဖို့ကို အချက် (၅)ချက်ကို ဆွေးနွေးတင်ပြပါ့မယ်။

၁။ Art Director တစ်ယောက်ရဲ့ ဖြစ်လာဖို့ပထမဆုံးအချက်ကတော့ ကျနော်တို့ ပုံမှန်လုပ်နေကျ portfolio တွေထက် ပို detial ကျတဲ့ portfolio မျိုးရှိဖို့လိုပါတယ်။ ပြောချင်တာကတော့ ဒီ ဒီဇိုင်းကျနော်လုပ်ထားတယ်ဆိုပြီး ဒီအတိုင်းဒီဇိုင်းဖိုင်ကြီးပဲမပြပဲ ဒီ ဒီဇိုင်းကို ဘယ်လို idea, ဘယ်လို comcept မျိုးနဲ့လုပ်ထားတယ်။ ဘယ်လိုစဉ်းစားပြီး လုပ်ထားတယ်။ အဲ့ထဲမှာထည့်ထားတဲ့ Art Direction က ဘယ်လိုမျိုးစသည်ဖြင့် ကိုယ်အားထုတ်ထားတာကို visual ပိုင်းအနေနဲ့ ကောင်းကောင်းကြီးချပြနိုင်ရပါမယ်။

၂။ နောက်တစ်ချက်အနေနဲ့ကတော့ သူများပဲဖြစ်ဖြစ်၊ ကိုယ်ကိုယ်တိုင်ပဲဖြစ်ဖြစ် လုပ်ခဲ့ဖူးသမျှတွေ ဖြစ်ပျက်ခဲ့ဖူးသမျှတွကို သေချာပြန်ချိန်ထိုးကြည့်ပြီး ငါသာဆိုဒီလိုလေးလုပ်လိုက်မယ် ဟိုလိုလေးလုပ်လိုက်မယ်ဆိုပြီး ပြန်လည်ဆွေးနွေးပြီး အခုစဉ်းစားထားတာလေးနဲ့ ဒီလိုလေးရောလိုက်ရင်ဆိုတဲ့ idea mixing အပိုင်းကို နောကြေရပါမယ်။ ပြောရမယ်ဆိုရင် အိုင်ဒီယာတွေကို တစ်ဖြောင့်တည်းကြီးမသွားပဲ ဘယ်လိုလေး tweak လုပ်မယ်ဆိုတဲ့ အကျင့်လေးရအောင်လုပ်သင့်ပါတယ်။

၃။ Art Director တစ်ယောက်ရဲ့ အရေးကြီးဆုံးဝိသေသထဲမှာ communication skill က ထိပ်ဆုံးကပါနေလို့ပါပဲ။ ရှိရှိသမျှ ဆင်းရဲ၊ ချမ်းသာမရွေး၊ နေရာဒေသမရွေးက လူတိုင်းရဲ့အတွေးတွေ၊ စိတ်ကူးတွေ၊ နေ့စဉ်ဘဝတွေ၊ စိတ်နေစိတ်ထားတွေကို ခိုးယူမှတ်သားတတ်ဖို့လိုပါတယ်။ ဒီအကြောင်းအရာအောက်မှာပဲ နောက်တစ်ချက်အနေနဲ့ ကိုယ်ကသူတို့ဆီက လိုချင်နေတဲ့အကြောင်းအရာ သူတို့တောင်မသိတဲ့ သူတို့အတွေး၊ စိတ်ကူးအိပ်မက် ဘာပဲဖြစ်ဖြစ်တစ်ခုခုကို သူတို့ဆီကနေ စကားနှိုက်တတ်ရပါမယ်။

Read More>>>သင့်ကြော်ငြာဝက်ဆိုက်ဒ်ခိုးယူမခံရဖို့ မဖြစ်မနေသိထားသင့်တဲ့ security များ

၎။ဘယ်နေရာ ဘယ်ဒေသပဲဖြစ်ဖြစ် ကိုယ်က trend မီနေဖို့လည်း အရမ်းအရေးကြီးပါတယ်။ လူကြီးဖြစ်နေလို့ လူငယ်ဗန်းစကားတွေမသိဘူးတို့ လူငယ်ဖြစ်နေလို့ လူကြီးအနေအထိုင် အသုံးအနှုံးတွေမသိဘူးတို့ မရပါဘူး။ လူငယ်တွေကြားမှာ ဘာတွေခေတ်စားနေလဲ သိရသလို ယောကျာင်္းလေး Art Director ဖြစ်နေလဲပဲ မိန်းကလေးတွေကြားထဲက trend ကိုသိနေရပါမယ်။

၅။ နောက်ဆုံးအချက်အနေနဲ့ကတော့ ကိုယ့်ကိုယ်ကိုယ် ဘာကောင်လဲဆိုတာ သိနေရပါမယ်။ ကိုယ်ဘယ်နေရာမှာ အားသာလဲ၊ ညံ့လဲ ဘာတွေဖောင်းပွနေလဲ။ ဘယ်ကြော်ငြာလေးကို ဘယ်လိုလုပ်လိုက်တာ ဘာလေးလိုသွားတယ် စသည်ဖြင့် ကိုယ်ရဲ့နေ့စဉ် အလုပ်တာဝန်တွေကနေ အသေးစိတ်သိနေရပါမယ်။

ဒါတွေဟာ Creative Blog ကနေဖော်ပြထားတွေကို ဆီလျော်အောင် refrence ယူ ဖော်ပြထားတာတွေပဲဖြစ်ပါတယ်။

Source; Advertising in Myanmar

 

Read times
Rate this item
(0 votes)