-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်ရဲ့ Blog တွေအတွက် ခေါင်းစဉ်ရွေးချယ်မယ်ဆိုရင်

သင့်ရဲ့ Blog တွေအတွက် ခေါင်းစဉ်ရွေးချယ်မယ်ဆိုရင် Google

Blogging ဝက်ဘ်ဆိုက်ခေါင်းစဉ်နှင့် Domain အမည်ကိုရွေးချယ်တဲ့အချိန်မှာကိုယ့်ရဲ့ Passion, Talent ကိုသိဖို့ လိုအပ်ပါတယ်ပြီးရင် Market အခြေနေကိုလည်းသိဖို့လိုအပ်ပါတယ်။

Passion စိတ်အားထက်သန်မှု

ကိုယ့်ကိုယ်ကိုယ်ရွေးချယ်ထားတဲ့ Domain Name အတွက် စိတ်အားထက်သန်မှုရှိဖို့လိုအပ်ပါတယ်။ ကိုယ့်ရွေးချယ်ထားတဲ့ Domain Name ကို စိတ်အားထက်သန်မှု (passion) မရှိဘဲ ဈေးကွက်အခွင့်အလမ်းရှိလို့ ပိုက်ဆံရခြင်လို့ blogging website ကို လုပ်တယ်ဆိုရင် တိုးတက်နိုင်သလောက်မတိုးတက်နိုင်ပါဘူး။ ပြောချင်ဒါက ကိုယ့်လုပ်တဲ့အလုပ်အပေါ် စိတ် ထက်သန်ပြင်းပြမှု(passion) ရှိရမယ် ပြီးရင်နေ့စဉ် နေ့တိုင်းလေ့လာပြီး ဖက်ချင်တဲ့စာအကြောင်းအရာတွေ လုပ်ချင်တဲ့အရာများနဲ့ ပတ်သက်ခဲ့တဲ့ Blogging Website အတွက် Domain Name ကို ရွေးချယ်ထားဒါပိုပြီးကောင်းပါတယ်။

Market အရောင်းအဝယ်ဈေးကွက်

Blogging website ကို စီးပွားရေးလုပ်ငန်းအတွက် အမြတ်အစွန်းရချင်လို့လုပ်ချင်ရင် လူတွေလိုချင်တဲ့ပစ္စည်းတစ်ခုခုကို လုပ်ပေးနိုင်ရန်ကြိုးစားဖို့လိုအပ်ပါတယ။် (People Demand) မရှိဘူးဆိုပါက မည်သည့်ထုတ်ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတွေရနေပါစေ ရောင်းချလိမ့်မည်မဟုတ်ပါ။ Blogging Website ကိုလုပ်မယ်ဆိုရင် အရာင်းအဝယ်ဈေးကွက်ကို လေ့လာသိရှိဖို့ အရေးကြီးဆုံးနဲ့ အလိုအပ်ဆုံးဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်မှာ ကိုယ့်ကရေးသားရမယ့် စာနဲ့ရောင်းရမဲ့ကုန်ပစ္စည်းများကို လူတွေကလိုချင်တဲ့ပစ္စည်းများဖြစ်သလား၊ လူတွေကကြိုက်တဲ့အရာနဲ့ လူတွေကဝယ်နိုင်သလား ပြီးရင်နေ့စဉ်နေ့တိုင်း လူတွေလိုအပ်တဲ့အရာဖြစ်သလားဆိုတာ ဈေးကွက်(market) မှာ research လုပ်ဖို့ လိုအပ်ပါတယ်။

Talent

Blogging website မှာ ရေးရမယ့်အကြောင်းအရာကို ကျွမ်းကျင်မှုနဲ့ talent ရှိဖို့လိုအပ်ပါတယ်။ သင်ဟာကားအကြောင်းကို ရေးဖိုအသည်းအသန်(passionate)ရှိတယ် ဆိုပါစို့ ပြီးရင်ကားများနဲ့ ပတ်သက်တဲ့အကြောင်းအရာတစ်ခုကို ရေးဖို့ဈေးကွက်(market)မှာ အခွင့်အရေးရှိလို့ ကားအကြောင်းကိုရေးတယ် ဒါပေမယ့် ကားအကြောင်းအရာရေးဖို့ ကျွမ်းကျင်မှုနဲ့ဖန်တီးနိုင်မှုမရှိဘူးဆိုရင် ရှေ့ဆက်ရေးနိုင်မှာမဟုတ်ပါဘူး။

passion, talent, market တို့ဟာ အကြောင်းအရာဈေးကွက်ရှာဖွေရေး blog website အတွက် အရေးကြီးဆုံးအရာဖြစ်ပါတယ်။

Read More>>> ထိရောက်တဲ့ Text Ads တစ်ခုလုပ်ဆောင်ဖို့ ဘာတွေလိုအပ်လဲ

Source; Myanmar Online Marketing

 

Read times
Rate this item
(0 votes)