-->
×
Warning
JUser: :_load: Unable to load user with ID: 29
စိတ်ဓာတ်မကျပါနဲ့ ကြော်ငြာများကသင့်ကိုကယ်တင်မှာပါ
စိတ်ဓာတ်မကျပါနဲ့ ကြော်ငြာများကသင့်ကိုကယ်တင်မှာပါ google
ကိုကာကိုလာ၏ ကြော်ငြာကားများ အင်္ဂလန်နိုင်ငံတွင်လှည့်လည်မည်
Unicode >>>
Coca Cola ဟာ ပထမ စစချင်းနှစ်မှာ တစ်နှစ်လုံးကိုမှ ၂၅ ပုလင်းသာ ရောင်းထွက်ခဲ့ပါတယ်။
၁၈၈၆ မေလ ၈ ရက်မှာ အက်တလန်ဒါးမှာရှိတဲ့ ဂျေးကွတ်ပ် ဆေးတိုက်ကနေ ကိုကာကိုလာ ကိုဖော်ဆက်သူ John Pemberton က ပထမဦးဆုံး ကိုလာပုလင်းကို စတင်ရောင်းချခဲ့တယ်။
တစ်နှစ်လုံးလုံးနေမှ ၂၅ ပုလင်းသာ ရောင်းချနိုင်ခဲ့တယ်။Coca Cola ရဲ့ ပဲ့ကိုင်ရှင်ဖြစ်သူ John S. Pemberton ဟာ တွေဝေစွာနဲ့လမ်းလျှောက်လာခဲ့ပါတယ်။
သူ့ Product က ဒီလောက်ကောင်းသားနဲ့ဘာကြောင့်ရောင်းမထွက်ရတာလဲဆိုတာတွေးရင်းစိတ်တွေ ပင်ပန်းလာခဲ့တယ်။
သူအဖြေရှာ တွေ့ခဲ့တာက ကြော်ငြာ ကိစ္စပေါ့နော် သူတကယ်တွေးမိလာခဲ့တယ်။
ကိုကာကိုလာကို ခေါင်းကိုက်ပျောက်ဆေးအဖြစ်သူ့ ဆေးဆိုင်တွင်ရောင်းချနေတာဖြစ်ပြီး ကိုကာကိုလာ စပ်ထားပုံကထူးခြားသည်။
Cola ကအရသာကအချိုဘက်သွားပြီးဂတ်စ်ပါတဲ့အချိုရည်မျိုးကိုမှ ဗနီလာ , သစ်ကြံပိုးခေါက် , ရှောက်လိမ္မော်အရည် တို့၏ အနံ့အရသာများကိုပေါင်းစပ်ထုတ်လုပ်တယ်သိရပါတယ်။
Coca Cola ဟာအရောင်အားဖြင့် သကြား မီးဖုတ်ထားသော အရောင် ရှိပါတယ်။
ပထမဆုံးကိုကာကိုလာရဲ့စာစုမှာ ‘ အရသာရှိသည် ၊ ရင်ဖိုရသည် ၊ အားအင်ပြည့်တိုးစေသည်၊ လန်းဆန်းစေသည် ‘ ဟူစသဖြင့်ရေးသားထားသည်။
တစ်ခါတစ်လေကြရင် ကိုယ့် Product က ကောင်းနေပေမဲ့ ကြော်ငြာသာ မရှိရင် ကိုယ့် Product ကို လူအများကမသိနိုင်ဘူးဆိုတာကိုပေါ့။
သူရဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ကိုကာကိုလာ ပုလင်းများထုတ်လုပ်ခြင်းကိုအရောင်းမြင့်တင်ဖို့အတွက် ကိုကာကိုလာ ကြော်ငြာကို အက်တလန်းဒါး ဂျာနယ်မှာ ကြော်ငြာစတင်ထည့်ခဲ့တယ်။
ကိုကာကိုလာ ကြော်ငြာများအတွက် တစ်နှစ်စာ ၇၀ ဒေါ်လာကျော် အသုံး ပြုခဲ့သည်။
ထိုကနေမှ စတင်ပြီး တစ်နေ့တွင် ၉ ပုလင်းစတင်ရောင်းချ လာနိုင်ခဲ့သည်။ထိုကဲ့သို့မှ တစ်ဆင့်
ယနေ့လူသိများနေတဲ့ Coca Cola ဆိုတဲ့ Brand ဖြစ်လာတာပါ။
ကြော်ငြာတွေဟာ ကျရှုံးလုစဲစဲ လုပ်ငန်းစုများကိုကယ်တင်နိုင်ပါတယ်။
Myanmar Advertising Directory
Read times
Rate this item
(0 votes)