-->
×

Warning

JUser: :_load: Unable to load user with ID: 29


နံရံဆေးခြယ်ဆိုင်းဘုတ်လျှောက်ထားရာတွင် လိုအပ်ချက်များ

(က) ဥက္ကဌ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီသို့လည်းကောင်း၊ ဌာနမှူး၊ စီမံရေးရာဌာနသို့လည်းကောင်း လိပ်မူလျှောက်ထားရပါမည်။ လျှောက်ထားသူ၏ အမည်၊ နိုင်ငံသားအမှတ်၊ ရာထူး၊ ကုမ္ပဏီ/လုပ်ငန်း၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ် ပြည့်စုံစွာဖြည့်စွက်လျှောက်ထားရပါသည်။

(ခ) လျှောက်လွှာနှင့်အတူ MIC ခွင့်ပြုမိန့်(သို့မဟုတ်) ကုမ္ပဏီလိုင်စင်(သို့မဟုတ်)စည်ပင်သာယာလိုင်စင်(သို့မဟုတ်)ဝန်ကြီးဌာန/ ဌာနဆိုင်ရာတစ်ခုခု၏ လုပ်ငန်းလုပ်ကိုင်ကြောင်း အထောက်အထားများ ပူးတွဲတင်ပြရပါမည်။

 

(ဂ) လျှောက်ထားသူသည် အထက်အပိုဒ်(ခ)ပါ အထောက်အထားများစာရင်းတွင်ပါဝင်ခြင်းမရှိပါက သက်ဆိုင်ရာခွင့်ပြုသည့်သူ၏ ကိုယ်စားလှယ်လွှဲစာ ပူးတွဲတင်ပြရပါသည်။

 

(ဃ) စိုက်ထူတပ်ဆင်မည့် နေရာပြဓါတ်ပုံ(မတပ်ဆင်မီ လက်ရှိမြင်တွေ့ရပုံနှင့် တပ်ဆင်ပြီးမြင်တွေ့ရမည့်ပုံအား ကွန်ပျူတာဖြင့် ပြင်ဆင်၍ တင်ပြရန်) ကာလာဖြင့် တင်ပြရပါသည်။

 

(င) တပ်ဆင်မည့် ဒီဇိုင်းပုံအား ကာလာဖြင့်တင်ပြရပါသည်။

 

(စ) မိမိပိုင်သည့်(ခြံဝင်း၊ အဆောက်အအုံ) ဖြစ်ပါက ပိုင်ဆိုင်မှုမိတ္တူ တင်ပြရပါသည်။

 

(ဆ) မိမိပိုင်မဟုတ်သည့်(အဆောက်အအုံ) ဖြစ်ပါက မြေရှင်၊ အခန်းရှင်၏ခွင့်ပြုချက်မူရင်းနှင့် ၎င်းပိုင်ဆိုင်ကြောင်း အထောက်အထားမိတ္တူဖြင့် တင်ပြရပါသည်။

 

(ဇ) အထက်အပိုဒ်(က) မှ(ဆ)ပါ အထောက်အထားများပြည့်စုံပါက သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ခံအင်ဂျင်နီယာ(လမ်းနှင့်တံတား)၊ တာဝန်ခံအင်ဂျင်နီယာ(အဆောက်အအုံ) တို့ပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး၍ ဌာနသို့ပြန်လည်တင်ပြပါသည်။

 

(ဈ) မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၏ စစ်ဆေးတင်ပြချက်အပေါ် ခွင့်ပြုရန် သင့်မသင့် ဒုတိယဌာနမှူး၊ ဌာနမှူးထံ တင်ပြပါသည်။ လိုအပ်ပါက ကော်မတီသို့ တင်ပြခြင်း၊EC တင်ပြခြင်းများ ဆောင်ရွက်ပါသည်။

 

(ည) ခွင့်ပြုပါက (စတုရန်းပေ ၃၀၀အောက်)တွင် ၁စတုရန်းပေလျှင် ၅၀၀ဝိ/ - နှုန်း၊ (စတုရန်းပေ ၃၀၀အထက်)တွင် ၁စတုရန်းပေလျှင် ၁၀၀၀ဝိ/- နှုန်းဖြင့် ခွင့်ပြုသည့်လမှစ၍ ဘဏ္ဍာရေးနှစ်ကုန်သည်အထိ တွက်ချက်ကောက်ခံပါသည်။

 

(ဋ) ဆိုင်းဘုတ်ခွန်များအား စီမံရေးရာဌာန၏ ငွေစာရင်းခေါင်းစဉ် ၂-၀၈-၀၃-၀၅ ဖြင့် လုပ်ငန်း/ ကုမ္ပဏီများကိုယ်တိုင် နီးစပ်ရာဧရာဝတီဘဏ်သို့ ပေးသွင်းရပါသည်။

 

နံရံဆေးခြယ်ဆိုင်းဘုတ်တင်ခွင့် လျှောက်ထားရန် - 

 

>> ဒီနေရာသို့နှိပ်ပါ <<<

 

YCDC 

Read times
Rate this item
(0 votes)