-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူတိုင်းကိုယ့် Product ကို ဝယ်ချင်လာအောင် ဘယ်လိုဖန်တီးမလဲ?

၂၀၀၀ ခုနှစ်လောက်တုန်းက Sony PlayStation 1 လေးကို တော်တော်လိုချင်ခဲ့တာ။

သူများတွေ ဆော့နေတာမြင်တော့ ကိုယ်လည်းဆော့ချင်တာသေမလိုပဲ။

အဲဒါနဲ့ မားသားဖားသားကြီးကိုအပူကပ်။

ဈေးကြီးတော့ မဝယ်ပေးချင်။

ဒါနဲ့ ကိုယ့်ရဲ့ ဗျူဟာအတိုင်း နေ့ရောညပါ အပူတိုက်တော့တာ။

နောက်ဆုံးမခံစားနိုင်တော့ မားသားကြီးက ဖားသားကြီးကို ဝယ်ပေးလိုက်ပါလို့ တွန်းပေးတယ်။

သုံးလေးရက်နေတော့ ကစားရပြီလေ။

လိုချင်တဲ့အချိန်ကနေ ဝယ်ပေးခံရတဲ့အချိန်ထိ စုစုပေါင်း ကြာချိန် တစ်လခွဲ။

၂၀၁၄ ခုနှစ်မှာ Xbox 360 ဝယ်တယ်။

ဒီတစ်ခါ ဂိမ်းစက်ဝယ်တာက ၂၀၀၀ ခုနှစ်ကဝယ်တာနဲ့ ပုံစံမတူဘူး။

၂၀၀၀ ခုနှစ်တုန်းက ဂိမ်းစက်ဝယ်တော့ လိုချင်တာက ကိုယ်တစ်ယောက်တည်း၊ ကစားချင်တာကလည်းကိုယ်တစ်ယောက်တည်း။

အခု Xbox ဝယ်တဲ့အချိန်ကျတော့ ပုံစံပြောင်းသွားတယ်။ Xbox က Kinect ဆိုတာပါတယ်။

အဲဒါက လှုပ်ရှားမှုနဲ့ ဂိမ်းဆော့ရတာ။

ဘိုးလင်းပစ်တာတို့၊ ကတာတို့၊ လေ့ကျင့်ခန်းလုပ်တာတို့ အဲဒါတွေအကုန်ပါတယ်။

တခြားဂိမ်းတွေလည်းဆော့လို့ရတာပေါ့။ ဒီတော့ ကစားမယ့်သူက ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး။ မေမေလည်း အိမ်မှာနေရင်း လေ့ကျင့်ခန်းလုပ်ဖြစ်မယ်။

ဖားသားကြီးလည်း ဘိုးလင်းပစ်တာတို့၊ တင်းနစ်ရိုက်တာတို့ကို လှုပ်ရှားရင်းကစားလို့ရတယ်။

ကျွန်တော်လည်း Hi-tech ဂိမ်းတွေကစားလို့ရတယ်။

အပျင်းလည်းပြေတယ်၊ ကိုယ်လက်လှုပ်ရှားမှုလည်းရတယ်ဆိုတော့ အကုန်လုံး မြန်မြန်ဆန်ဆန်ဝယ်ဖို့သဘောတူကြတယ်။

ပိုက်ဆံကိုယ်တာနဲ့ထည့်တယ်။ နောက်နေ့ဝယ်လိုက်တယ်။

လိုချင်တဲ့အချိန်ကနေ ဝယ်တဲ့အချိန်ထိ စုစုပေါင်းကြာချိန် နှစ်ရက်။

ပင်လယ်ပြာစီးပွားရေးဗျူဟာရဲ့ အဆိုတစ်ချက်မှာ ဝယ်သူအဆင့်သုံးဆင့်ရှိတယ်။

- တကယ်သုံးမယ့်သူ

- ဝယ်ပေးမယ့်သူ

- ဝယ်ပေးတဲ့သူကို လွှမ်းမိုးတဲ့သူ

ပစ္စည်းတစ်ခုခုကို ဝယ်ဖို့ဆိုရင် သုံးမယ့်သူက လွှမ်းမိုးတဲ့သူကို တွန်းအားပေးရတယ်၊ လွှမ်းမိုးတဲ့သူက ဝယ်ပေးမယ့်သူကို ဆက်တွန်းပေးရတယ်။

တစ်ခုခုမှာကြာနေတာနဲ့ ပစ္စည်းကိုဝယ်ယူသုံးစွဲဖို့က ကြာနေမှာပဲ။ ဝယ်ဖြစ်ဖို့လည်း နည်းနိုင်တယ်။ ဥပမာက ပထမ Playstation 1 ကိုဝယ်ဖို့အတွက်ကြာတဲ့ပုံစံပေါ့။

ဒါကိုဖြေရှင်းဖို့အတွက်က ပစ္စည်းတွေကို သုံးစွဲမယ့်သူတစ်ယောက်တည်းမဟုတ်တော့ဘဲ အုပ်စုအကုန်လုံး နှစ်ခြိုက်မယ့် သုံးစွဲလို့ရမယ့် ပစ္စည်းမျိုးကိုထုတ်ရမယ်။

ပြောင်းလဲယူရမယ်။ ဒါဆိုရင် အဆင့်သုံးဆင့်ကို တစ်ဆင့်ချင်းစီသွားနေစရာမလိုတော့လို့ အချိန်မြန်တယ်။ ဝယ်ဖြစ်ဖို့များတယ်။ ဥပမာက ဒုတိယတစ်ခါ Xbox 360 ဝယ်တဲ့ပုံစံမျိုးပေါ့။

ဒီပုံစံကို Xbox ကအရင်လုပ်တာတော့မဟုတ်ဘူး။ Nintendo Wii က အရင်လုပ်တာ။ ဒါမျိုးကို ကိုယ့်လုပ်ငန်းမှာလည်းအသုံးချနိုင်တယ်။

အုပ်စုတစ်ခုတည်းကို ဦးတည်လုပ်နေတာကနေ ကိုယ့်ဝန်ဆောင်မှု ဒါမှမဟုတ် ထုတ်ကုန်ကို အုပ်စုတွေအကုန်လုံးက လိုချင်သုံးစွဲလာအောင် လုပ်ရတယ်။ ပေးတဲ့မက်ဆေ့ချ်တွေ၊ ထုတ်ကုန်ရဲ့ပုံစံတွေ၊ အသုံးပြုလို့ရတဲ့အနေအထားတွေကို ပြောင်းလဲယူပစ်ရတယ်။

ဥပမာဆို အခုနောက်ပိုင်း ကလေးကစားစရာဆိုတာတွေက လူကြီးတွေပါ ကစားလို့ရတာတွေများလာတယ်။

သဘောကျစရာလေးတွေဖြစ်လာတယ်။ ဒီတော့ မြန်မြန်ဝယ်ဖြစ်သွားတာပေါ့ဗျာ...

thureinhalingwin

Read times
Rate this item
(0 votes)