လာမယ့် မတ်လ ၂၇ ရက်နဲ့ ၂၈ ရက်တွေမှာ Product Of Myanmar ဆိုတဲ့ ပွဲလေးတစ်ခုကို တာမွေ Ocean Center မှာ ထပ်မံ ကျင်းပ ပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။
ဘာသာရပ်ဆိုင်ရာ ပညာရှင်များ ဟောပြောဆွေးနွေးပွဲတွေကို ကုန်သည်စက်မှုအသင်းချုပ်မှာ လစဉ် ကျင်းပနေကြအတိုင်း ဒီလမှာတော့ “ ပြည်တွင်းတံဆိပ်များ ဈေးကွက် ဦးဆောင်မှုကို တည်ဆောက်ခြင်း “ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပွဲတစ်ခုကို ဖေဖော်ဝါရီ ၁ ရက်နေ့က ပြုလုပ် ကျင်းပခဲ့ပါတယ်။