-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာအတွက် Content Video လုပ်ဖို့အသံသွင်းတော့မယ်ဆိုရင်...

ကြော်ငြာအတွက် Content Video လုပ်ဖို့အသံသွင်းတော့မယ်ဆိုရင်... Google

ဆိုရှယ်မီဒီယာပေါ်မှာ ကိုယ့်ရဲ့လုပ်ငန်းကိုကြော်ငြာမယ်ဆိုရင် ကြော်ငြာရှင်အများစုဟာ လူအများစိတ်ဝင်စားမယ့် Content မျိုးဖြစ်ဖြစ်၊ Video လေးတွေနဲ့ဖြစ်ဖြစ် ကြော်ငာလေ့ရှိပါတယ်။

ကြည့်ရှုသူတွေအတွက်ကြတော့ Content လိုမျိုးစာတွေအရှည်ကြီးဖတ်ရတာထက်စာရင် Video လေးတွေကြည့်ရှုရတာကိုပိုသဘောကျတတ်ပါတယ်။ ဒီနေရာမှာ ကြောငြာလုပ်ငန်းတစ်ခုအတွက် Video တစ်ခုပြုလုပ်ပြီးကြော်ငြာတော့မယ်ဆိုရင် Recording Studio တွေများလွန်းလို့ ဘယ် Studio ကိုရွေးချယ်ရမလဲမသိဖြစ်နေတက်ပါတယ်။ Content Video တစ်ခုပြုလုပ်တော့မယ်ဆိုရင် များသောအားဖြင့်မိမိရဲ့ အသံ(Vocal) ကို Recording လုပ်ဖို့အတွက်များပါတယ်။ မိမိရဲ့အသံကို Recording လုပ်ဖို့ ဘာတွေကိုစဉ်းစားရွေးချယ်သင့်တယ်ဆိုတာကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

(၁) Microphone

Microphone Brand တွေ၊ Model တွေအများကြီးရှိကြပေမယ့် အသံထွက် Frequency Respond ကတော့မတူကြပါဘူး။ အသံထွက်ရှင်းပြီး ထွက်လာသမျှ Frequency တိုင်းပြည့်ဝစွာဖမ်းယူနိုင်တဲ့ Microphone ဖြစ်ဖို့လိုပါတယ်။

(၂) Audio Interface ( Sound Card )

Audio Interface တိုင်းမှာ Pre Amp ပါပါတယ်။ တစ်ချို့Studio တွေကတော့ Pre Amp ကို သီးသန့်ထားရှိပါတယ်။ Audio Interface ရဲ့ Input လိုင်းအနည်းအများပေါ်မူတည်ပြီး အမျိုးမျိုးရှိပါတယ်။ Vocal သွင်းရုံလောက်ကတော့ 1Mic Input ဆိုရပါတယ်။ Mixer ကိုလည်းအသုံးပြုကြပါတယ်။ အဲဒီမှာကြည့်ရမှာကထွက်လာတဲ့ အသံ Quality ပါ Mixer ကြီးတိုင်းလည်းမကောင်းတတ်သလို 1track 2 track နဲ့ဖမ်းပြီး ကောင်းတာတွေလဲရှိပါတယ်။

Read More>>> ကြော်ငြာတစ်ခုမှာ ကုန်ပစ္စည်းရဲ့တန်းဖိုးကိုပြသနိုင်ဖို့ စဉ်းစားသင့်တဲ့အချက်များ

(၃) Main Monitor

Control ခန်းက Monitor Speaker ကလဲ အရေးကြီးပါတယ်။ ကိုယ်ပြောလိုက်တဲ့ အသံကိုအမှန်ပြန်ကြားနိုင်တဲ့ Monitor ဖြစ်ဖို့လိုပါတယ်။

(၄) Tracking Engineer

ကိုယ့်ရဲ့အသံကိုဖမ်းပေးတဲ့ Engineer လဲအရေးကြီးပါတယ်။ စိတ်ရှည်ပြီးမှန်ကန်တဲ့ အသံအရည်အသွေးရဖို့ကသူ့အပေါ်အများကြီးမူတည်ပါတယ်။

(၅)အခန်းအပြင်အဆင်

အခန်းအပြင်အဆင်ကတော့ Studio ရဲ့အသံ Quality နဲ့မဆိုင်ပါဘူး။ ကျယ်ဝန်းပြီးသက်သက်ရပ်ရပ်ပိုရှိလေ ပိုကောင်းလေပါပဲ။

(၆) ဈေးနှုန်း

လက်ရှိဈေးကွက်ထဲမှာ Studio အတွင်းအသုံးပြုထားတဲ့ ပစ္စည်းတွေနဲ့ဈေးနှုန်းကတော့ အမျိုးမျိုးရှိပါတယ်။ သူ့ Quality နဲ့ သူ့ဈေးကတော့အားလုံးအဆင်ပြေကြပါတယ်။ အနည်းဆုံး(၂)နာရီ (၃)နာရီယူရတဲ့ Studio တွေရှိသလို ကိုယ်လိုသလောက်အနည်းဆုံးတစ်နာရီမှစတင်ယူလို့ရတဲ့ Studio တွေလဲရှိပါတယ်။

Source; studioxrecords

 

Read times
Rate this item
(1 Vote)