အမှတ်တံဆိပ် တခုဆိုတာ ရိုးရှင်းတဲ့ ယုံကြည်မှု တစ်ခုပါ လို့ APPLE ရဲ့ တည်ထောင်သူ Steve Jobs ကဆိုပါတယ်။
ဆိုရှယ်မီဒီယာ Platform ဆိုတာနဲ့ Facebook ကြီးပဲပြေးမမြင်လိုက်ပါနဲ့ဦး ဘော်ဘော်တို့ရေ...ကိုယ့် audience က ဘယ် Platform မှာ အများဆုံးရှိနေတတ်တာလဲ ဆိုတာအရင်ဆုံးသေချာအောင်လုပ်ပါ။
ကုန်အမှတ်တံဆိပ်ရဲ့ တန်ဖိုးဆိုတာ ကိုယ်ရည်ကိုယ်သွေးပါပဲ။ ကုန်ပစ္စည်းမှာလည်း လူတွေလို ကိုယ်ရည်ကိုယ်သွေးရှိပါတယ်။ ဒါက ဈေးကွက်ထဲမှာ နေရာရဖို့ (သို့မဟုတ်) ပျောက်မသွားစေဖို့ပါ။
Brand တစ်ခုတည်ဆောက်မယ်ဆိုရင် သတိထားရမယ့်အမှားများ
သင့်ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို Social Media မှာ Marketing လုပ်နေတယ်ဆိုရင် ကိုယ့်ရဲ့ brand ရဲ့ နာမည်ကောင်းကို ဂရုစိုက်ဖို့လိုပါတယ်။ သင့်အနေနဲ့ Promotion တွေလည်းချပေး၊ Giveaway တွေလုပ်ပေးနေတာတောင် သင့်ရဲ့လုပ်ငန်းဟာ ရောင်းအားမတက် ဖြစ်နေတယ်ဆိုရင်တော့ သင့်ရဲ့လုပ်ဆောင်ချက်တွေ မှားယွင်းနေတယ်ဆိုတာကို သင်သတိထားမိမှာပါ။ Social Media မှာ Marketing ပြုလုပ်တဲ့အခါ မှားယွင်းနေတဲ့အချက်တွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။
၁။ Audience ရဲ့ စကားကိုနားမထောင်တာ
ဆိုလိုတာက Audience ရဲ့ အကြိုက်နဲ့ အမူအကျင့်ကို မလေ့လာလို့ မရပါဘူး။ ကိုယ်ပေးချင်တဲ့ message က Audience အကြိုက်ရဲ့ ဆန့်ကျင်ဘက်ဖြစ်နေရင်လည်း မအောင်မြင်နိုင်ပါဘူး။
၂။ သင့်မှာ တိကျတဲ့ ရည်ရွယ်ချက်မရှိတာ
Social Media Strategy သွားမယ်ဆိုရင် ရှင်းလင်းတဲ့ ရည်ရွယ်ချက်မျိုး ရှိရပါမယ်။ Trend နောက်လိုက်ရင် ကောင်းမယ်ဆိုပြီး ရည်ရွယ်ချက်ပျောက်သွားလို့ မဖြစ်ပါ။
အမျိုးသမီးတည်ထောင်သူတွေ ပိုမိုအောင်မြင်မှုရရှိစေဖို့အတွက်
၃။ Social Network ကို အယုံအကြည်မရှိခြင်း
Social Media မှာ မှားမှာစိုးရိမ်ပြီး အသုံးမချရင် အခွင့်အရေးတွေ ဆုံးရှုံးနိုင်ပါတယ်။ ကိုယ့်ဗျူဟာအပေါ် ယုံကြည်ချက်ရှိရှိနဲ့ လုပ်ဆောင်သင့်ပါတယ်။
၎။ Value မရှိတာ
Content ပဲဖြစ်ဖြစ်၊ Campaign ပဲလုပ်လုပ် audience အပေါ် Value ပေးနိုင်ရမယ်။ Value မရှိရင် ကိုယ့် brand ကို အထင်သေးသွားနိုင်ပါတယ်။
Brand တစ်ခုကို တည်ဆောက်ရတာ မလွယ်ကူပါဘူး။ လုပ်ဆောင်ချက်အမှားတွေကို ရှောင်နိုင်မှသာ Social Media Strategy ပိုင်နိုင်တဲ့သူတစ်ယောက်ဖြစ်မှာပါ။
Myanmar advertising Directory
ဘာသာရပ်ဆိုင်ရာ ပညာရှင်များ ဟောပြောဆွေးနွေးပွဲတွေကို ကုန်သည်စက်မှုအသင်းချုပ်မှာ လစဉ် ကျင်းပနေကြအတိုင်း ဒီလမှာတော့ “ ပြည်တွင်းတံဆိပ်များ ဈေးကွက် ဦးဆောင်မှုကို တည်ဆောက်ခြင်း “ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပွဲတစ်ခုကို ဖေဖော်ဝါရီ ၁ ရက်နေ့က ပြုလုပ် ကျင်းပခဲ့ပါတယ်။