-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကမ္ဘာ့အတော်ဆုံး saleman ဖြစ်ဖို့ Joe Girard ဘယ်လိုဖြတ်သန်းခဲ့ရလဲ?

ကမ္ဘာ့အတော်ဆုံး saleman ဖြစ်ဖို့ Joe Girard ဘယ်လိုဖြတ်သန်းခဲ့ရလဲ? google

ကမ္ဘာ့အတော်ဆုံး saleman ကတော့ အမေရိကန်နိုင်ငံသား Joe Girard လို့ လူသိများတဲ့ Joseph Samuel Gerard ပဲဖြစ်ပါတယ်။

သူ့ကို နိုဝင်ဘာ ၁ရက်နေ့ ၁၉၂၈ ခုနှစ်မှာ အမေရိကန်နိုင်ငံ မီချီကန်မှာ မွေးဖွားခဲ့တာပဲဖြစ်တယ်။ သူဟာ ကမ္ဘာကျော်ကားအမှတ်တံဆိပ်တခုဖြစ်တဲ့ Chevrolet မှာ အရောင်းသမားအဖြစ် ၁၉၆၃ မှ ၁၉၇၈ ခုနှစ်အထိ ၁၅ နှစ်ကြာလုပ်ကိုင်ခဲ့ပြီး ကားအစီးရေပေါင်း 13,001 စီး(တစ်လကို ၇၂စီးကျော်၊တစ်ရက်ကို ၂စီး၃စီး ပျမ်းမျှ) ရောင်းချနိုင်ခဲ့တဲ့အတွက် Guinness Book of World Records မှာ ကမ္ဘာ့အတော်ဆုံး အကြီးမြတ်ဆုံး အရောင်းသမား The World’s Greatest Salesman အဖြစ် မှတ်တမ်းတင်ခြင်းခံခဲ့ရပါတယ်။


Joe Girard ဟာ ငယ်စဉ်အခါက ဆင်းဆင်းရဲရဲ မွေးဖွားလာခဲ့သူပဲဖြစ်တယ်။ ကလေးဘ၀ထဲက အလုပ်လုပ်ရင်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုခဲ့ရသူလဲဖြစ်ပါတယ်။ အိမ်ရဲ့ငွေရေးကြေးရေး အခက်အခဲတွေကြောင့်ပဲ ကျောင်းထွက်လိုက်ရတယ်။ အဲ့နောက်မှာတော့ ဖိနပ်တိုက်ပေးရတဲ့ကောင်လေး (shoeshine boy) အဖြစ်နဲ့ အလုပ်စလုပ်ခဲ့တယ်။ ပြီးတော့ အခမဲ့စာစောင်တခုအတွက် သတင်းစာပို့ပေးတဲ့ အလုပ်ကို ဆက်လုပ်ခဲ့တယ်။ အဲ့နောက်မှာတော့ delivery boy, မီးဖိုဆင်ပေးသူ နဲ့ အိမ်ဆောက်လုပ်ရေး contractor အဖြစ်အစောပိုင်းမှာ လုပ်ကိုင်ခဲ့ပါသေးတယ်။

Chinese-Canadian စီးပွားရေး လုပ်ငန်းရှင် Dan Lok ပြောတဲ့ ဈေးရောင်းနည်း


Joe Girard အသက် ၃၅နှစ်မှာတော့ Detroit Car Delarship တစ်ခုမှာ သူ့ကို အရောင်းသမား (salesman)အဖြစ် အလုပ်ခန့်ပေးဖို့ မန်နေဂျာကို ခယတောင်းပန်ပြီး သူအလုပ်ရခဲ့ပါတယ်။ ပထမဆုံး အလုပ်ဆင်းတဲ့ရက်မှာပဲ သူကားတစ်စီးစရောင်းနိုင်ခဲ့တယ်။ ယခုခေတ်အခါမှာတောင် မလွယ်ကူတာ ထိုခေတ်အခါက ရောင်းခဲ့တာဆိုတော့ သူ့ရဲ့ ရောင်းချခြင်းအတတ်ပညာကို သင်ရိပ်စားမိနိုင်ပါတယ်။ ဒုတိယလမှာလဲ ရောင်းအားကောင်းနေတဲ့သူ့ကို အခြား အရောင်းသမားတွေက ချောက်တွန်းလိုက်လို့ သူအလုပ်ပြုတ်သွားပါတယ်။


သူ့ရဲ့နောက်အလုပ်ကတော့ မီချီကန်မှာရှိတဲ့ Chevrolet ကားအရောင်းစင်တာမှာပါ။ အဲ့ဒီမှာ ၁၅ နှစ်ကြာ လုပ်ကိုင်လာပြီးတဲ့နောက် world’s greatest salesman အဖြစ် မှတ်တမ်းတင်နိုင်ခဲ့တယ်။ သူ အောင်မြင်ခဲ့တယ်။ သူလုပ်နိုင်ခဲ့တယ်။ အကောင်းဆုံးဆိုသူတွေထဲက တယောက်ဖြစ်လာခဲ့တယ်။ အခုလက်ရှိကာလမှာတော့ သူဟာ ဟောပြောပွဲဟောပြောခြင်း၊ ရောင်းချခြင်းနှင့်ဆိုင်သော စာအုပ်များ ရေးသားထုတ်ဝေခြင်း၊ company များမှာ အကြံညဏ်ပေးသူ (consultant) အဖြစ် ဆက်လက်ချီတက်နေပါတယ်။ joe ရဲ့ ဘ၀ အစမကောင်းခဲ့ပါဘူး။ ဒါပေမယ့် သူရုန်းကန်ခဲ့တယ်။ ကြိုးစားခဲ့တယ်။ ဘ၀ကပေးတဲ့ သင်ခန်းစာတွေကို ကျရှုံးတိုင်း ပြန်ဖြေပြီးအောင်မြင်ခဲ့ပါတယ်။


ဘ၀ဆိုတာဒီလိုပါပဲ သင်တို့ရဲ့ စိတ်ဓာတ်ကို အကောင်းဆုံးစမ်းသပ်နေတဲ့ ကစားပွဲတစ်ခုပါပဲ။ သင်က အမြဲအကောင်းဆုံးတွေလုပ်နေလဲ အကောင်းဆုံးက ချက်ခြင်းပြန်မရတတ်ပါဘူး။ ဒါကြောင့် လဲကျနေရင်တောင် ပြန်ထပြီး သင့်ဘ၀မှာ အောင်မြင်မူတွေရှိအောင် လျှောက်လှမ်းလိုက်ပါ။


Credit; ဖြိုးသီဟ

Myanmar Advertising Directory

Read times
Rate this item
(1 Vote)