-->
×

Warning

JUser: :_load: Unable to load user with ID: 29


ပြီးပြည့်စုံတဲ့ ကြော်ငြာ sponsored post တစ်ခုရရှိအောင် အစီစဉ်တကျနဲ့ဘယ်လိုဖန်တီးမလဲ...?

ပြီးပြည့်စုံတဲ့ ကြော်ငြာ sponsored post တစ်ခုရရှိအောင် အစီစဉ်တကျနဲ့ဘယ်လိုဖန်တီးမလဲ...? Google

ကိုယ်က ကြော်ငြာလုပ်ငန်းတစ်ခုမှာ ဒါမှမဟုတ် ကုမ္ပဏီတစ်ခုမှာ ဒီဂျစ်တယ်မားကက်တင်းအတွက် တာဝန်ရှိသူတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် Facebook ကြော်ငြာ Post တွေကို တိုတိုနဲ့ ထိထိမိမိရေးသားဖို့ ညွှန်ကြားချက် (direction) ပေးခဲ့ရဖူးမှာပါ။ သို့ပေမဲ့ အစီအစဉ်ကျနပြီး အချက်အလက်ပြည့်ပြည့်စုံစုံ ရေးသားဖော်ပြထားတဲ့ sponsored post တွေက စာသားတိုကြော်ငြာတွေထက် ပိုအောင်မြင်တာကို AdEspresso ရဲ့ သုတေသနတစ်ခုက သက်သေပြခဲ့ပါတယ်။

Long-form လို့ခေါ်တဲ့ ကြော်ငြာရှည်တွေက မိတ်ဖက်ဖန်တီးမှုအတွက်စရိတ် (Cost Per Acquisition) ကို လျှော့ချပြီး၊ ကိုယ့်ပရိသတ်နဲ့ ရင်းရင်းနှီးနှီး ဆွေးနွေး‌‌ပြောဆိုမှု (Authentic Conversation) တွေကို ဖိတ်ခေါ်ပေးတဲ့အပြင်၊ ရောင်းအား (Sales Conversion) ကိုပါ တက်စေနိုင်တယ်လို့ သုတေသနက အခိုင်အမာပြောထားပြီးဖြစ်ပါတယ်။

ဒါကြောင့် စကားလုံးတွေ အိုင်ထွန်းနေအောင် စီကုံးရေးသားရုံနဲ့တော့ ပရိသတ်ဆီ ထိုးဖောက်ထိရောက်နိုင်တဲ့ ကြော်ငြာကောင်းတစ်ခု မဖြစ်နိုင်ပါဘူး။ ကြော်ငြာရဲ့ အောင်မြင်မှုဟာ စာဖတ်သူကဘယ်လောက်အထိ ဖတ်သွားသလဲဆိုတာရဲ့ အပေါ်မှာမူတည်တဲ့အတွက် စာသားရှည်ကြော်ငြာတစ်ခုရဲ့ စွမ်းဆောင်ရည်ကိုမြှင့်တင်ပြီး အဆုံးအထိဆွဲခေါ်သွားဖို့ ကြော်ငြာဖန်တီးသူတစ်‌ယောက်က အစီစဉ်တကျနဲ့ ထည့်သွင်းဖန်တီးနိုင်တဲ့ အဓိက အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ပြဿနာနှင့်အဖြေ

ကြော်ငြာဖန်တီးသူတိုင်းဟာ ကိုယ့်ပရိသတ်ခံစားရတဲ့ ပြဿနာတစ်ခု (Pain Point) ကို ပထမဆုံးဝါကျမှာပါအောင် ထည့်ရေးသင့်ပါတယ်။ ဒီပြဿနာကို ကိုယ့်ရဲ့ကုန်ပစ္စည်းက ဘယ်လိုဖြေရှင်းပေးပြီး အသုံးပြုသူကိုဘယ်လို စိတ်ကျေနပ်မှုတွေ ခံစားချက်တွေ၊ ရလဒ်ကောင်းတွေ ဖန်တီးပေးနိုင်တယ်ဆိုတာကို ဆက်ရေးသားသင့်ပါတယ်။ ခေါင်းစဉ်မှာတော့ ဒီပြဿနာကို ဒီလိုဖြေရှင်းခြင်းအားဖြင့် အသုံးပြုသူအနေနဲ့ ဘယ်လိုနေရာမှာ အောင်မြင်မှုရနိင်မယ်ဆိုတာကို ကိုယ့်ဘက်က သိသာထင်ရှားအောင် ဖော်ပြပေးရပါမယ်။

(၂) အဓိကကောင်းကျိုး

နောက် ဝါကျတွေမှာတော့ ကုန်ပစ္စည်းရဲ့ကောင်းကျိုး အနည်းဆုံး (၁) ချက်ကို ထည့်သွင်းရေးသားရပါမယ်။ နောက်ထပ် ရှိခဲ့မယ်ဆိုရင်လည်း အရေးကြီးမှုအစီအစဉ်အလိုက်စီပြီး ရေးသွားနိုင်ပါတယ်။ ကုန်ပစ္စည်းရဲ့ လုပ်ဆောင်ချက် (feature) တွေက ကုန်ပစ္စည်းကို အသားပေးရေးသားတာဖြစ်ပြီးတော့ ကောင်းကျိုး (benefit) တွေကတော့ အသုံးပြုတဲ့အခါမှာ ရရှိလာမယ့်ရလဒ်တွေ ဖြစ်တယ်ဆိုတာကို ခွဲခြားနားလည်ဖို့လိုအပ်ပါတယ်။

(၃) ကိုယ့် Brand ကို ယုံကြည်စိတ်ချနိုင်သူအဖြစ် ပုံသွင်းပါ။

ကိုယ့်ကုန်ပစ္စည်းရဲ့ သမိုင်းကြောင်း၊ အသိအမှတ်ပြုထားတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေ၊ ရောင်းအား ဒါမှမဟုတ် ပရိသတ်အရေအတွက်တွေ၊ အောင်မြင်မှုတွေကို လိုအပ်သလို ထည့်သွင်းဖော်ပြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့် Brand ကို ဈေးကွက်နဲ့ ပရိသတ်ကဘယ်လောက်ထိ သိကျွမ်းပြီး ဘယ်လိုသဘောထားတယ်ဆိုတာကို ဈေးကွက်သုတေသနလည်း လုပ်သင့်ပါတယ်။ ဒီကနေတစ်ဆင့် ပရိသတ်က ဘယ်လို အားသာချက်နဲ့ စွမ်းဆောင်ရည်ရှိတဲ့ ကုန်ပစ္စည်းကို လိုအပ်နေတယ်ဆိုတာတွေကို သိရှိနိုင်ပြီးတော့ ကိုယ့်ကုန်ပစ္စည်းရဲ့ အရသာ ဒါမှမဟုတ် ခံစားချက်၊ ထုတ်ပိုးပုံ၊ ဈေးနှုန်း၊ ဝန်ဆောင်မှု၊ အသွင်အပြင်နဲ့ အခြားကဏ္ဍတွေကို သုံးစွဲသူအကြိုက်ဖြစ်တဲ့အထိ ဈေးကွက်ထိုးဖောက်ရေးနည်းဗျူဟာ ရေးဆွဲသွားနိုင်ပါတယ်။

Read More >>>ပြိုင်ဆိုင်မှုတွေပြင်းထန်ခဲ့ကြပေမယ့် အောင်မြင်မှုရရှိခဲ့တဲ့ ကမ္ဘာကျော် Brand များ

(၄) ပြိုင်ဘက်တွေနဲ့ ဘယ်လိုကွဲခြားသလဲဆိုတာကို ရှင်းပြပါ။

ကိုယ့်ရဲ့ ကုန်ပစ္စည်းကို ဘာကြောင့်ဝယ်သူက ရွေးချယ်သင့်သလဲ၊ ကိုယ်က အသုံးပြုသူအတွက် ဘာတွေထူးထူးခြားခြားပံ့ပိုးပေးနိုင်သလဲဆိုတာကို သိလာအောင်၊ ဒီကတစ်ဆင့် ဝယ်လိုစိတ်ဖြစ်လာအောင် တွန်းအားပေးနိုင်ပါတယ်။ ဈေးကွက်အတွင်းက ပြိုင်ဘက်တွေနဲ့ ကိုယ့်မှာ ဈေးနှုန်းကစလို့ ဝန်ဆောင်မှု၊ ထုတ်ပိုးပုံတွေ၊ ဝယ်ယူရရှိနိုင်တဲ့ ဆိုင်နေရာတွေကွာခြားနေမှာ ဖြစ်ပြီးတော့ ဒီလိုကွာခြားချက်တွေမှာ ဘယ်လိုအချက်တွေက သင့်ကုန်ပစ္စည်းနဲ့ အမှတ်တံဆိပ်ကို ရွေးချယ်ဖို့ အသင့်တော်ဆုံးဖြစ်စေသလဲဆိုတာကို တိုတိုနဲ့ ထိထိမိမိ ရေးသားဖော်ပြပါ။

(၅) အမေးများမယ့် မေးခွန်းတွေကို ကြိုတင်ထည့်ဖြေပါ။

ကြော်ငြာရေးသားတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ်ကြော်ငြာဖတ်မယ့် ပရိသတ်တစ်ယောက်အဖြစ်စဉ်းစားပြီး ဘယ်လိုမေးခွန်းတွေမေးနိုင်လဲ၊ ဘယ်အကြောင်းအရာတွေကို ထပ်သိချင်ကြမလဲဆိုတာကို မေးခွန်းထုတ်ကာ ပြန်ဖြေပေးဖို့လည်း လိုအပ်ပါတယ်။

(၆) ကုန်ပစ္စည်းရဲ့ အကြောင်းအရာအပြည့်အစုံကို ဖော်ပြပါ။

ဒီအဆင့်မှာတော့ ကုန်ပစ္စည်းမှာ ဘာတွေပါမယ်၊ ဘယ်လိုဖွဲ့စည်းထားမယ်၊ ဘယ်လိုအသုံးပြုနိုင်မယ်စတာတွေကို ရှင်းရှင်းလင်းလင်းနဲ့ နည်းပညာ‌ဝေါဟာရဆန်တဲ့ စကားလုံးတွေ အတတ်နိုင်ဆုံးရှောင်ပြီး ထည့်သွင်းရေးသားရပါမယ်။ ကုန်ပစ္စည်းရဲ့ ကောင်းကျိုး (benefit) မဟုတ်ဘဲ ထုတ်လုပ်တဲ့နေရာ၊ အရည်အသွေး၊ ပါဝင်ပစ္စည်းတွေ တစ်နည်းအားဖြင့် feature တွေကို စာဖတ်သူသိအောင် ဖော်ပြပေးတာပဲ ဖြစ်ပြီး ကွန်ပျူတာအတွက်ပါဝင်တဲ့ အစိတ်အပိုင်း Specification တွေကို ဖော်ပြတာမျိုး၊ သင်တန်းအတွက် သင်ရိုးတွေကို ဖော်ပြပေးတာမျိုးပါ။

(၇) ကုန်ပစ္စည်းအကြောင်းကို ဆက်လက်စုံစမ်းဖို့နဲ့ ဆယ်သွယ်ဝယ်ယူဖို့ တိုက်တွန်းတဲ့စကားနဲ့ အဆုံးသတ်ပေးပါ။

အဆုံးသတ်မှာ ကိုယ့်ရဲ့ပရိသတ်တွေကို ဝယ်သူခရီးစဉ် (buyer journey) မှာ ရှေ့တစ်ဆင့်တက်နိုင်‌အောင် တွန်းအားပေးတဲ့စကားလုံးတွေ ထည့်သွင်းရေးသားခြင်းက ထိရောက်ပြီး ရောင်းအား (sales conversion) ကိုလည်း သိသိသာသာတိုးတက်စေနိုင်ပါတယ်။ ဖြစ်နိုင်ရင ကုန်ပစ္စည်းအကြောင်းကို အသေးစိတ်အကျဉ်းချုံးပြီး ပြန်လည်ရေးသားပေးတာမျိုး၊ နောက်ထပ်သိရှိနိုင်ဖို့အတွက် စုံစမ်းမေးမြန်းဖို့ ဖိတ်ခေါ်ခြင်းတွေကလည်း ကိုယ့်ကြော်ငြာကို ပိုမိုထိရောက်စေပါလိမ့်မယ်။ စာဖတ်သူအတွက် မျက်စိပသာဒဖြစ်စေဖို့နဲ့ ဖတ်ရလွယ်ကူစေဖို့ စာပိုဒ်ခွဲခြင်း၊ emoji လေးတွေ သင့်တော်သလို ထည့်ပေးခြင်းတွေက ဖတ်ချင်စိတ်ဖြစ်စေပါတယ်။ စာလုံးပေါင်းသတ်ပုံနဲ့ စာကျန်ခဲ့တာတွေ မရှိစေဖို့ ပြန်လည်စစ်ဆေးတာမျိုးကိုလည်း သေချာ‌ပေါက် အချိန်ယူပြီးလုပ်ပေးသင့်ပါတယ်။ ကုန်ပစ္စည်းအကြောင်းကို video content တွေ ဖန်တီးနိုင်မယ်ဆိုရင်လည်း သင့်ကြော်ငြာအတွက် ရလဒ်ကောင်းရှိဖို့အတွက် ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီအချက်တွေကို လိုက်နာရင်း ကြော်ငြာတစ်ခုကို ကိုယ်ကိုယ်တိုင် ကြီးကြပ်ဖန်တီးပြီး တစ်ခြားကြော်ငြာတွေရဲ့ စွမ်းဆောင်ရည်နဲ့ တိုက်ဆိုင်လေ့လာကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ စနစ်တကျဖန်တီးထားတဲ့ စာသားရှည်ကြော်ငြာရဲ့ ထိုးဖောက်နိုင်စွမ်းကို မြင်တွေ့ရမှာအသေအချာပါ။

Ref; Digital Evolve Myanmar
Myanmar Advertising Directory

 

Read times
Rate this item
(0 votes)